Hay Htoo
၂၀၁၂ ဇန်နဝါရီလတွင် အစိုးရ နှင့် သွားရောက်တွေ့ဆုံမည် ဟု ကေအဲန်ယူပြောဆို
ဒီဇင်ဘာလ ၂၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် လာမည့်နှစ် ဇန်နဝါရီ ၁၂ရက် နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု KNU ဘက်က ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့မနက် ၉နာရီမှ ၁၁နာရီခွဲအထိ...
ကျောင်းသားများစုံညီပွဲတော်ကို မတက်မနေရဟု ကျိုက်ဒုံ ပညာရေးမှူး ညွှန်ကြားချက်ထုတ်
ဒီဇင်ဘာလ ၂၁ရက်။ စောခါးစူးညား၊ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံတိုက်နယ် ပညာရေးမှူး ဒေါ်စန်းစန်းတင်က ယခုလ ၂၇ရက်နေ့၌ ကျိုက်ဒုံအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် ကျောင်းသားများစုံညီပွဲတော်သို့ နယ်မြေခံ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်း သားကျောင်းသူများကို မသွားမနေရ စနစ်ဖြင့် ညွှန်ကြားချက် ထုတ်ထားကြောင်း ဒေသခံများက...
လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲ မှု သေကြေဒဏ်ရာရမှုရှိ
ဒီဇင်ဘာလ ၂၁ရက်။ ကေအိုင်စီ
ရန်ကုန်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ယနေ့မနက် ၁၁နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံးပေါက်ကွဲရာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ရှိသည်ဟု သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လှည်းတန်းလမ်းဆုံအနီးရှိ အများသုံး ပုဂ္ဂလိက သန့်စင်ခန်း၏ အမျိုးသမီးအိမ်သာ ဘက်ခြမ်း၌ ဖြစ်ပွား ခြင်းဖြစ်ပြီး အမျိုးသမီး ၁ဦး သေဆုံးကာ...
ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး
ဒီဇင်ဘာလ ၂ဝရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မဂင်္လာဒုံ စစ်ဆေးရုံသို့ကိုယ်စားဆေးရုံတက်ခိုင်းကာ ဆေးခွင့်များ ယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူ တစ်ဦးက ပြောသည်။
“ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက...
နောက်ပြန်လှည့်နေသော မွန်ပြည်နယ်၊ သထုံမြို့ စည်ပင်သာယာ
ပြည်သူတစ်ဦး
အမေရိကန်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများကပါ မြန်မာနိုင်ငံအား နောက်ပြန်မလှည့်ဖို့ အတင်းတိုက်တွန်းနေတာ ကို ပြည်သူအားလုံးက သိကြမှာပါပဲ။ နောက်ပြန်မလှည့်ပါနဲ့ ဆိုတာကလည်း ပြည်သူတွေကို အစိုးရက ငရဲအိုးထဲ ကို ဇောက်ထိုး ထည့်နေလို့ နိုင်ငံတကာက ကြည့်မကောင်းလို့ လမ်းကြောင်းအမှန်ကို လမ်းပြမြေပုံသဖွယ် တိုက်တွန်းကူညီပေးနေကြတာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေမှာ နောက်ပြန်မလှည့်ဖို့...
၄ကြိမ်မြောက် ကရင်မျိုးဆက်သစ်ကျောင်း သင်တန်းဆင်းပွဲ ကျင်းပပြီးစီး
ဒီဇင်ဘာလ ၁၆ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU က ကြီးမှူးဖွင့်လှစ်ခဲ့သည့် ၄ကြိမ်မြောက် ကရင်မျိုးဆက်သစ်သင်တန်းကျောင်းဆင်းပွဲ အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေတွင် (ဒီဇင်ဘာလ ၁၅ ရက်နေ့)ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။
၎င်းကျောင်းဆင်းပွဲ အခမ်းအနားသို့ ကေအဲန်ယူ ဗဟို ခေါင်းဆောင်များ၊ ကရင်လူငယ်အစည်းအရုံး-KYO, ကရင်အမျိုးသမီး အစည်းအရုံး-KWO, ကေအဲန်ယူ...
အဖွဲ့ချုပ်တာဝန်ပေးအပ်ပါက ရွေးကောက်ပွဲဝင်မည် ဟု ဒေါ်နန်းခင်ထွေးမြင့် ပြောဆို
ဒီဇင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
မကြာမီ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေသည့် မဲဆန္ဒနယ်မြေများတွင် အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ပါက ဝင်ရောက်အရွေးခံမည်ဟု အမျိုးသားဒီမိုကရေအဖွဲ့ချုပ်-NLD ၏ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်း ခင်ထွေးမြင့်က ကအိုင်စီသို့ ယနေ့ပြောကြားလိုက်သည်။
“ကရင်ပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ လစ်ဟာနေတဲ့ အမတ်နေရာ မရှိတော့တဲ့အတွက် ဝင်အရွေးခံလို့...
တပ်အပြောင်းလဲ လုပ်ဆောင်သည့် အစိုးရတပ် မိုင်းထိ
ဒီဇင်ဘာလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ယခုရက်ပိုင်းအတွင်း တပ်အပြောင်းအလဲများ လုပ်ဆောင်နေသည့် အစိုးရ စစ်တပ်သည် မြေမြှုပ်မိုင်း ထိမှန်ကာ ၃ဦး သေဆုံးခဲ့သည်ဟု နယ်စပ်ရှိ စစ်ဖက်ရေးရာသတင်းများအရ သိရသည်။
တပ်အပြောင်းအလဲ ပြုလုပ်နေသည့် အင်အား ၁၀၀ကျော်ရှိ အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၁၀)...
ငြိမ်းချမ်းရေးဆွေးနွေးသည့် KPC ကိုအာဏာပိုင်များ စောင့်ကြည့်မှုရှိနေ
ဒီဇင်ဘာလ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် ယခုလ ပထမပတ်က တွေ့ဆုံခဲ့သည့် ဘားအံမြို့ အခြေ စိုက် ကရင်ငြိမ်းချမ်းရေးကော်မတီ(KPC) ကို အစိုးရအာဏာပိုင်များက စောင့်ကြည့်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရ သည်။
ယခုလ ဒီဇင်ဘာလ ၇ရက်နေ့က ကရင်ငြိမ်းချမ်းရေးကော်မတီ-KPC မှ KNU နှင့်...
၁လနီးပါးအရွယ် ကလေးငယ်၏ မိခင်ကို မြန်မာစစ်တပ် ဓားဖြင့် ထိုးသတ်
ဒီဇင်ဘာလ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
တိုက်ပွဲများဖြစ်ပွားရာဒေသ ကချင်ပြည်နယ် မန်စီမြို့နယ် ခါ့ပရာကျေးရွာမှ မွေးကင်းစ သုံးပတ်သား အရွယ် ကလေးငယ်တစ်ဦး ၏ မိခင်ဖြစ်သူ အသက် ၃၄နှစ်အရွယ်ကချင်အမျိုးသမီး ဒေါ်ဆွမ်ခါရွယ်တောင် ကို မြန်မာစစ်တပ်က ဓါး(ဘက်နက်)ဖြင့် ထိုး သတ်ခဲ့သည်။
ယခုလ ၆ရက်နေ့ ညနေ ၅နာရီကျော်အချိန်၌...





