Home ထိပ်တန်းသတင်း အစိုးရ၏ ငြိမ်းချမ်း‌ရေး ဖိတ်‌ခေါ်မှု UNFC သံသယရှိ

အစိုးရ၏ ငြိမ်းချမ်း‌ရေး ဖိတ်‌ခေါ်မှု UNFC သံသယရှိ

2025
‌အောက်တိုဘာလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာအစိုးရက တဖက်တွင် ငြိမ်းချမ်း‌ရေးဖိတ်‌ခေါ်မှုများ လုပ်‌ဆောင်ပြီး တဖက်တွင် ထိုးစစ်ဆင်မှုများ ဆင်နွှဲ‌နေခြင်းမှာ သံသ ယများစွာ ဖြစ်‌စေသည်ဟု ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ‌ပြောသည်။

သမ္မတ ဦးသိန်းစိန်ဦး‌ဆောင်သည့် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး စကား‌ပြောရန် ဖိတ် ‌ခေါ်မှုများ လုပ်‌ဆောင်သကဲ့သို့ စစ်‌ရေးအရလည်း ထိုးစစ် ပြုလုပ်‌နေခြင်းမှာ ‌စေတနာဖြူစင်စွာ ဖိတ်‌ခေါ်ခြင်း မဖြစ်နိုင်‌ကြောင်း “စစ်မှန်‌သော ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ အမြန်‌ပေါ်‌ပေါက်လာရန် ပြည်သူများနှင့် နိုင်ငံတကာသို့ ပန်ကြားချက်” အမည်ရှိ ‌ကြေ ညာချက်ကို UNFC က ယ‌နေ့ ထုတ်ပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် UNFC အတွင်း‌ရေးမှူး တာဝန်ယူထားသည့် နိုင်ဟံသာက “တကယ်လို့ ငြိမ်းချမ်း‌ရေးလိုချင်ရင် ထိုးစစ် ဆင်ဖို့ မလိုဘူးလို့ ကျ‌နော်တို့မြင်တယ်။ အခုက ‌တွေ့ဆုံဖို့ တဖက်က ကမ်းလှမ်းတယ်။ တဖက်က စစ်ဆင်‌ရေး လုပ်‌နေတယ်ဆို ‌တော့ ဒါက ဆန့်ကျင်ဘက်အလုပ်ကို တချိန်တည်းမှာ လုပ်‌နေ‌ပေါ့။ ဒါ တကယ်ငြိမ်းချမ်း‌ရေးကို လိုချင်တဲ့အဓိပ္ပါယ် မဟုတ်ဘူး လို့ ကျ‌နော်တို့မြင်တယ်။”ဟု ‌ပြောသည်။

၎င်းအပြင် ဦးသိန်းစိန်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများနှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရန် ကမ်းလှမ်းလာမှုတွင် အခြားရည်ရွယ်ချက်များရှိမရှိ ဆန်းစစ်ရန် လိုအပ်သလို အစိုးရအ‌နေဖြင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးလိုချင်ပါက တိုင်းရင်းသား ‌ဒေသများတွင် ထိုးစစ်ဆင်မှုအားလုံး တပြိုင်နက်တည်း ရပ်ဆိုင်းပြီး နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးအရ ‌ဖြေရှင်းနိုင်ရန် UNFC အ‌နေဖြင့် လိုလား‌ကြောင်း နိုင်ဟံသာက ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်‌နေ့က ပြည်‌ထောင်စု အစိုးရအဖွဲ့မှ ‌ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်း‌ရေးအတွက် ဖိတ်‌ခေါ်ကမ်းလှမ်းမှုသည် သမ္မတ ဦးသိန်းစိန် ဦး‌ဆောင်‌သော အစိုးရသစ်မှ တိုင်းရင်းသား စည်းလုံးညီညွှတ်‌ရေးကို တည်‌ဆောက်လို‌ကြောင်း ပြသခဲ့သည့် လက္ခဏာများဖြစ်‌ကြောင်း UNFC က ဆိုသည်။

အစိုးရသစ်၏ ငြိမ်းချမ်း‌ရေးကမ်းလှမ်းမှု လုပ်ငန်းစဉ်အတွင်း UNFC အဖွဲ့ဝင် သျှမ်းပြည်တပ်မ‌တော်‌မြောက်ပိုင်း SSA/SSPPနှင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ KIO/KIA တို့ကို လွန်ခဲ့သည့် လအနည်းငယ်မှစ၍ ယ‌နေ့အချိန်ထိ ပြင်းထန်စွာ ထိုးစစ်ဆင်‌နေ ခြင်း‌ကြောင့် ‌ဒေသခံများမှာ စစ်‌ပြေးဒုက္ခသည်အဖြစ် ထွက်‌ပြေး‌နေခဲ့ရသည်။

သမ္မတဦးသိန်းစိန် ဦး‌ဆောင်သည့် မြန်မာအစိုးရသစ်လက်ထက်တွင် ကချင်လွတ်လပ်‌ရေးအဖွဲ့ KIO/KIA၊ မွန်ပြည်သစ်ပါတီ NMSP၊ ဝပြည်‌သွေးစည်းညီညွှတ်‌ရေးတပ်မ‌တော် UWSA နှင့် မိုင်းလားအဖွဲ့ NDAA-ESS စသည့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးခဲ့ပြီး ဖြစ်သည်။

UNFC သည် ကချင်ပြည်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်‌ရေးပါတီ(SSPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်တိုးတက်‌ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စသည့် တိုင်းရင်း သားအဖွဲ့ ၆ဖွဲ့ဖြင့် အမာခံ ဖွဲ့စည်းထားသည်။