Home ထိပ်တန်းသတင်း တပ်‌ပြောင်းလဲချိန် အစိုးရစစ်တပ် ချုံခိုတိုက်ခိုက်ခံရ

တပ်‌ပြောင်းလဲချိန် အစိုးရစစ်တပ် ချုံခိုတိုက်ခိုက်ခံရ

1786
‌အောက်တိုဘာလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ‌ဒေသ၌ ယ‌နေ့နံနက်တွင် တပ်အ‌ပြောင်းအလဲ ပြုလုပ်‌နေ‌သော အစိုးရ စစ်တပ်အား ကရင်ပူး‌ပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၂ဦး‌သေဆုံးကာ ၂ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယ‌နေ့နံနက် ၉နာရီ ၁ဝမိနစ်ခန့်တွင် ဘုရားသုံးဆူရှိ အ‌မြောက်တပ်ဖွဲ့ကို ပြန်ပို့‌ဆောင်‌နေသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ် စကခ (၅) လက်‌အောက်ခံ ခမရ(၅၄၃)တပ်ရင်း စစ်‌ကြောင်း(၂)အား တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် ဒီ‌ကေ ဘီ‌အေ (၉၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၁၆)တို့က တာ‌ဒေ့နှင့် ‌ကျောက်ဂူ‌ကျေးရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေ ၉၀၂တပ်ရင်း တပ်ခွဲ(၃) တပ်ခွဲမှူး ဗိုလ်ကြီး‌စော‌အေဝမ်းက “နို့ချိုးနဲ့ဗျူဟာကို ပြန်မယ့် အ‌မြောက်တပ်ကို ပြန်ပို့တဲ့ ဗိုလ်မှူးဖြိုးသန့်‌ဇော် ဦးစီးတဲ့ စစ်‌ကြောင်း(၂)ကို ဒီ‌နေ့မနက် ကျ‌နော်တို့လူ‌တွေ ချုံခိုတိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်မှုဖြစ်တာ ၆မိနစ် ‌လောက်ပဲကြာမယ်။ အစိုးရတပ်ဘက်က ၂‌ယောက်‌သေ၊ ၂‌ယောက်ဒဏ်ရာရတယ်။ ‌ပြောက်ကျားဆို‌တော့ ကျ‌နော်ဘက်က ထိ တာ မရှိဘူး။”ဟု ‌ပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း အစိုးရစစ်တပ်ဘက်မှ ‌ရှေ့သွားလမ်းပြအဖြစ် ‌ခေါ်‌ဆောင်ခဲ့သည့် တာ‌ဒေ့ရွာသား ဦးမြသိန်းမှာ ဘယ် ‌ခြေ‌ထောက် ပြတ်ထွက်သွားပြီး ၎င်းအား ဘုရားသုံးဆူမှတဆင့် ထိုင်းနိုင်ငံ စံခလ‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့သည်ဟု ဘာသာ‌ရေး ‌ခေါင်း‌ဆောင်တစ်ဦးက ‌ပြောသည်။

ယ‌နေ့ ‌နေ့လည် ၁၁နာရီအချိန်တွင်လည်း ‌ကော့ကရိတ်မြို့နယ်ရှိ နန်း‌ရွှေမိတ်နှင့် မာဖာလယ့်‌ကျေးရွာကြားတွင် အစိုးရစစ်တပ် ခမရ(၅၄၆)၊ ခမရ(၅၄၇)တပ်ရင်းနှင့် ဒီ‌ကေဘီ‌အေ ကလို့ထူးဝါးဗျူဟာ၊ ‌ကေအဲန်အယ်လ်‌အေ(၁၀၁)တပ်ရင်း ပူး‌ပေါင်းတပ်ဖွဲ့ များ တနာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရ‌သေး‌ကြောင်း ဒီ‌ကေဘီ‌အေ ‌ပြောခွင့်ရသူ ဗိုလ်မှူး ‌စောဆန်း‌အောင်က ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ် အစိုးရ ဖွဲ့စည်းလိုက်‌သော ငြိမ်းချမ်း‌ရေး ‌စေ့စပ်ညှိနှိုင်း‌ရေးအဖွဲ့မှ ငြိမ်း ချမ်း‌ရေးစကား‌ပြောဆိုရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အား လာ‌ရောက်ကမ်းလှမ်းခဲ့‌သော်လည်း ကရင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများမှာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်သည်။