Hay Htoo
ရေကြီးပြီးနောက်ပိုင်း စခန်းရှိ လူများ သွားလာရေး အခက်ကြုံနေဆဲ
အောက်တိုဘာလ ၆ရက်။ (ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် ပြီးခဲ့သည့်ရက်က ရေကြီးခဲ့ခြင်းကြောင့် တံတား ပျက်စီးမှုရှိကာ ယခုအချိန်တွင် ဒုက္ခသည်များမှာ စခန်းတွင်း သွားလာရန် အခက်အခဲ ကြုံတွေ့နေကြရသည်။
အောက်တိုဘာ ၂ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် စခန်းကို ဖြတ်သန်းစီးဆင်းနေသည့် မဲ့စရင်းချောင်း (မှိုင်းလုံးကြီးချောင်း)မှ ရေလျှံတက်လာပြီး...
မယ်လဒုက္ခသည်စခန်း ကမ္ဘာ့ဆရာများနေ့သို့ လူပေါင်းသောင်းချီ တက်ရောက်ခဲ့
အောက်တိုဘာလ ၅ရက်။ နန်းသူးလေ (ကေအိုင်စီ)
ယနေ့ ကျရောက်သည့် ၁၇ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ကို ထိုင်း- မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည် ဆရာ၊ဆရာမများအား ဂုဏ်ပြုသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စခန်းတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမ အပါအဝင် လူပရိဿတ် တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။
မယ်လစခန်းရှိ (Office...
ခမရ(၂၀၂) တပ်ဖွဲ့ဝင် ၁ဝဦးနီးပါး ကျဆုံး
အောက်တိုဘာလ ၄ရက်။ စောဖိုးမူး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ ဝင်များ၏ အဆက်မပြတ်သည့် ပြောက်ကျားတိုက်ခိုက်မှုများကြောင့် မြန်မာစစ်တပ် ခမရ(၂၀၂)တပ်ရင်းမှ တပ်သား ၄ဦး ကျဆုံးကာ ၃ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယနေ့နံနက် ၄နာရီအချိန် ကော့ကရိတ်မြို့အကျော် တောင်ပေါ်လမ်းတွင် တာဝန်ကျနေသော...
သံလွင်မြစ်ပေါ်ရှိ ရေကာတာများကိစ္စ စိတ်ဝင်စားကြရန် တိုက်တွန်းလျှက် ရှိနေ
အောက်တိုဘာလ ၄ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
မြစ်ဆုံဆည်စီမံကိန်းနည်းတူ သံလွင်မြစ်ရိုးတလျှောက် တည်ဆောက်နေသော ရေကာတာများအရေးကိုလည်း စိတ်ဝင်စားကြရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာနှင့် မြစ်ချောင်းလေ့လာစောင့်ကြည့်အဖွဲ့များက ယနေ့ ပြောသည်။
မြစ်ဆုံဆည်ကြောင့် လူပေါင်းတစ်သောင်းခန့် ပြောင်းရွှေ့ရနိုင်ပြီး ဆည်ကျိုးပါက မြစ်ကြီးနားမြို့ကိုပင် ရေလွှမ်းခံရမည် ဖြစ်သ လို သံလွင်မြစ်တွင်းရှိ အငယ်ဆုံးဖြစ်သည့် ဟတ်ကြီးရေကာတာကြောင့်ပင် ဒါဇင်ပေါင်း...
နိုင်ငံတကာရောက် မွန်အဖွဲ့နှင့် သဘောထား တထပ်တည်းရှိဟု NMSP ပြော
အောက်တိုဘာလ ၄ရက်။ စောခါးစူး (ကေအိုင်စီ)
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ပြည်ထောင်စု-UNFC အဖွဲ့ဝင်များမပါဘဲ အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံရန် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ-OMCC ၏ တိုက်တွန်းမှုသည် ၎င်းတို့ သဘောထားနှင့် တစ်ထပ်တည်းရှိသည်ဟု မွန်ပြည်သစ်ပါတီ-NMSP က ယနေ့ ပြောကြားလိုက်သည်။
“UNFC အဖွဲ့ဝင်များ ပါဝင်ခြင်းမရှိပါက မြန်မာဗဟိုအစိုးရ...
ရေကာတာသစ် တည်ဆောက်ရေး ရပ်စဲပေးရန် ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ တောင်းဆို
အောက်တိုဘာလ ၄ရက်။ (ကေအိုင်စီ)
ကရင်နီပြည်နယ်အတွင်း တိုးချဲ့တည်ဆောက်မည့် တရုတ်ရေကာတာကြောင့် ရေလျှံပြီး တာကျိုးနိုင်သည့်အတွက် ရေကာတာ စီမံကိန်းသစ် ၃ခုကို ရပ်စဲပေးရန်အတွက် ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့က ကြေညာချက်ထုတ်ကာ ယနေ့ တောင်းဆိုလိုက် သည်။
လတ်တလော ကြုံတွေ့နေရသည့် ရေလွှမ်းမိုးမှုဒဏ်များကြောင့် နောက်ထပ် ရေကာတာသစ်များ တည်ဆောက်ခြင်းကို ရပ်စဲ ပေးရန်...
ကော့ကရိတ်မြို့နယ်တွင် ငှက်ဖျားရောဂါ အဖြစ်များနေ
အောက်တိုဘာလ ၄ရက်။ စောဖိုးမူး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ယခုတလော ငှက်ဖျားရောဂါပိုး ကူးစက်မှု များပြားလျှက်ရှိသည်ဟု နယ်မြေခံ ကျန်းမာ ရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးနှင့် နယ်စပ်ဒေသမှ ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ငှက်ဖျားရောဂါ စမ်းသပ်မှု များ စတင် ပြုလုပ်ခဲ့ရာမှ...
ခေတ္တမြစ်ဆုံ ငြိမ်သက်ခြင်း
(တောင်ကလေးဆရာတော်)
မြစ်ဆုံရာ ဧရာဝတီမှာ
တည်ငြိမ်ရာ လေများ
တည်ငြိမ်ရာ စကားများ
တည်ငြိမ်ရာ လူသားများ
ဖြစ်ပြီး ဆိုကြပါစို့။
နောင်သောအခါ
မငြိမ်ရာလေရူး
အထူးထူး လာအုံးမည်ထင်ပါရဲ့။
အကျွန်ုပ်အထင် မဟုတ်ဘူး။
ပြည်တွင်းငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသင့်ကြောင်း ၅ပါတီ တိုက်တွန်း
အောက်တိုဘာလ ၃ရက်။ (ကေအိုင်စီ)
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး ကြေညာပေးပြီး ပြည်တွင်းငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပပေးရန် ညီနောင်တိုင်းရင်းသား ၅ပါတီက အစိုးရကို ယနေ့ သဘောထား ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။
ညီနောင်တိုင်းရင်းသား ၅ပါတီ၏ သဘောထား ကြေညာချက်အမှတ်...
လွှတ်တော်၏ အလုပ်သမား ဥပဒေမူကြမ်းအပေါ် စိုးရိမ်မှုများရှိနေ
အောက်တိုဘာလ ၃ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် စက်တင်ဘာလ ၂၉ရက်နေ့က အတည်ပြုခဲ့သည့် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများ လက်ခံသော်လည်း စိုးရိမ်မှုများ ဖြစ်ပေါ် လျှက်ရှိသည်။
လှိုင်သာယာ စက်မှုဇုံရှိ ဖိနပ်စက်ရုံမှ စက်ပြင်ဆရာတစ်ဦးက “မှန်မှန်ကန်ကန်...





