Hay Htoo
ပစ်ခတ်ခံရ၍ အစိုးရစစ်တပ်မှ ၆ဦး ကျဆုံး
အောက်တိုဘာလ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့တို့၏ ယမန်နေ့က ပစ်ခတ်မှုကြောင့် ကရင်ပြည် နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ၆ဦး ကျဆုံးပြီး ၁ဦး ဒဏ်ရာရှိခဲ့ သည်။
ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ဝေါ်လေဒေသ တာအူထာ့ကျေးရွာ...
တောင်းဆိုချက် ၄ခုဖြင့် မလေးရှားရောက် တိုင်းရင်းသား များ မြန်မာသံရုံးရှေ့ ဆန္ဒပြ
အောက်တိုဘာလ ၁၁ရက်။ (ကေအိုင်စီ)
မလေးရှားရောက် မြန်မာတိုင်းရင်းသား ၃၀ဝဦးခန့်သည် ထိုးစစ်ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စသည့် တောင်းဆိုချက် လေးချက်ဖြင့် ကွာလာလမ်ပူရှိ မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် ယနေ့မနက် ၁ဝး၁၅နာရီအချိန်၌ ဆန္ဒပြခဲ့ကြသည်။
ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ သျှမ်း၊ ရခိုင် စသော...
၁၃နှစ် ကလေးတစ်ဦးအား စစ်သားနှင့် ရဲများက ဝိုင်းရိုက်နှက်
အောက်တိုဘာလ ၁၁ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးရူးဒေသတွင် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦးအား ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် ရဲနှင့် စစ်သားများက သူလျှိုဟု စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ယခုအချိန်တွင် ဆေးမကုသနိုင်ဘဲ ဖြစ်နေရ သည်ဟု ဒေသခံရွာသားတစ်ဦးက...
KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ဈာပနပြီးစီး
အောက်တိုဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ၆၃နှစ်သည် အောက်တိုဘာ လ ၇ရက်နေ့ညက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဈာပနကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့သည်။
၎င်း၏ဈာပန အခမ်းအနားကို အောက်တိုဘာလ ၁ဝရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် နှစ်ခြင်းခရစ်ယာန်၏...
စပါးကောက်ခံစာ နယ်ခြားစောင့်တပ် ထုတ်ပြန်ထားခဲ့
အောက်တိုဘာလ ၁၁ရက်။ စောဖိုးမူး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တနေရာတွင် အခြေချလှုပ်ရှားသည့် နယ်ခြားစောင့်တပ်ဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာဒေသ အတွင်းရှိ ကျေးရွာများတွင် စပါးကောက်ခံမည်ဟု အောက်တိုဘာလ ၉ရက်နေ့က စာတစောင် ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်မြို့နယ်၊ နို့လယ်နေရာရှိ ဗိုလ်ကြီးစောဌေးနိုင် ဦးစီးသည့် နယ်ခြားစောင့်တပ်-BGF (၁၀၂၁)တပ်ရင်းမှ တပ်ဖွဲ့ဝင် များသည် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ...
တိုင်းထွာပြီး မြေဧက ၂၀ဝကို နယ်ခြားစောင့်တပ် အဓမ္မ ရောင်းချနေ
အောက်တိုဘာလ ၁၁ရက်။ စောခါးစူး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထီးဝါ့ခယ်ရွာအနီးမှ ဧက ၂၀ဝရှိ မြေလွတ်မြေရိုင်းကို နယ်ခြားစောင့်တပ်-BGF (၁၀၂၁) တပ်ရင်းမှ တိုင်းထွာပြီး မဝယ်မနေရ စနစ်ဖြင့် ရွာသူရွာသား များအား ရောင်းချပေးနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ နယ်ခြားစောင့်တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးစောဋ္ဌေးနိုင်သည် ယခုလ...
မြစ်ကြီးနား-မန္တလေး ရထားလမ်း ပိတ်ထားရ
အောက်တိုဘာလ ၁ဝရက်။ (ကေအိုင်စီ)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သို့သွားသည့် ရထားလမ်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယနေ့ အထိ သွားလာမရဖြစ်ကာ ပိတ်ထားရသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
“မန္တလေး-မြစ်ကြီးနား ရထားလမ်းက ပိတ်နေတာ လေးရက်ရှိပြီ။ သံလမ်းပျက်လို့လေ။ ရထားက မန္တလေးကလာပြီး မြစ်ကြီး နား မရောက်မချင်း...
အစိုးရတပ်နှင့် ဒီကေဘီအေကြား တရက်တည်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွား
အောက်တိုဘာလ ၁ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဒေသတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့တို့ တိုက်ပွဲငယ် ၃ကြိမ် ဖြစ်ပွားခဲ့သည်။
ဝေါ်လေဒေသ တာအူထာ့ကျေးရွာ အနီးတဝိုက်တွင် ယမန်နေ့က ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ၏ ခေါင်းဆောင် ဗိုလ် ချုပ်စောလားပွယ်(နှုတ်ခမ်းမွှေး)ကိုယ်တိုင် အနီးကပ်...
မျိုးဆက်သစ်လူငယ်များ ၄နှစ်မြောက်မွေးနေ့ပြီးစီး
အောက်တိုဘာလ ၁ဝရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
မျိုးဆက်သစ်လူငယ်များ (Generation Wave) ၏ ၄နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ သီရိမဂင်္လာရန် အောင်ကျောင်းတိုက်၌ ယမန်နေ့က ကျင်းပခဲ့ရာ နိုင်ငံရေးနှင့် အနုပညာအသိုင်းအဝိုင်းမှ လူပရိဿတ် ၂၀ဝခန့် တက်ရောက်ခဲ့ ကြသည်။
အသင်းကို စတင်ထူထောင်ခဲ့သည့် နိုင်ငံရေးသမားအဆိုတော် ကိုဇေယျာသော်က...
စစ်ပွဲကာလ လူ့အခွင့်အရေး ချိုးဖောက်မှုများလာကြောင်း KWAT ထောက်ပြ
အောက်တိုဘာ ၈ ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် မြန်မာအစိုးရတပ်များကြား လေးလတာ တိုက်ပွဲ များဖြစ်ပွား ပြီးနောက် အစိုးရတပ်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှုများလာကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)မှ ယမန်နေ့က အစီရင်ခံတစ်စောင် ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲအပြီး မြန်မာအစိုးရသည် တိုင်းရင်းသားဒေသသို့ စစ်ပွဲများဆင်နွှဲကာ စစ်ပွဲတွင် အရပ်ပြည်သူများအား သတ်ဖြတ်နေခြင်း၊...





