Home သတင်း ဘုရားသုံးဆူ‌ဒေသ ရာဘာ‌ဈေး ပြန်လည်ဦး‌မော့လာ

ဘုရားသုံးဆူ‌ဒေသ ရာဘာ‌ဈေး ပြန်လည်ဦး‌မော့လာ

2189
ဒီဇင်ဘာလ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ‌ဒေသတွင် ယခုရက်ပိုင်းအတွက် ရာဘာ‌ဈေး အနည်းငယ် ပြန်တက် လာသည်ဟု ရာဘာလုပ်ငန်းလုပ်ကိုင်သူ ‌ဒေသခံက ‌ပြောသည်။

“အခု တကီလိုကို ၈၅ဘတ်ပြန်တက်ပြီ။ အများကြီး ‌ဈေးတက်တာ‌တော့ မဟုတ်ဘူး။ ထပ်တက်ဖို့ အ‌နေအထားမှာ ရှိ‌သေး တယ်ဆို‌တော့ အ‌ခြေအ‌နေ ‌စောင့်ကြည့်တဲ့လူ‌တွေရှိသလို ပိုက်ဆံလိုတဲ့ လူ‌တွေဆို ‌ရောင်းတာ‌ပေါ့။”ဟု ရာဘာစိုက်ပျိုးသူတစ် ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က ရာဘာအရည်အ‌သွေး‌ပေါ်တွင် မူတည်ပြီး တကီလို ၇ဝဘတ်မှ ၆ဝဘတ်အထိ ကျဆင်းရာမှ ယခု ဘတ်‌ငွေ ၈ဝမှ ၁၀ဝနီးပါးအထိ မြန်မာပြည်ဘက်မှ ရာဘာအဝယ်ဒိုင်များက ဝယ်ယူ‌နေသည့်အ‌ပေါ် ယခုလို ‌ဈေးနှုန်း ပြန်လည် ဦး‌မော့လာခြင်း ဖြစ်သည်။

အခြား ရာဘာစိုက်ပျိုးသူတစ်ဦးက “ထိုင်းဘက်ခြမ်းဝယ်တာ ‌ဈေးမ‌ကောင်းဘူး။ ဗမာပြည်က ‌ဈေးပို‌ကောင်းတယ်။ ကျ‌နော့်ဟာ က ၁တန်ပဲရှိ‌သေးတယ်ဆို‌တော့ မ‌ရောင်း‌သေးဘူး။ အ‌ခြေအ‌နေကြည့်ရအုံးမယ်။ ၁ကီလို တစ်ရာ‌ကျော်ရမှ ‌ရောင်းရမယ် ထင် တယ်။”ဟု ‌ပြောသည်။

ဘုရားသုံးဆူ‌ဒေသတွင် ထိုင်းဘတ်‌ငွေကိုသာ အဓိက သုံးစွဲကြပြီး လက်ရှိအချိန်တွင် ထိုင်းနှင့် မြန်မာ‌ငွေလဲနှုန်းမှာ မြန်မာ‌ငွေ ၁၀ဝကျပ်ကို ထိုင်း‌ငွေ ၄ဘတ်နီးပါးရှိသည်ဟု ဘုရားသုံးဆူမြို့ခံများက ‌ပြောသည်။

သို့‌သော် ရာဘာအဝယ်ဒိုင်များအ‌နေဖြင့် ‌ဈေး‌ကောင်းရ၍ လိုက်လံဝယ်ယူခြင်း မဟုတ်ဘဲ ‌လော‌လောဆယ်တွင် ဝယ်ယူသို ‌လှောင်ထားကာ ရာဘာများ ‌ဈေး‌ကောင်းပြန်ရသည့်အခါမှသာ ‌ရောင်းချသွားမည်ဖြစ်‌ကြောင်း ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ရာဘာအဝယ်ဒိုင် ကိုယ်စားလှယ်တစ်ဦးက “ကျ‌နော်တို့ ‌ဈေး‌ကောင်းရလို့ လိုက်ဝယ်တာ မဟုတ်ပါဘူး။ ဒီ ဘုရားသုံးဆူမှာပဲ လာဝယ်ပြီး‌တော့ ပြန်စုထားတယ်။ ‌ဈေး‌ကောင်း‌ကောင်းရတဲ့အချိန်ကျမှ မြို့ထဲကို ပြန်သွင်းမယ်။”ဟု ‌ပြော သည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ‌ဒေသတွင် ‌နေထိုင်သူ အများစုမှာ အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းအဖြစ် ရာဘာစိုက်ပျိုး ခြင်းကိုသာ အဓိကထား လုပ်ကိုင်ကြပြီး လက်ရှိအချိန်တွင် ရာဘာစိုက်ခင်းဧက တစ်‌ထောင်‌ကျော်ရှိသည်ဟု သိရသည်။

ဘုရားသုံးဆူ‌ဒေသမှ ထွက်ရှိသည့် ရာဘာများကို ကြာအင်းဆိပ်ကြီး၊ မုဒုံမှတဆင့် ရန်ကုန်၊ မန္တ‌လေးသို့ တင်ပို့‌ရောင်းချသလို ထိုင်းနိုင်ငံသို့လည်း ပို့‌ဆောင်‌ရောင်းချလျှက်ရှိသည်ဟု ရာဘာအဝယ်ဒိုင်များ၏ ‌ပြောပြချက်အရ သိရသည်။