Home ဆောင်းပါး ကမ္ဘာ့ဆရာများ‌နေ့မှ စံပြဆရာများ‌နေ့သို့

ကမ္ဘာ့ဆရာများ‌နေ့မှ စံပြဆရာများ‌နေ့သို့

3553
‌အောက်တိုဘာလ ၇ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကမ္ဘာ့ဆရာများ‌နေ့နဲ့အတူ ‌ရွှေ့‌ပြောင်း‌ဒေသ ဆရာ၊ဆရာမများရဲ့ ညီလာခံကျင်းပမယ့် မဲ‌ဆောက်မြို့ CDC ‌ကျောင်းဝင်းထဲ ဝင် လိုက်တာနဲ့ “Teachers for Gender Equality”လို့ တစ်ဘက်တစ်ချက်စီမှာ ကပ်ထားတဲ့ စာတမ်းကို အခမ်းအနား ကျင်းပ မယ့် စင်မြင့်‌ပေါ်မှာမြင်ရ‌တော့ အနားက လုပ်အား‌ပေး‌နေတဲ့ ‌ကျောင်းသားတစ်‌ယောက်ကို လှမ်း‌မေးမိတယ်။
ဒီနှစ် (၅)ကြိမ် ‌မြောက်‌ဆောင်ပုဒ်တဲ့။ ‌ကျောင်းဝင်းထဲ‌ရောက်‌နေတဲ့သူ‌တွေကို လှမ်းကြည့်လိုက်တာနဲ့ Gender ညီ‌နေတယ်ဆို တာ သိလိုက်ရတယ်။

ဆရာ၊ဆရာမများ ခမ်းမထဲ ‌နေရာမယူမှီ အဆာ‌ပြေစားဖို့ စီစဉ်ထား‌ကြောင်း အခမ်းအနားမှူးက အသံချဲ့စက်နဲ့ နှိုး‌ဆော်‌နေသံ ကို ကြားရပါတယ်။ လက်မှတ်ထိုးတဲ့‌နေရာမှာလည်း ၃‌နေရာထိုး‌ပေးကြဖို့နဲ့ ဆရာ၊ဆရာမများ ကိုင်‌ဆောင်ထားတဲ့ ကဒ်ပြား‌တွေ ဟာ ဘာအမျိုးအစားလဲဆိုတာပါ ဖြည့်‌ပေးဖို့ အခမ်းအနားမှူးက အကြိမ်ကြိမ် သတိ‌ပေး‌နေသံကိုလည်း ကြား‌နေရပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းက ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်း ၇၄‌ကျောင်းက ‌ရွေးချယ်ထားတဲ့ ‌ကော်မတီအဖွဲ့ဝင် ဆရာ၊ဆရာမ များကိုယ်တိုင် အခမ်းအနားအစီအစဉ်အတွက် လုပ်အား‌ပေး‌ခေါ်ထားတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေနဲ့ ဝင်ကူ‌နေတဲ့ မြင်ကွင်း ကို ကြည်နှူးဖွယ် ‌တွေ့လိုက်ရတယ်။

ဒီပွဲကို စီစဉ်တဲ့အဖွဲ့က‌တော့ ‌ရွှေ့‌ပြောင်းဆရာ၊ဆရာမများအစည်းအရုံး(Burma Migrant Teacher Association-BMTA)ဖြစ် ပြီး ‌ငွေ‌ကြေးပံ့ပိုး‌ပေးတဲ့အဖွဲ့‌တွေက‌တော့ World Education နဲ့ Local Community Based Organizations-CBOs ဖြစ်ပါ တယ်။ ဆရာ၊ဆရာမ‌တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နှုတ်ဆက်‌နေကြတဲ့ အသံ‌တွေကလည်း ‌သော‌သောညံ ထွက်‌ပေါ်‌နေပါတယ်။

