Home ထိပ်တန်းသတင်း သျှမ်း‌တောင်ပိုင်းတပ်မ‌တော် အစိုးရနှင့် ‌တွေ့ဆုံမည်ကို ‌မြောက်ပိုင်းတပ်မ‌တော်က အ‌ကောင်းမြင်

သျှမ်း‌တောင်ပိုင်းတပ်မ‌တော် အစိုးရနှင့် ‌တွေ့ဆုံမည်ကို ‌မြောက်ပိုင်းတပ်မ‌တော်က အ‌ကောင်းမြင်

1683
‌အောက်တိုဘာလ ၈ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေးအတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် မြန်မာအစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံသည့် သျှမ်းပြည်‌တောင်ပိုင်း တပ်မ‌တော် (SSA-S)ကို သျှမ်းပြည်တိုးတက်‌ရေးပါတီ/သျှမ်းပြည်တပ်မ‌တော်တပ်မ‌တော်(SSPP/SSA)က အ‌ကောင်းမြင်သည်ဟု ယ‌နေ့ ‌ပြောကြားလိုက်သည်။

SSA-S သည် ယမန်‌နေ့က အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် အဆင်သင့်ရှိ‌ကြောင်း ‌ပြောကြားပြီး‌နောက် သျှမ်း‌မြောက်ပိုင်းဘက် က အ‌ကောင်းမြင်‌ကြောင်း SSPP/SSA ‌ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှက ‌ပြောသည်။

၎င်းက “သူတို့(SSA-S နှင့် အစိုးရ) ‌တွေ့ဆုံ‌ဆွေး‌နွေးမယ့်ကိစ္စ ‌ကောင်းပါတယ်။ သ‌ဘောတူညီရခဲ့ရင်လည်း ကျ‌နော်တို့အတွက် ဘာမှ ထိခိုက်မှု မရှိနိုင်ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ မြန်မာအစိုးရက SSPP/SSA-N ကို ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် ကမ်းလှမ်းလာပါက လက်ခံမည်ဖြစ်‌သော်လည်း ညီ ညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (United Nationalities Federal Council-UNFC) မူအတိုင်း ပဏာမ အ‌နေဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမည်ဟု ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

ပြီးခဲ့သည့်လအတွင်း အစိုးရသည် သျှမ်းပြည်‌တောင်ပိုင်း နမ့်ဆန်မြို့နယ်တွင် အ‌ခြေစိုက်သည့် ဌာ‌နေပြည်သူ့စစ်အဖွဲ့နှင့် ဟိုမိန်းမြို့နယ်ခွဲရှိ ဌာနပြည်သူ့စစ်မှတဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် SSA-S ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး တက်လာသည့် အစိုးရသည် တိုင်းရင်းလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO၊ ဝပြည်‌သွေးစည်းညီညွှတ်‌ရေးတပ်မ‌တော်-UWSA၊ မိုင်းလားအ‌ခြေစိုက် အမျိုးသားဒီမိုက‌ရေစီမဟာမိတ်တပ်မ‌တော်-NDAAနှင့် မွန်ပြည်သစ်ပါတီ-NMSP တို့နှင့် ‌တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

‌တွေ့ဆုံပွဲများတွင် UWSA နှင့် NDAA တို့ သ‌ဘောတူညီများ ရရှိခဲ့ပြီး UNFC အဖွဲ့ဝင်များဖြစ်သည့် KIO၊ NMSP တို့နှင့်မူ သ‌ဘောတူညီမှုများ တစုံတရာ မရရှိခဲ့‌ပေ။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များကို ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ကမ်းလှမ်းမှုများ ပြုလုပ်‌နေ‌သော်လည်း ကချင်၊ သျှမ်းနှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား‌ဒေသများရှိ လက်နက်ကိုင်အဖွဲ့များအ‌ပေါ် ဆက်လက် ထိုးစစ်ဆင်‌နေဆဲဖြစ်သည်။

“အခု အစိုးရနဲ့ SSA-S ‌တွေ့ဆုံမယ့်ကိစ္စက ပဏာမပဲဆို‌တော့ ရှမ်းဘက်က အပစ်ခတ်ရပ်စဲ‌ရေးနဲ့ စစ်တပ်‌တွေ ရုပ်‌ပေးဖို့အဆင့် ပဲ ရှိမယ်။ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအဆင့်‌တော့ ‌ရောက်မှာ မဟုတ်‌သေးဘူး။”ဟု ဗိုလ်မှူးစိုင်းလှက သုံးသပ်‌ပြောဆိုခဲ့သည်။

SSPP/SSA သည် စစ်အစိုးရ ‌ရေးဆွဲသည့် ၂၀၀၈ ပုံဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်း‌ရေးကို လက်မ ခံသည့်အတွက် အစိုးရနှင့် ပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ကို ဆန့်ကျင်ကာ ပြီးခဲ့သည့်မတ်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး‌နောက် သျှမ်းပြည်‌တောင်ပိုင်း SSA-S နှင့် မဟာမိတ်အဖြစ် ပူး‌ပေါင်းခဲ့သည်။