Home ထိပ်တန်းသတင်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့

1394
‌အောက်တိုဘာလ ၇ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီ-NMSP သည် မွန်ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ဌေးမြင့်‌အောင် ဦး‌ဆောင်သည့်အ ဖွဲ့နှင့် ‌ရေးမြို့ခလရ(၆၁) တပ်ရင်းဧည့်‌ဂေဟာတွင် ယမန်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေခဲ့သည်။

မြန်မာအစိုးရအား တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေး၊ နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးမှုများကို ညီညွှတ်‌သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)နှင့်သာ တိုက်ရိုက်‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန် တင်ပြ‌ဆွေး‌နွေးသွားသည်ဟု NMSP ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီအ‌နေနဲ့ မဟုတ်ဘဲ အစိုးရအ‌နေနဲ့ UNFC ကို နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေး ရင် အဓိပ္ပါယ်ပိုရှိပါမယ်။ ဒါ‌ကြောင့် တိုင်းရင်းသား တပ်‌ပေါင်းစုနဲ့သာ တိုက်ရိုက်‌ဆွေး‌နွေးသွားဖို့ တင်ပြတဲ့အ‌နေနဲ့ပဲ ‌ဆွေး‌နွေးခဲ့ ကြတာပါ။ ဒါကိုလည်း တပ်‌ပေါင်းစု(UNFC)ကလည်း နားလည်မှုရှိပါတယ်။”ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် NMSP ဘက်မှ ဗဟိုအလုပ်အမှု‌ဆောင် နိုင်တလညီ၊ ဗဟို‌ကော်မတီဝင် နိုင်ဗညားလယ်နှင့် တပ်ရင်း ၇မှ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးဟံသာတို့ ပါဝင်သည်ဟု သိရသည်။

အစိုးရကို နိုင်ငံ‌ရေးအ‌ကြောင်းအရာများ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ခြင်းမျိုး မဟုတ်ဘဲ UNFC ၏ သ‌ဘောထားများအား တင်ပြ‌ဆွေး ‌နွေးသည့်အ‌နေဖြင့် ၎င်းတို့က ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု NMSP ဘက်က ‌ပြောသည်။

“သမ္မတဦးသိန်းစိန် အစိုးရအ‌နေနဲ့ မကြာ‌သေးမီက တိုင်းရင်းသားလက်နက်အဖွဲ့‌တွေကို ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးဖို့ ကမ်းလှမ်းခဲ့ ပြီး ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်‌တွေမှာ ထိုးစစ်‌တွေဆင်‌နေတာဟာ ငြိမ်းချမ်း‌ရေးအတွက် အများကြီး အ‌နှောင့်အယှက် ဖြစ် ‌စေတယ်။ ကျ‌နော်တို့ကလည်း အစိုးရသစ်ရဲ့ ငြိမ်းချမ်း‌ရေး ကမ်းလှမ်းချက်အ‌ပေါ်မှာ အများကြီး သံသယဖြစ်‌စေတယ်။ အစိုးရ အ‌နေနဲ့ တိုင်းရင်းသားငြိမ်းချမ်း‌ရေးကို တကယ်လိုချင်ရင် ရှင်းရှင်းလင်းလင်း လုပ်‌ဆောင်ပြီး ရပ်တည်‌စေချင်တယ်။”ဟု နိုင်ဟံ သာက ‌ပြောသည်။

မွန်ပြည်သစ်ပါတီ၏ တင်ပြ‌ဆွေး‌နွေးချက်များကို အစိုးရဘက်မှ သက်ဆိုင်ရာ အထက်လူကြီးများအား ပြန်လည်တင်ပြ‌ပေးသွား မည်ဟု NMSP က ‌ပြောသည်။

NMSP သည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေးခဲ့ပြီး‌နောက် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နယ်ခြား ‌စောင့် အသွင်‌ပြောင်း‌ရေးကို လက်မခံသည့်အတွက် ၂၀၁၁ခုနှစ် UNFC စတင် ဖွဲ့စည်းရာတွင် အမာခံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ သည်။

UNFC ၏ အမာခံအဖွဲ့ဝင်များတွင် KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ- NMSP၊ ရှမ်းပြည်တိုးတက် ‌ရေးပါတီ-ရှမ်းပြည်တပ်မ‌တော်-SSPP/SSA၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့ ပါ ဝင်သည်။