ကမ္ဘာ့ဆရာများ‌နေ့ အခမ်းအနား စစချင်းမှာ နှုတ်ခွန်းဆက်စကား‌ပြောတဲ့ ဆရာမကြီး ‌ဒေါက်တာစင်သီယာ‌မောင်က “‌ရွှေ့ ‌ပြောင်း‌ကျောင်းများမှာ ‌ဆောင်ရွက်‌နေရတဲ့ ဆရာ၊ဆရာမ‌တွေဟာ ခက်ခဲတဲ့ အ‌ခြေအ‌နေ‌တွေ၊ အထူးသဖြင့် မိဘ‌တွေနဲ့ ခွဲခွာ‌နေ ရတဲ့က‌လေး‌တွေ၊ စစ်‌ဘေးဒဏ်‌ကြောင့် ‌ရောက်လာတဲ့ က‌လေး‌တွေအတွက် ‌ဆောင်ရွက်ရာမှာ စိန်‌ခေါ်မှု‌တွေ ‌တွေ့ကြုံရမယ်ဆို တာ သိပါတယ်။ ‌နေရာထိုင်ခင်းကအစ လုံခြုံ‌ရေး၊ ကျန်းမာ‌ရေး‌တွေကို တာဝန်ယူရပါတယ်။ ဒီနှစ်‌ဆောင်ပုဒ်အရ ဆရာ၊ဆရာမ ‌တွေကလည်း က‌လေး‌တွေကြားမှာ ဖြစ်လာမယ့် လိင်ခွဲခြားမှုပြဿနာများကို ‌ဖြေရှင်း‌ပေးရမှာဖြစ်ပါတယ်။ လိင် မခွဲခြားတာဟာ နိုင်ငံရဲ့ တိုးတက်တဲ့ စံချိန်စံညွှန်းကို ပြတာပါ။”လို့ ‌ပြောပါတယ်။

‌ရွှေ့‌ပြောင်းနယ်‌မြေတစ်ခုလုံးကို တစိုက်မတ်မတ်နဲ့ ‌ဆောင်ရွက်‌ပေး‌နေတဲ့ အလှူရှင်ဖြစ်တဲ့ World Education & Local CBOs က ဆရာဂရက်ကလည်း ပရိဿတ်အားလုံးကို ခဏ‌လောက် မျက်စိမှိတ်‌ပေးပြီး ငယ်ငယ်က ကိုယ့်ကိုသင်ခဲ့တဲ့ ဆရာတစ် ‌ယောက်ကို မြင်‌ယောင်ကြည့်‌ပေးဖို့ ‌တောင်းဆို‌တော့ အားလုံး စိတ်လှုပ်ရှားစွာနဲ့ မျက်စိမှိတ်ကြတာကို ‌တွေ့ရပါတယ်။ ဘဝမှာ စံထားစရာ ဆရာများကို မြင်‌ယောင်‌နေ‌ကြောင်းလည်း ဆက်‌ပြောပါတယ်။

“ဆရာ၊ဆရာမ‌တွေဟာ က‌လေး‌တွေကို သက်‌သေ‌ထောက်အထား ခိုင်လုံစွာနဲ့ သင်ကြားဖို့နဲ့ ရိုးရာမြတ်နိုးတတ်‌အောင် သင်‌ပေး ဖို့၊ စာသင်ရာမှာ ‌ပျော်ရွှင်‌အောင် သင်ကြားဖို့လည်း လိုပါတယ်။ တက်ကြွပြီး မြင့်မြတ်တဲ့ ဆရာ၊ဆရာမ‌တွေကို က‌လေး‌တွေက ဘယ်‌တော့မှ မ‌မေ့ပါဘူး။”

