Home ထိပ်တန်းသတင်း MSF လုပ်ငန်းစဉ် ရပ်ဆိုင်းမှု‌ကြောင့် ကုသခံဆဲလူနာများ အခက်အခဲဖြစ်‌နေ

MSF လုပ်ငန်းစဉ် ရပ်ဆိုင်းမှု‌ကြောင့် ကုသခံဆဲလူနာများ အခက်အခဲဖြစ်‌နေ

2364
‌အောက်တိုဘာလ ၈ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

နယ်စည်းမခြားဆရာဝန်များအဖွဲ့-MSF (Medecins Sans Frontieres) က ထိုင်းနိုင်ငံ စံခလပူရီခရိုင်ရှိ ဘုရားသုံးဆူ‌ဒေသ၌ ၎င်းတို့၏ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု လုပ်ငန်းများကို စက်တင်ဘာလကုန်မှစ၍ ရပ်ဆိုင်းလိုက်သဖြင့် ‌ဆေးကုသမှု ခံယူ‌နေဆဲ လူနာများမှာ အခက်အခဲ ဖြစ်‌နေရသည်။

ထိုအ‌ခြေအ‌နေကို အဆုတ်တီဘီပိုး ကူးစက်ခံသူများအား အိမ်တိုင်ရာ‌ရောက် သွား‌ရောက်ကြည့်ရှု‌ပေး‌နေသည့် ကရင်လူ့အခွင့် အ‌ရေးအဖွဲ့ (Kwai River Christian Hospital-KRCH) မှ ကျန်းမာ‌ရေးတာဝန်ခံ ဆရာ‌စောဟား‌ရေမူးက ယခုလို ‌ပြောသည်။

“အခုဆိုရင် က‌လေး‌မွေးဖို့ကအစ ခက်ခဲ‌နေတာပါ။ မြန်မာပြည်ထဲမှာပဲ ဖြစ်သလို ‌မွေး‌နေကြရတယ်။ ငှက်ဖျားသမား‌တွေလည်း အိမ်မှာ ဒုက္ခ‌ရောက်‌နေကြပါတယ်။ အိတ်ချ်အိုင်ဗီပိုး ကူးစက်ခံထားရတဲ့သူ‌တွေဆို ပိုဆိုးပါတယ်။ တစ်သက်လုံးအတွက် ‌နေ့ တိုင်း‌သောက်ရမယ့် ARV ‌ဆေး ပြတ်သွားရတယ်။”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူ‌ဒေသရှိ ‌ဆေးရုံတွင် ‌ဆေးဝါးမလုံ‌လောက်သလို ကုသစရိတ်ပါ ‌ပေးရသည့်အတွက် ‌ရွှေ့‌ပြောင်းအလုပ်သမား အများစုမှာ MSF ထံသို့သာ လာ‌ရောက်ကုသ‌နေခဲ့ကြ‌ကြောင်းလည်း MSF အဖွဲ့နှင့် ၂နှစ်နီးပါးခန့် ငှက်ဖျားတိုက်ဖျက်‌ရေးလုပ် ငန်း လက်တွဲလုပ်‌ဆောင်‌နေ‌သော မွန်ပြည်သစ်ပါတီ အတွင်း‌ရေးမှူး ဦးနိုင်ဟံသာက ‌ပြောသည်။

သူက “သူတို့‌တွေ အားကိုးရာမဲ့သွားတာ‌ပေါ့။ MSF ပြန်လာရင်ဖြစ်ဖြစ်၊ တခြား NGO တစ်ခုခု ပြန်လာရင် ‌ကောင်းမှာပါ။ ဘယ် သူပဲလာလာ ကျ‌နော်တို့က ကူညီလုပ်‌ပေးသွားမှာပါ။”ဟု ဆိုသည်။

MSF အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် တီဘီ၊ ငှက်ဖျား၊ အိတ်ချ်အိုင်ဗွီ/‌အေအိုင်ဒီအက်စ် ‌ဝေဒနာရှင်များနှင့် သားဖွားလုပ်ငန်းကို အဓိကထား လုပ်‌ဆောင်‌ပေးခဲ့ပြီး ‌ငွေ‌ကြေးဆိုင်ရာနှင့် ဝန်ထမ်းပိုင်းဆိုင်ရာ အခက်အခဲများ‌ကြောင့် အ‌ရေး ‌ပေါ် အကူအညီလိုအပ်‌နေသည့် အခြားနိုင်ငံများသို့ သွား‌ရောက်လုပ်‌ဆောင်သွားမည်ဟု သိရသည်။

HIV ပိုးကူးစက်ခံ‌နေရပြီး MSF ထံမှ ARV ‌ဆေး‌သောက်ကာ HIV ပိုးကူးစက်ခံ‌နေရသူ လူနာတစ်ဦးကလည်း “‌ဆေးပြတ်သွား လို့ ‌လော‌လောဆယ် ဘာမှမဖြစ်‌သေး‌ပေမဲ့ အရှည်‌တွေးကြည့်ရင်‌တော့ ရင်‌လေးတယ်။ စိတ်ဓာတ်ကျတယ်။”ဟု ‌ပြောသည်။

၂၀၁ဝခုနှစ် MSF ၏ အစီရင်ခံစာထဲတွင် တနှစ်လျှင် လူနာဦး‌ရေ ၃,၀၀ဝနီးပါး ကုသ‌ပေးနိုင်ခဲ့သည်ဟု ‌ဖော်ပြထားသည်။ လက် ရှိအချိန်တွင် ဘုရားသုံးဆူရှိ အဆုတ်‌ရောဂါ(တီဘီ)ပိုး ကူးစက်ခံ‌နေရသူ လူနာများကို KHRG မှ ဆက်လက်၍ တာဝန်ယူ ကုသ ‌ပေး‌နေရသည်။

“တီဘီသမား‌တွေအတွက်‌တော့ ကျ‌နော်တို့ ဆက်ပြီးကြည့်နိုင်ပါတယ်။ အရင်က ‌ဆေးမှတ်တမ်းယူလာရင် ဒါကိုကြည့်ပြီး ဆက် ကု‌ပေးလို့ရပါတယ်။ ဒါ‌ပေမယ့် HIV သမား‌တွေအတွက်‌တော့ ကျ‌နော်တို့ မတတ်နိုင်ဘူး။”ဟု ဆရာဟား‌ရေမူးက ဆိုသည်။

၁၉၇၆ခုနှစ်က ထိုင်းနိုင်ငံ၊ ဘုရားသုံးဆူ‌ဒေသသို့ ‌ရောက်ရှိလာသည့် MSF အဖွဲ့မှာ ဘယ်လ်ဂျီယံ အ‌ခြေစိုက်ဖြစ်ပြီး ၁၉၉၉ ခုနှစ် တွင် နိုဗယ်လ်ငြိမ်းချမ်း‌ရေးဆုကို ရရှိခဲ့သည်။ အဆိုပါအဖွဲ့သည် ၁၉၇၁ခုနှစ်တွင် ဆရာဝန်များ၊ စာနယ်ဇင်းသမားများနှင့် စတင် ဖွဲ့စည်းကာ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ‌ဟော်လန်နိုင်ငံများတွင် အ‌ခြေစိုက်လျှက်ရှိသည်။