Home သတင်း မြန်မာစစ်တပ်တွင် အနိုင်ကျင့်မှုများ ရှိ‌နေဆဲဟု ထွက်‌ပြေးလာသည့် တပ်သားတစ်ဦး‌ပြော

မြန်မာစစ်တပ်တွင် အနိုင်ကျင့်မှုများ ရှိ‌နေဆဲဟု ထွက်‌ပြေးလာသည့် တပ်သားတစ်ဦး‌ပြော

3044
ဒီဇင်ဘာလ ၂၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လှုပ်ရှား‌နေသည့် စကခ-၁၂ လက်‌အောက်ခံ ‌ခြေမြန်မာတပ်ရင်း- ခမရ(၂၃၀)မှ တပ်သား တစ်ဦးဖြစ်သူ အသက် ၂၁နှစ်အရွယ် ‌အောင်ကိုလတ်သည် အထက်အရာရှိ၏ ဖိနှိပ်အနိုင်ကျင့်မှု‌ကြောင့် ယခုလ ၁၂ရက်‌နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU ထံသို့ ထွက်‌ပြေး‌ရောက်ရှိလာခဲ့သည်။

တပ်ကိုယ်ပိုင်နံပါတ်- ၄၄၄၄၃၂ ဖြစ်သူ ‌အောင်ကိုလတ်က ခမရ(၂၃၀) တပ်ခွဲမှူး ဗိုလ်ကြီးဝင်းထိုက်၏ ထိုးကြိတ်ခဲ့မှုကို မခံမရပ်နိုင် သည့်အတွက် ၎င်းစစ်တပ်မှ ထွက်‌ပြေးလာရင်း KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)သို့ ‌ရောက်ရှိလာခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီ သို့ ယခုလို ‌ပြောသည်။

“ကျ‌နော်ဖျားပြီး ‌နေမ‌ကောင်းဖြစ်တဲ့အချိန်မှာ ကင်း‌စောင့်‌တော့ အိပ်‌ပျော်သွားတာကို ‌တွေ့သွားလို့ ကျ‌နော့်ကို ထိုးတယ်။ ကြိတ် တယ်။ အရင်ကလည်း ကျ‌နော့်ကို ၄၊ ၅ခါ ထိုးကြိတ်တာ‌တွေ ရှိခဲ့ဖူးတယ်။ ဒီလိုဖြစ်တာ များလာ‌တော့ စစ်သားမလုပ်ချင်‌တော့တာ လည်း ပါတယ်။”ဟု ‌ပြောဆိုသည်။

ဆက်လက်၍ ၎င်းထွက်‌ပြေးလာချိန်တွင် ဗိုလ်ကြီးဝင်းထိုက်၏ အိတ်ထဲမှ ‌ငွေကျပ် ၂၇၀,၀၀ဝ (နှစ်သိန်းခုနှစ်‌သောင်း)ကို ယူ‌ဆောင် လာပြီး ထွက်‌ပြေးလာရာ လမ်းတစ်‌လျှောက် သွားလာ‌ရေးတွင် အသုံးပြုခဲ့သည်ဟုလည်း သူက ဆိုသည်။

KNU တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး ‌စောအဲ့ဆဲဆဲက “သူ(‌အောင်ကိုလတ်) ‌ပြောပြချက်အရဆိုရင် စစ်တပ်ထဲမှာ ဖိနှိပ်မှု‌တွေရှိလို့ အခုလို ထွက်‌ပြေးလာတာလို့ ကျ‌နော်တို့ နားလည်တယ်။ သူက လက်နက်မကိုင်ချင်‌တော့ဘူးတဲ့။ အလုပ်ပဲလုပ်မယ်လို့‌ပြောတယ်။ သူ့ဆန္ဒအတိုင်းပါပဲ။ ကျ‌နော်တို့က‌တော့ ကူညီနိုင်သ‌လောက် ကူညီ‌ပေးမယ်။”ဟု ‌ပြောသည်။

၎င်းကိုယ်တိုင်ကလည်း လက်နက်ကိုင်မှုကို ဆက်မလုပ်‌တော့ဘဲ ‌ရောက်ရှိသည့်‌နေရာတွင် ရရာအလုပ်ကိုလုပ်ပြီး အသက်‌မွေးဝမ်း ‌ကျောင်း ဆက်လုပ်သွားမည်ဖြစ်‌ကြောင်း ‌ပြောသည်။

‌အောင်ကိုလတ်သည် မြန်မာစစ်တပ်ထဲသို့ ၂၀၁ဝခုနှစ်က စတင်ဝင်‌ရောက်ကာ ရမည်းသင်းစစ်သင်တန်း‌ကျောင်း ‌လေ့ကျင့်‌ရေး(၃) တွင် ‌လေးလ‌ကျော် စစ်သင်တန်းတက်ခဲ့ပြီး‌နောက် ခရမ(၂၃၀) တပ်ရင်းတွင် တာဝန်ထမ်း‌ဆောင်ရင်း ကရင်ပြည်နယ် လှိုင်းဘွဲမြို့ နယ်၏ ‌ရှေ့တန်းနယ်‌မြေသို့ ၇လကြာ ‌ရောက်ရှိခဲ့ပြီးမှ ယခုလို ထွက်‌ပြေးလာခြင်းဖြစ်သည်။

မြန်မာအစိုးရတပ်သည် လက်ရှိအချိန်ထိ က‌လေးစစ်သားများကို အသုံးချ‌နေ‌ကြောင်းနှင့် ကျန်းမာ‌ရေးမ‌ကောင်းသည့်ကြားက အလားတူ နှိပ်စက်မှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း ယခုနှစ် ဩဂုတ်လ ၂၃ရက်‌နေ့က KNU တပ်ရင်း(၂၀၁)သို့ ထွက်‌ပြေးလွတ် ‌မြောက်လာသည့် အသက် ၁၇နှစ်အရွယ် တပ်သား‌မောင်ရဲထက်က ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

၂၀၁၁ခုနှစ်အတွင်း KNU တပ်မဟာ ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)တွင် မြန်မာအစိုးရတပ်ဘက်မှ ထွက်‌ပြေးလာသူ တပ်သား ၃ဦးရှိသည်ဟု KNU တပ်မဟာ(၇)မှတ်တမ်းအရ သိရသည်။