Hay Htoo
ဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူး လူထောင်နှင့်ချီ စည်ကား
ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၁၁။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုးဒုက္ခသည်စခန်းများတွင် ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် နှစ်သစ်ကူးနေ့ အခမ်းအနားများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ စခန်းတစ်ခုစီတွင် ထောင်နှင့်ချီသည့် လူထုပရိဿတ်များဖြင့် စည်ကားခဲ့ ကြောင်း သိရသည်။
မယ်လဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူးအခမ်းအနားကို ဒီဇင်ဘာလ ၂၃ရက်နေ့မှ...
ဇင်းကျိုက်ကျေးရွာ မီးလောင်မှု အိမ်ခြေ ၁၀၀ကျော် ပျက်စီးဆုံးရှုံး
ဒီဇင်ဘာလ ၂၆ရက်။ (ကေအိုင်စီ)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာတွင် ယမန်နေ့ညက မီးလောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခြေစုစုပေါင်း တစ်ရာကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။
ဇင်းကျိုက်ရွာခံ အမျိုးသမီးတဦးက "အိမ်တစ်ရာကျော်လောက် မီးထဲအကုန်ပါသွားတယ်။ တချို့ပြောတာက ရှော့ခ်ဖြစ်ပြီး လောင် တယ်။ ခုထိတော့ မီးမလာသေးဘူး။”ဟု ပြောသည်။
ဇင်းကျိုက်ရွာကို ဖြတ်သွားသည့် မီးရထားလမ်းအရှေ့ဘက်နှင့် အနောက်ဘက်ရှိ...
နှစ်သစ်ဆုတောင်း
(လကင်္ာဒီပ)
မြင်နေရာ မမြင်ကွယ်ရာ
ဘယ်နေရာမဆို
ဘာကိုမှ မလိမ်ညာတတ်တဲ့သူ
အဖြူရောင်သစ္စာရှိအနွယ်မျိုး
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်မှန်လုပ် အဟုတ်သာပြော
မြေကြောရေကြော သာမောကိုးနဒီ
ဘီစီ ၇၃၉မတိုင်ခင်ထဲက
ဓါးမဦးချ အခြေတည် အမြစ်တွယ်ခဲ့လာ
ဒါတို့မြေ တို့ရေ တို့ဘိုးဘွားအမွေ။
ယဉ်ကျေးမှုဓလေ့ထုံးစံများ
တို့စကား တို့စာပေ
အခြေအနေတွေက အရှိတရား
ဘယ်သိကြား ဘယ်လူစားမျိုးမှ လာဖျက်လို့မရ။
သတိထားရမှာက မရိုးအ ကြစမ်းပါနဲ့
သမိုင်းကို တတ်အောင်သင်ကြပါ
သမိုင်းသာရှိ သမိုင်းမသိရင်
နင်...နေရစ်ပေအုံး မရွှေထားရယ်လို့
ရင်ထုလို့ မနှမျောချင်ဘူးကွယ်။
ပဏာမကို ခဝါမချရဲတဲ့အမှု
ဟိုတစုဒီတစု သိမ်သိမ်မွေ့မွေ့ပြု
မုသားရထားဝန်ကြီးဦးအောင်မင်း ပေးလာမယ့်ဆု
ဂရုပြုလိုက်စမ်းပါ
နာတာရှည်ရောဂါ...
ဆစ်ဒနီကရင်လူမှုအဖွဲ့အစည်းမှ ၂၇၅၁ခု၊ ကရင့်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး
ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၁။ (ကေအိုင်စီ)
ဆစ်ဒနီ ကရင်ကွန်မြူနတီမှ ကြီးမှုးကျင်းပသော၂၇၅၁ခုနှစ်မြောက် ကရင့်နှစ်သစ်ကူးပွဲတော် အခမ်းအနား ဩစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ Granville Town Hall တွင် ဒီဇင်ဘာ ၂၄ရက်(စနေနေ့) နေ့လည် ၁၁နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြီးစီးခဲ့ သည်။
ဩစတြေးလျလွှတ်တော်အမတ်များ၊ ဒုက္ခသည်များဆိုင်ရာ UNHCR...