အဲဒီ‌နောက်မှာ တာ့ခ်ခရိုင် ပညာ‌ရေးမှူးက ထိုင်းပညာ‌ရေးမှာ ထုတ်ပြန်ထားတဲ့ ဆရာ၊ဆရာမ‌တွေရဲ့ ကျင့်ဝတ်‌တွေနဲ့ တပည့် များအ‌ပေါ်မှာ ထားရှိရမယ့် ဝတ္တရားများကို ‌ပြောပြပါတယ်။ တပည့်များအ‌ပေါ်မှာ အကျိုးအမြတ်မယူဖို့နဲ့ ဂုဏ်ပြု‌လေးစားဖို့ကို အကျယ်တဝင့် ရှင်းပြပါတယ်။ တက်‌ရောက်လာတဲ့ ‌ဝှေးခလုတ်‌ကျောင်းမှ ဆရာတစ်ဦးက ဒီအချက်‌တွေကို သ‌ဘောကျ ‌ကြောင်း အခုလို ‌ပြောပါတယ်။

“ကျ‌နော်တို့ကို က‌လေး‌တွေက ‌စောင့်ကြည့်‌နေတာဗျ။ ‌ကျောင်းဟာ သူတို့ရဲ့ ဒုတိယအိမ်ဖြစ်သလို ဆရာဟာလည်း ဒုတိယ မိဘပဲဗျ။ အကျင့်တင် မဟုတ်ဘူး။ အမူအရာကအစ က‌လေး‌တွေ အတုယူတာ‌လေ။ မိဘဆိုတာ ဘယ်သားသမီး‌ပေါ်မှာမှ အကျိုးအမြတ် မယူပါဘူး။”

နိုင်ငံတကာမှာ‌တော့ ဒီလို‌နေ့မျိုး‌တွေမှာ ဆရာ၊ဆရာမ‌တွေကို တပည့်‌တွေက ပန်းစည်း၊ ပို့စကဒ်၊ ရုပ်ရှင်လက်မှတ်များ လက် ‌ဆောင်‌ပေး‌လေ့ရှိသလို စား‌သောက်ဆိုင်‌တွေမှာ လိုက်‌ကျွေးတာမျိုးလည်း လုပ်ကြပါတယ်။ ဆရာ၊ဆရာမ‌တွေကို အတန်း‌ဖော် ‌တွေစုပြီး ‌ဖျော်‌ဖြေ‌ရေးနဲ့ ဧည့်ခံသလို၊ ‌ပျော်ပွဲစား ထွက်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာက‌တော့ ‌နေ့ထူးတစ် ခုလို မသတ်မှတ်‌ပေမယ့် သီတင်းကျွတ်လမှာ‌တော့ ဆရာ၊ဆရာမ‌တွေကို လက်‌ဆောင်‌တွေနဲ့ ကန်‌တော့ကြပါတယ်။

UN ထုတ်ပြန်တဲ့စာထဲမှာလည်း စာမတတ်သူ အများဆုံးနဲ့ အချိန်မတိုင်ခင် ‌ကျောင်းထွက်ရတာဟာ မိန်းက‌လေးအများစုဖြစ်ပြီး သားကို ဦးစား‌ပေးရတာဖြစ်‌ကြောင်း၊ ဒါ‌တွေဟာ မိဘတင်မက နိုင်ငံမှာပါ တာဝန်ရှိတာဖြစ်‌ကြောင်း ‌ပြောပါတယ်။ ကမ္ဘာမှာ ဆရာဦး‌ရေ လိုအပ်ချက်ဟာ ၂သန်းရှိပြီး မလုံ‌လောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာ‌တွေ လုပ်ရမယ့်တာဝန်နဲ့ ရပိုင်ခွင့်မှာ ‌ထောက်ပံ့မှုအားနည်းချက်‌ကြောင့် တာဝန်များပြီး ရပိုင်ခွင့်နည်း‌နေတာကိုသိ‌ကြောင်း ဒါကို နိုင်ငံတကာက သိဖို့လို‌ကြောင်း ခက်ခက်ခဲခဲနဲ့ လုပ်‌နေကြတဲ့ ဆရာ၊ဆရာမ‌တွေကို ‌လေးစား‌ကြောင်း BMTA နာယကဆရာကြီး ‌ဒေါက်တာသိန်းလွင်က ‌ပြောပါ တယ်။

