Home သတင်း ပါတီမှတ်ပုံတင်‌ရေး မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ မစဉ်းစား‌သေး

ပါတီမှတ်ပုံတင်‌ရေး မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ မစဉ်းစား‌သေး

1866
ဒီဇင်ဘာလ ၂၃ရက်။ (‌ကေအိုင်စီ)

ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်ရန်အတွက် ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းကိစ္စကို မစဉ်းစား‌သေး‌ကြောင်း မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ (MNDF)က ယမန်‌နေ့တွင် ကျင်းပခဲ့သည့် ၎င်းတို့ပါတီ၏ ဗဟို‌ကော်မတီအစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ ဥက္ကဋ္ဌ နိုင်‌ငွေသိမ်းက “တိုင်းရင်းသား အကျဉ်းသား‌ခေါင်း‌ဆောင်‌တွေ ဦးခွန်ထွန်းဦးတို့၊ ဦးစိုင်းညွှန့် လွင်တို့ မလွှတ်‌သေးဘဲနဲ့ ‌ရွေး‌ကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်တဲ့ကိစ္စ ကျ‌နော်တို့ စဉ်းစားမှာမဟုတ်ဘူး။”ဟု ‌ပြောသည်။

အစည်းအ‌ဝေးတွင် ပါတီ မှတ်ပုံတင်‌ရေး မတင်‌ရေးကိစ္စအပြင် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ(AMDP)နှင့် မွန်အမျိုးသား ဒီမို က‌ရေစီအဖွဲ့(MNDF)တို့ တပါတီတည်းဖြစ်ရန် ‌ပေါင်းစည်း‌ရေးကိုလည်း ‌ဆွေး‌နွေးခဲ့သည်ဟု သူက ဆက်‌ပြောသည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ (NLD) ပါတီမှတ်ပုံတင်ပြီး ‌ရွေး‌ကောက်ပွဲမည်ဟု ဆုံးဖြတ်ချက်ချပြီး‌နောက် မွန်အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ သည်လည်း ပါတီအင်အားထပ်တိုးထားပြီး ပါတီကိုလည်း ပြန်လည် ဖွဲ့စည်းထားခဲ့သည်။

နိုင်‌ငွေသိမ်းက “အစိုးရက ဘာ‌တွေ ဆက်လုပ်အုံးမလဲ၊ ဘာ‌တွေ လုပ်‌ဆောင်‌ပေးနိုင်မလဲ၊ တိုင်းရင်းသားအ‌ရေး၊ လူ့အခွင့်အ‌ရေး အဲဒါ‌တွေကို ‌စောင့်ကြည့်ရအုံးမယ်၊ ပြီးမှပဲ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်။”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ပါတီဥက္ကဋ္ဌအဖြစ် နိုင်‌ငွေသိမ်း၊ ဒုဥက္ကဋ္ဌ(၁) နိုင်သက်လွင်၊ ဒုဥက္ကဋ္ဌ(၂) နိုင်တင်‌အောင်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်း‌ရေးမှူး(၁) ‌ဒေါက်တာမင်းကြည်ဝင်း၊ တွဲဖက်အတွင်းမှူး(၂) မင်းစိုးဝင်းတို့ ပါဝင်သည်။

MNDF ပါတီဖွဲ့စည်းပုံတွင် ဗဟို‌ကော်မတီဝင် ၅၄ဦး ‌ရွေးချယ်ထားပြီး‌နောက် ဗဟိုအလုပ်အမှု‌ဆောင် ၂၁ဦးကို ပြန်လည် ‌ရွေးချယ် ခန့်အပ်ထားသည်။

မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ကို ၁၉၈၈ခုနှစ်၊ ‌အောက်တိုဘာလ ၁၁ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ် စားလှယ် ၁၉ဦး ဝင်ပြိုင်ခဲ့ရာ ငါး‌နေရာ အနိုင်ရရှိခဲ့သည်။

ထိုစဉ်က စစ်အစိုးရမှ ‌ရွေး‌ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီး‌နောက် ၁၉၉၁ခုနှစ်တွင် ပါတီ‌ခေါင်း‌ဆောင်များ ဖမ်း ဆီးခံရကာ ၁၉၉၂ခုနှစ်၊ မတ်လ ၁၉ရက်‌နေ့တွင် ပါတီ ဖျက်သိမ်းခြင်း ခံရသည်။

၁၉၉ဝ ‌ရွေး‌ကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် NLD တို့ ပူး‌ပေါင်းပြီး ပြည်‌ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီအဖွဲ့ချုပ် (UNLD)၊ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် ပြည်သူ့လွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ(CRPP)၏ အဖွဲ့ဝင်ပါတီတစ်ခု ဖြစ်သည်။