Home သတင်း ဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူး လူ‌ထောင်နှင့်ချီ စည်ကား

ဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူး လူ‌ထောင်နှင့်ချီ စည်ကား

1719
ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၁၁။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုးဒုက္ခသည်စခန်းများတွင် ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် နှစ်သစ်ကူး‌နေ့ အခမ်းအနားများကို ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာ စခန်းတစ်ခုစီတွင် ‌ထောင်နှင့်ချီသည့် လူထုပရိဿတ်များဖြင့် စည်ကားခဲ့ ‌ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူးအခမ်းအနားကို ဒီဇင်ဘာလ ၂၃ရက်‌နေ့မှ ၂၅ရက်‌နေ့အထိ ကရင့်ရိုးရာယဉ်‌ကျေးမှု ဒုံး ယိမ်းအကများဖြင့် ‌ဖြေ‌ဖျော်ခြင်း၊ ‌တေးသီချင်းများ သီဆိုခြင်း၊ လူငယ်များ၏ သရုပ်‌ဆောင်ဇာတ်လမ်းများ တင်ဆက်ခြင်းနှင့် က‌လေးငယ်‌လေးများက အကပ‌ဒေသာများဖြင့် ကျင်းပသွားခဲ့ကြသည်။

ယမန်နှစ်က ‌တေးဂီတ စတိတ်ရှိုးများ ငှားရန်ရာတွင် အကုန်အကျများခြင်း၊ သယ်ယူပို့‌ဆောင်‌ရေး ခက်ခဲခြင်းတို့‌ကြောင့် ယခု နှစ်တွင် ကရင်ရိုးရာယဉ်‌ကျေးမှု အဆို၊ အက၊ အတီး၊ အမှုတ်များဖြင့် စီစဉ်ကျင်းပခဲ့‌သော်လည်း ခန့်မှန်း‌ခြေအားဖြင့် လူထုပရိ ဿတ် ၄‌ထောင်‌ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်ဟု မယ်လဒုက္ခသည်စခန်း ‌ကော်မတီဝင် ‌နော်‌တေး‌တေးက ‌ပြောသည်။

“ဒီနှစ်မှာ‌တော့ စတိတ်ရှိုးမလုပ်‌တော့ဘဲ ကရင်လူငယ်‌တွေကိုလည်း ရိုးရာအစဉ်အလာ‌တွေ ယဉ်‌ကျေးမှု‌တွေ ထိန်းသိမ်းတတ် ‌အောင်လို့ ရိုးရာအတီး၊ အမှုတ်‌တွေကိုပဲ အဓိကထားပြီး ကျင်းပသွားကြတာပါ။ ‌နောက်ပြီး အရင်နှစ်ကလို လူငယ်‌တွေ ခိုက်ရန် ဖြစ်ပွားတာ မရှိဘဲ အဆင်‌ပြေ‌ပြေ ကျင်းပနိုင်ခဲ့‌တော့ စိတ်‌ပျော်ရွှင်ရပါတယ်။”ဟု ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ်၌ စခန်းလုံခြုံ‌ရေးအဖွဲ့မှ စည်းကမ်းများ စနစ်တကျ ထားရှိခဲ့ကြပြီး ယခင်နှစ်အတိုင်း ကရင် ရိုးရာအ‌မွေအနှစ်များဖြစ်သည့် ဖားစည်၊ ‌စောင်း‌ကောက်၊ ပ‌လွေ၊ ပလိုင်း၊ ခ‌မောက် စသည်တို့ကို ပြခန်းတွင် ခင်းကျင်းပြသ ထားသည်။

ဧရာဝတီတိုင်းမှ ကရင်အမျိုးသမီး နမ့်လူးဝစ်‌မေရီက “ကျမတို့ ဧရာဝတီတိုင်းမှာတုန်းက အခုလိုမျိုး ကရင်နှစ်သစ်ကူး‌နေ့မှာ ကရင်ဒုံးယိမ်းအက‌တွေလည်း မရှိဘူး။ ‌နောက်ပြီး ‌စောင်း‌ကောက်တို့၊ ရိုးရာအိမ်တို့ အဲဒါ‌တွေလည်း မ‌တွေ့ရဘူး။ အခမ်းအနား ကိုလည်း အဖြစ်သ‌ဘောနဲ့ပဲ လုပ်ကြတာ‌လေ။ ဒီမှာက အစုံ‌တွေ့ရတဲ့အတွက် အရမ်းပဲ‌ပျော်တယ်။”ဟု ဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် လူဦး‌ရေ ၂‌ထောင်‌ကျော် ပါဝင်ဆင်နွဲခဲ့ကြပြီး ကရင့်ရိုးရာဒုံးအကများအပြင် ‌ခေတ်‌ပေါ်အက ပြိုင်ပွဲ များ၊ ‌ဘောလုံး၊ ပိုက်‌ကျော်ခြင်း၊ ‌ဘောလီ‌ဘော၊ ဘတ်စကက်‌ဘော စသည့် အားကစားပြိုင်ပွဲများအပြင် ‌ကျောင်းသားလူငယ် များအတွက် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများလည်း ပြုလုပ်ခဲ့သည်ဟု စခန်းဥက္ကဌ ‌စောဝါးထီးက ‌ပြောသည်။

အလားတူ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်း၌လည်း ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် မဲ‌ဆောက်မြို့ရှိ ‌ရွှေ့ ‌ပြောင်းမြန်မာစာသင်‌ကျောင်းများဖြစ်သည့် Children Development Center-CDC နှင့် ခွဲက ‌ဘောင် အထက်တန်း‌ကျောင်းများမှလည်း ကရင်နှစ်သစ်ကူးပွဲ‌တော်ကို အခမ်းအနားများ၊ အငြိမ့်ဇာတ်သဘင်များဖြင့် ကျင်းပခဲ့ ကြသည်။

ယခုနှစ် ၂၇၅၁ခုနှစ် ပြာသိုလဆန်း ၁ရက်‌နေ့မှာ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်‌နေ့တွင် ကျ‌ရောက်သဖြင့် ခရစ်ယာန် ဘာသာဝင်များ၏ ခရစ္စမတ်ပွဲ‌တော်နှင့်လည်း တစ်ရက်တည်း တိုက်ဆိုင်‌နေသည်။