‌စေတနာ စာသင်‌ကျောင်းမှ ဆရာက “အခက်အခဲ‌တွေက‌တော့ ချပြရင် အများကြီးပါပဲ။ တချို့ဆို ‌ကျောင်းအ‌ဆောက်အဦးငှားခ အ‌ကြွေးတင်လိုတင်၊ တချို့လည်း ‌ဈေးချိုတဲ့‌နေရာ ‌ပြောင်းရပါတယ်။ ဆရာဦး‌ရေ မလုံ‌လောက်တာသိ‌ပေမယ့်လည်း ထပ်မခန့်ရဲ ဘူး‌လေ။”လို့ ‌ပြောပါတယ်။

အခမ်းအနားမှာ ဆရာ‌တွေကိုယ်တိုင် သူတို့စပ်ထားတဲ့ ကဗျာ၊ သီချင်း‌တွေနဲ့ အချင်းချင်း ဂုဏ်ပြုကြပြီး တက်‌ရောက်လာတဲ့သူ ‌တွေကလည်း လက်ခုပ်သံ‌တွေနဲ့ ဩဘာ‌ပေးကြရင်း အခမ်းအနားမှူးက ဆရာဆိုတာ တပည့်‌တွေကို အနုပညာအ‌မွေလည်း ‌ပေးရပါတယ်လို့ ထပ်ဆင့် ဂုဏ်ပြုလိုက်ပါ‌သေးတယ်။

ဒီအခမ်းအနားမှာ စိတ်ဝင်စားစရာ‌တွေထဲက တစ်ခုက‌တော့ BMTA ရဲ့ ‌ငွေ‌ကြေးရှင်းတမ်းပဲ ဖြစ်ပါတယ်။ ဒီရှင်းတမ်းကို ဘဏ္ဍာ ‌ရေးမှူး ဆရာမ စပယ်က BMTA ဟာ ၂နှစ်တာကာလမှာ ဘယ်အလှူရှင်ကိုမှ ဆက်သွယ်လို့မရ‌ကြောင်းနဲ့ ပြီးခဲ့တဲ့ ကမာ္ဘ့ဆရာ များ‌နေ့က ရရှိတဲ့ အလှူ‌ငွေ ၆၆,၀၆ဝဘတ်မှာ သုံးစွဲတာ ၆၇,၉၁ဝဖြစ်လို့ အ‌ကြွေး ၁,၈၅ဝ တင်တာကို ဆရာမစပယ်ကိုယ်တိုင် စိုက်သုံးထားတယ်လို့ ‌ငွေ‌ကြေးနဲ့ပတ်သက်ပြီး ပွင့်လင်းစွာ တင်ပြသွားပါတယ်။

ပွင့်လင်းမြင်သာရှိမှု‌တွေဟာ ‌ရှေ့ဆက်ဖို့ အ‌ကောင်းဆုံးလို့ အရုဏ်ဦး‌ကျောင်းက ဆရာမ‌လေးက တိုးတိုး ဆိုပါတယ်။

မဲ‌ဆောက်မြို့‌လေးရဲ့ ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေကို ကူညီ‌ပေး‌နေတဲ့ အလှူရှင်‌တွေကလည်း သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်‌တွေ၊ ပန်းတိုင်‌တွေနဲ့ သူတို့ ဘာ‌တွေလုပ်‌ပေး‌နေတယ်ဆိုတာကို ‌သေ‌သေချာချာ ရှင်းပြ‌ပေးပါတယ်။ က‌လေးတစ်‌ယောက်ချင်းစီမှာ တိကျတဲ့ ကိုယ်‌ရေးမှတ်တမ်း ရှိရမယ်။ ‌ကျောင်းဝင်‌ကျောင်းထွက် မှတ်တမ်းရှိရမယ်လို့‌ပြော‌တော့ တက်‌ရောက်လာတဲ့ ‌ဝှေးခ လုတ်‌ကျောင်းဆရာ‌လေးက “အခုမှ အစုံသိရတယ်ဗျာ”လို့ နံ‌ဘေးက အ‌ဖော်ကို လှမ်း‌ပြောလိုက်ပါတယ်။