မြန်မာစစ်တပ်တွင် အနိုင်ကျင့်မှုများ ရှိနေဆဲဟု ထွက်ပြေးလာသည့် တပ်သားတစ်ဦးပြော
ဒီဇင်ဘာလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် စကခ-၁၂ လက်အောက်ခံ ခြေမြန်မာတပ်ရင်း- ခမရ(၂၃၀)မှ တပ်သား တစ်ဦးဖြစ်သူ အသက် ၂၁နှစ်အရွယ် အောင်ကိုလတ်သည် အထက်အရာရှိ၏ ဖိနှိပ်အနိုင်ကျင့်မှုကြောင့် ယခုလ ၁၂ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU ထံသို့ ထွက်ပြေးရောက်ရှိလာခဲ့သည်။
တပ်ကိုယ်ပိုင်နံပါတ်- ၄၄၄၄၃၂ ဖြစ်သူ...
ပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ မစဉ်းစားသေး
ဒီဇင်ဘာလ ၂၃ရက်။ (ကေအိုင်စီ)
ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းကိစ္စကို မစဉ်းစားသေးကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)က ယမန်နေ့တွင် ကျင်းပခဲ့သည့် ၎င်းတို့ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက “တိုင်းရင်းသား အကျဉ်းသားခေါင်းဆောင်တွေ ဦးခွန်ထွန်းဦးတို့၊ ဦးစိုင်းညွှန့် လွင်တို့ မလွှတ်သေးဘဲနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်တဲ့ကိစ္စ ကျနော်တို့...
မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ် ပဏာမ ငြိမ်းချမ်းရေး တွေ့ဆုံ
ဒီဇင်ဘာလ ၂၂ရက်။ (ကေအိုင်စီ)
မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပထမအကြိမ် အဖြစ် ယနေ့ တွေ့ဆုံခဲ့ကြသည်။
ယနေ့ နေ့ လည် ၁၁နာရီခန့်က တွေ့ဆုံရာတွင် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် များ အပါအဝင်...
အကျဉ်းသားများ ထပ်မံလွှတ်ပေးမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း ထုတ်ဖော်ပြော
ဒီဇင်ဘာလ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
လာမည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားအပါအဝင် ရာဇဝတ် အကျဉ်းသား များကို ထပ်မံလွှတ်ပေးမည်ဟု ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် တွေ့ဆုံစဉ် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဦးအောင်မင်း ကိုယ်တိုင် ဇန်နဝါရီလ ၄ရက်နေ့တွင် တကြိမ်၊ ၁၂...
ဘုရားသုံးဆူဒေသ ရာဘာဈေး ပြန်လည်ဦးမော့လာ
ဒီဇင်ဘာလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် ယခုရက်ပိုင်းအတွက် ရာဘာဈေး အနည်းငယ် ပြန်တက် လာသည်ဟု ရာဘာလုပ်ငန်းလုပ်ကိုင်သူ ဒေသခံက ပြောသည်။
“အခု တကီလိုကို ၈၅ဘတ်ပြန်တက်ပြီ။ အများကြီး ဈေးတက်တာတော့ မဟုတ်ဘူး။ ထပ်တက်ဖို့ အနေအထားမှာ ရှိသေး တယ်ဆိုတော့ အခြေအနေ...
“ပင်လုံ”ကို အသုံးချနေပြီ
တူမောင်ညို
(၂၀၁၁၊ ဒီဇင်ဘာ ၂၁ရက်)
“ဒုတိယပင်လုံ ”သို့မဟုတ် “၂၁ရာစုပင်လုံ”အကြောင်း ပြောကြဆိုကြပြီးတဲ့နောက် ဒီတခါ “ပင်လုံ” အကြောင်းပြောတာ ဦးအောင်သောင်း ဖြစ်တယ်။
ဦးအောင်သောင်းက ပထမတစ်ကြိမ်ပြောတာ မပေါက်လို့နဲ့တူတယ်။ ဒုတိယတစ်ကြိမ်ထပ်ပြောတယ်။ တဆင့်ပြန်ပြောတာကို ကြားရတာ ဖြစ်တယ်။ ဦးအောင်သောင်းအသံကို တိုက်ရိုက်ကြားရတာ မဟုတ်ဘူး။
“ပင်လုံ” အကြောင်း ဦးအောင်သောင်း စပြောတာက ဒီဇင်ဘာလ...





