Hay Htoo
အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု UNFC သံသယရှိ
အောက်တိုဘာလ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာအစိုးရက တဖက်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ လုပ်ဆောင်ပြီး တဖက်တွင် ထိုးစစ်ဆင်မှုများ ဆင်နွှဲနေခြင်းမှာ သံသ ယများစွာ ဖြစ်စေသည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ပြောသည်။
သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး စကားပြောရန် ဖိတ်...
သျှမ်းတောင်ပိုင်းတပ်မတော် အစိုးရနှင့် တွေ့ဆုံမည်ကို မြောက်ပိုင်းတပ်မတော်က အကောင်းမြင်
အောက်တိုဘာလ ၈ရက်။ စောခါးစူး (ကေအိုင်စီ)
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံသည့် သျှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S)ကို သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်တပ်မတော်(SSPP/SSA)က အကောင်းမြင်သည်ဟု ယနေ့ ပြောကြားလိုက်သည်။
SSA-S သည် ယမန်နေ့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြောကြားပြီးနောက် သျှမ်းမြောက်ပိုင်းဘက် က အကောင်းမြင်ကြောင်း...
MSF လုပ်ငန်းစဉ် ရပ်ဆိုင်းမှုကြောင့် ကုသခံဆဲလူနာများ အခက်အခဲဖြစ်နေ
အောက်တိုဘာလ ၈ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
နယ်စည်းမခြားဆရာဝန်များအဖွဲ့-MSF (Medecins Sans Frontieres) က ထိုင်းနိုင်ငံ စံခလပူရီခရိုင်ရှိ ဘုရားသုံးဆူဒေသ၌ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စက်တင်ဘာလကုန်မှစ၍ ရပ်ဆိုင်းလိုက်သဖြင့် ဆေးကုသမှု ခံယူနေဆဲ လူနာများမှာ အခက်အခဲ ဖြစ်နေရသည်။
ထိုအခြေအနေကို အဆုတ်တီဘီပိုး ကူးစက်ခံသူများအား အိမ်တိုင်ရာရောက်...
မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံဆွေးနွေးခဲ့
အောက်တိုဘာလ ၇ရက်။ နန်းသူးလေ (ကေအိုင်စီ)
မွန်ပြည်သစ်ပါတီ-NMSP သည် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင် ဦးဆောင်သည့်အ ဖွဲ့နှင့် ရေးမြို့ခလရ(၆၁) တပ်ရင်းဧည့်ဂေဟာတွင် ယမန်နေ့က တွေ့ဆုံဆွေးနွေခဲ့သည်။
မြန်မာအစိုးရအား တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုများကို ညီညွှတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့်သာ တိုက်ရိုက်တွေ့ဆုံဆွေးနွေးသွားရန်...
ကမ္ဘာ့ဆရာများနေ့မှ စံပြဆရာများနေ့သို့
အောက်တိုဘာလ ၇ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကမ္ဘာ့ဆရာများနေ့နဲ့အတူ ရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများရဲ့ ညီလာခံကျင်းပမယ့် မဲဆောက်မြို့ CDC ကျောင်းဝင်းထဲ ဝင် လိုက်တာနဲ့ “Teachers for Gender Equality”လို့ တစ်ဘက်တစ်ချက်စီမှာ ကပ်ထားတဲ့ စာတမ်းကို အခမ်းအနား ကျင်းပ မယ့် စင်မြင့်ပေါ်မှာမြင်ရတော့ အနားက...
ရွာသားများအား စစ်တပ်လမ်းပြ အဖြစ် ခေါ်ယူအသုံးပြုနေ
အောက်တိုဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသတွင် ယမန်နေ့က ချုံခိုတိုက်ခိုက်ခံခဲ့ရသည့် အစိုးရစစ်တပ်သည် ယနေ့မနက်တွင် ဒေသခံ ရွာသား ၁၆ဦးအား လမ်းပြအဖြစ် ခေါ်ယူအသုံးပြုနေသည်ဟု ဒေသခံများက ပြောသည်။
ဘုရားသုံးဆူ အခြေစိုက် အမြောက်တပ်ဖွဲ့နှင့် ခမရ(၅၄၃)တပ်ရင်းတို့သည် ယမန်နေ့က တပ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး နို့ချိုး နှင့်...
ရှေ့တန်းမလိုက်လို၍ ဟန်ဆောင်ဗုံးဖောက်ခွဲ
အောက်တိုဘာလ ၇ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်စန်ဂိုဒေါင်ရွာ၌ တနလာင်္နေ့ညက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုမှာ ဟန်ဆောင်ဖောက်ခွဲ ခြင်းသာဖြစ်ကြောင်း ဒေသပြည်သူ့စစ်များနှင့် နီးစပ်သူများက ပြောသည်။
ဒေသခံ ဦးဆမ်နော်အောင်က “ဗုံးပေါက်တော့ ကျနော်က ဆိုင်ကယ်နဲ့ဖြတ်လာတာ။ ၁၁နာရီခွဲလောက်ရှိပြီးဗျ။ စစချင်း ဘာ မှန်းမသိဘူး လန့်သွားတာ။ နားကို...
လူထုဆန္ဒ အလေးထားက ကောင်းကျိုးချမ်းသာရမည်သာ
အယ်ဒီတာ့အာဘော်
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ကာလအတွင်း လူထုဘက်မှ တောင်းဆိုသည့် လွှတ်တော်ကိုယ်စား လှယ်များကြောင့် ပြေလျော့သည့် ပြောင်းလဲမှုအချို့ကို တွေ့မြင်ရသည်။ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်း အတည်ပြုမှု၊ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ သဝဏ်လွှာပေးပို့မှု စသည်တို့ပင် ဖြစ်သည်။
အစိုးရသစ်...
ရွှေဂက်(စ်)ကိုလည်း ဧရာဝတီလို ရပ်တန့်ပေးရန် တောင်းဆို
အောက်တိုဘာလ ၆ရက်။ (ကေအိုင်စီ)
ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်တန့်ထားမည်ဟု သမ္မတကြီး၏ ကြေညာချက် ထွက်ပေါ်လာ ပြီးနောက် ရွှေဂက်စ် ရေနံနှင့် သဘာ ဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကိုလည်း ရပ်တန့်ပေးရန် ရွှေဂတ်(စ်)လှုပ်ရှားမှုအဖွဲ့က တောင်း ဆိုသည့် ကြေညာချက် ယနေ့ ထုတ်ပြန်လိုက်သည်။
ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က “ပြည်သူတွေက...
တပ်ပြောင်းလဲချိန် အစိုးရစစ်တပ် ချုံခိုတိုက်ခိုက်ခံရ
အောက်တိုဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ၌ ယနေ့နံနက်တွင် တပ်အပြောင်းအလဲ ပြုလုပ်နေသော အစိုးရ စစ်တပ်အား ကရင်ပူးပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၂ဦးသေဆုံးကာ ၂ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့နံနက် ၉နာရီ ၁ဝမိနစ်ခန့်တွင် ဘုရားသုံးဆူရှိ အမြောက်တပ်ဖွဲ့ကို...





