Hay Htoo
ပါတီ၏ အလုပ်အမှုဆောင်နှင့် ဌာနဆိုင်ရာများကို ဖလုံ- စဝေါ်မှ တိုးချဲ့သတ်မှတ်
ဇန်နဝါရီ ၄ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)
ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)အနေဖြင့် ပါတီ၏ လုပ်ဆောင်ချက်များ ပိုမိုထိရောက်စေရန်နှင့် တာဝန်ကို စနစ်တကျ လုပ်ဆောင်နိုင်ရန် အလုပ်အမှုဆောင် များကိုထပ်မံ တိုးချဲ့ကာ ဌာနဆိုင်ရာ တာဝန်ခံသစ်များ ကိုလည်း ရွေးချယ်သတ်မှတ် လိုက်သည်။
ယခင်က ဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၉ဦးသာ...
မဲဆောက်တွင် ထိုင်းအစိုးရက အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နေပြီ
ဇန်နဝါရီ ၄ရက်၊ ၂၀၁၂။ ရွှေသိုက်တော
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် နိုင်ငံတကာစံနှုံး များနှင့်အညီ ကုန်သွယ်မှုပြုနိုင်ရန်အတွက် တာ့ခ်ခရိုင် နယ်စပ်ရှိ မဲဆောက်မြို့ကို ဗဟိုပြုကာ အထူးစီးပွားရေး ဇုန်တခုကို ထိုင်းအစိုးရက ယခုနှစ်အတွင်းအပြီး တည်ဆောက်ရန် စီမံကိန်း လုပ်ငန်းများ စတင်နေပြီးဟု ထိုင်းကုန် သည်ကြီးများ က ပြောသည်။
တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းဝင်တဦးဖြစ်သည့်...
ထားဝယ်- ကန်ချနဘူရီ ကားလမ်း ဆက်လက်ဖောက်ခွင့်ပြုရန် KNU သဘောထားရှိ
ဇန်နဝါရီလ ၃ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
အီတာလျံ-ထိုင်းကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်သည့် ထားဝယ်-ကန်ချနဘူရီကားလမ်း ဆက်လက်ဖောက်လုပ်ရေးကို ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ခွင့်ပြုပေးရန် သဘောထားရှိသည်ဟု သိရသည်။
ယခင်နှစ် ဒီဇင်ဘာလ ၂၉ရက်နေ့က အီတာလျံထိုင်းမှ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များနှင့် KNU မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ရာတွင် စီမံကိန်းမှ...
လွိုင်ကော်တွင် ဘိလပ်မြေစက်ရုံဆောက် လုပ်ရေး မြေအသိမ်းခံရနိုင်
ဇန်နဝါရီလ ၃ရက်။ (ကေအိုင်စီ)
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့မြောက်ဘက်တွင် ဒေသအခြေစိုက် စစ်တပ်နှင့် ကုမ္ပဏီတို့ ပူးပေါင်းပြီး ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် ထိုဒေသရှိ မြေဧကများကို သိမ်းဆည်းရန်ရှိသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဒေသအခြေစိုက် ခလရ(၂၆၁)၊ (၂၅၀)၊ ခမရ(၅၃၁)တို့နှင့် ဇွဲကုမ္ပဏီတို့ ပူးပေါင်းပြီး ပကျဲရွာဟောင်းတစ်ဝိုက်ရှိ ဒေသခံ ပြည်သူတို့၏ လယ်ယာခြံမြေဧကများကို...
မြန်မာစစ်တပ်ပစ်ခတ်၍ ယာဉ်မောင်းသေဆုံးပြီး စပယ်ယာ ဒဏ်ရာရ
ဇန်နဝါရီ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာစစ်တပ်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးရှိ ရင်ကွဲတောင်ကားလမ်းအတက်တွင် မောင်းနှင်လာ သည့် ကားယာဉ်တန်းကို ယခင်အပတ်က ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းသူတစ်ဦး သေဆုံးပြီး ကားနောက်လိုက်သူ စပယ်ယာတစ် ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာ ၂၈ရက်နေ့ မနက် ၁ဝနာရီကျော်၌ မြန်မာအစိုးရစစ်တပ် ခြေမြန်တပ်ရင်း-ခမရ(၄၃၈)က...