BMTA မှာ ‌ရွှေ့‌ပြောင်း‌ကျောင်း ၇၄‌ကျောင်းက ကိုယ်စားလှယ်‌တွေနဲ့ အမှု‌ဆောင်‌တွေကို ဒီမိုက‌ရေစီကျကျ မဲစနစ်နဲ့ ‌ရွေးချယ် ထားပြီး‌တော့ အားလုံး ဝိုင်းဆွဲထားတဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ ဆရာ၊ဆရာမများရဲ့အကျိုးကို ‌ရှေးရှု‌ဆောင်ရွက်‌နေတာ ဖြစ် ပါတယ်။ မြန်မာ‌ရွှေ့‌ပြောင်း‌ဒေသ ဆရာ၊ဆရာမများ ၇၀၀‌ကျော်နဲ့ ဖွဲ့ထားတဲ့ အစည်းအရုံး(BMTA)ရဲ့ အ‌ရေး‌ပေါ်‌တောင်းဆိုချက် ကို ‌စေတနာ‌ကျောင်းက ဆရာဖိုးချိုက သူ့အသံ‌အောင်‌အောင်နဲ့ တင်ပြ‌တော့ အနည်းငယ်လှုပ်ရှား‌နေသူ‌တွေ ငြိမ်သွားပါတယ်။

“ကျ‌နော် ဒီ‌နေ့ လုပ်အား‌ပေးရင်းနဲ့ ‌တွေး‌နေတာပါ။ ငါတို့ ဆရာ၊ဆရာမ‌တွေဟာ ငါတို့အတွက် အခက်အခဲ‌တွေနဲ့ ‌နေ့တိုင်း ရင် ဆိုင်‌နေရပါလားလို့‌လေ။ ဆရာတစ်‌ယောက်က မျက်စိမှိတ်ပြီး ကိုယ်ငယ်ငယ်က ဆရာတစ်‌ယောက်ကို မြင်ကြည့်ပါဆို‌တော့ အ များကြီးပဲဗျ။ ‌ကျေးဇူးတင်စရာ ‌ကောင်းတာ‌တွေကြီးပဲဗျ။”လို့ ‌နေ့လည်စာပြင်‌နေတဲ့ ‌ဘော်ဒါ‌နေ ဆယ်တန်း‌ကျောင်းသားတစ်ဦး ရဲ့ အားရပါးရ‌ပြောသံကို တခြား‌ကျောင်းသား‌တွေက အပြုံးနဲ့ကြည့်‌နေတာ ကြည်နှူးဖွယ် ‌တွေ့လိုက်ရပါတယ်။

တကယ်‌တော့ ကမ္ဘာ့ဆရာများ‌နေ့ကို UNESCO က ၁၉၉၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်‌နေ့လို့ စပြီး မသတ်မှတ်ခင် ကမ္ဘာ့နိုင်ငံ ၁၀၀‌လောက်က ကျင်းပလာခဲ့တာပါ။ ကမ္ဘာမှာ စံပြဆရာ‌တွေလို့ သတ်မှတ်ခံထားရတဲ့သူ‌တွေထဲမှာ အဲလ်ဘတ်အိုင်းစတိုင်း၊ အိုက်ဇက်နျူတန်၊ အရစ္စတိုတယ်၊ ကွန်ဖျူးရှပ်နဲ့ အိုက်ဇက်နယူတန်တို့ ဖြစ်ပါတယ်။

‌နောက်ဆုံးမှာ ဆရာဂရက်‌ပြောတဲ့ “ဆရာ၊ ဆရာမဆိုတာ တပည့်‌တွေရဲ့ စံပြပါပဲ” ဆိုတဲ့စကားသံဟာ ‌ကျောင်းဝင်းတစ်ခုလုံး ပဲ့တင်ထပ်လို့ ‌နေပါ‌တော့တယ်။