အမေရိကန် သန်းကြွယ်သူဌေး George Soros မယ်တော်ဆေးခန်း သို့ လာရောက်
ဇန်နဝါရီ ၃ရက်။ ရွှေသိုက်တော
အမေရိကန်နိုင်ငံမှ ပရဟိတအလှူရှင်တဦးဖြစ်သည့် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် (George Soros) သည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသရှိ လူမှုအဖွဲ့အစည်းများ၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း သို့ ယနေ့နံနက်တွင် လာရောက်လေ့လာခဲ့သည်။
ဂျော့ဆိုးရော့စ်နှင့်အဖွဲ့ကို မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအဝင်...
နိုင်ငံရေးတရားဝင်လုပ်ဆောင် ရန် ဒေါက်တာတူးဂျာ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်
ဇန်နဝါရီလ ၃ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဒေါက်တာတူးဂျာသည် နိုင်ငံရေးကို ဥပဒေဘောင်အတွင်းမှ ဆက် လက် လုပ်ကိုင်သွားနိုင်ရန်အတွက် လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
ဒေါက်တာတူးဂျာက “ပါတီတစ်ရပ်ထောင်ဖို့ကလည်း မစဉ်းစားတော့ဘူး။ မနှစ်တုန်းက ပါတီထောင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်...
နှမ်းပိုးကျ၍ ကြိတ်ရွာနှမ်းစိုက်ခင်း ထက်ဝက်ကျော် ပျက်စီး
ဇန်နဝါရီလ ၂ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာတွင် ယခုနှစ် နှမ်းပိုးကျသည့် ပြဿနာနှင့် ကြုံတွေ့နေရသည့်အ တွက် နှမ်းခင်းအားလုံး၏ ထက်ဝက်ကျော်မှာ ပျက်စီးဆုံးရှုံးကုန်သည် ဟု နှမ်းစိုက်ပျိုးသူ ရွာသားများက ပြောသည်။
ပြီးခဲ့သည့်လ မတိုင်ခင်က စိုက်ပျိုးခဲ့သည့် နှမ်းခင်းများမှာ ယခုအချိန်တွင်...
နော်ဝေမြောက်ပိုင်း ကရင်နှစ်သစ်ကူးပွဲ ပရိဿတ် ၁၅ဝခန့် ဆင်နွဲ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၁။ (ကေအိုင်စီ)
နော်ဝေနိုင်ငံမြောက်ပိုင်းရှိ ဟာစတပ်(Harstad)ဒေသတွင် ၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို ဒီဇင်ဘာလ ၂၃ရက်နေ့ က ကျင်းပခဲ့ရာ နိုင်ငံခြားသား အပါအဝင် လူပရိဿတ် ၁၅ဝဦးခန့် လာရောက်ဆင်နွဲခဲ့ကြသည်။
ထိုနှစ်သစ်ကူးပွဲကို Northern Norway Karen Community (NNKC) မှ ဦးဆောင်ကာ မဲ့ခီလာ(Medkila)...
မြန်မာအစိုးရနှင့် ဆွေးနွေးရေး အတွက်အကြံပြုကြရန် ကရင်လူမှုအဖွဲ့များအား KNU ဖိတ်ခေါ်
ဒီဇင်ဘာလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် မြန်မာအစိုးရနှင့် တရားဝင် သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ မတွေ့ဆုံမီ အကြံပြုမှုများ ပေးပို့ကြရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများထံသို့ ယခင်အပတ်က ဖိတ်ခေါ်စာတစ်စောင် ပေးပို့ခဲ့သည်။
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုသည် ကရင်တမျိုးသားလုံး၏အရေးနှင့် သက်ဆိုင်သောကြောင့် ကရင်အဖွဲ့အစည်းနှင့်...





