Home သတင်း မြန်မာတွင် နျူကလီးယားပစ္စည်း မှောင်ခိုမှု အပြစ်ရှိဟု ရာကူဇာဂိုဏ်းခေါင်းဆောင်ဝန်ခံ

မြန်မာတွင် နျူကလီးယားပစ္စည်း မှောင်ခိုမှု အပြစ်ရှိဟု ရာကူဇာဂိုဏ်းခေါင်းဆောင်ဝန်ခံ

847
Photo: The Reuters

ဇန်နဝါရီ ၉ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံမှ နျူကလီးယားပစ္စည်းများ မှောင်ခိုရောင်းဝယ်မှုဖြင့် စွဲချက်တင်ခံထားရသူ ဂျပန် ရာကူဇာဂိုဏ်းခေါင်းဆောင်ဖြစ်သူ သည် အပြစ်ရှိကြောင်း ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ဝန်ခံခဲ့သည်ဟု အမေရိကန်တရားရေးဌာနက ထုတ်ပြန်ထားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

ဂျပန်နိုင်ငံမှ အသက် (၆၀) နှစ်အရွယ် တာကိရှီ အီဘီစာဝါ သည် မြန်မာနိုင်ငံမှ ယူရေနီယံနှင့် ပလူတိုနီယမ်အပါအဝင် နျူက လီးယားပစ္စည်းများကို အခြားနိုင်ငံများသို့ ခိုးသွင်းရန်အတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ကို နယူးယောက်၊ မန်ဟက်တန်တရားရုံး၌ ဝန်ခံခဲ့ကြောင်း တရားရေးဌာနက ထုတ်ပြန်သည်။ ထို့အပြင် ၎င်းသည် နိုင်ငံတကာ မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု တရားရေးဌာနက ဆက်လက်ပြောကြားသည်။

အဆိုပါ ရာကူဇာဂိုဏ်းခေါင်ဆောင်သည် မြန်မာနိုင်ငံမှ နျူကလီးယား ပစ္စည်းများကို အီရန်သို့ ပို့ရန် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန် အာဏာပိုင်များက ၂၀၂၄ ခုနှစ်တွင် ဖေဖော်ဝါရီတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂိုဏ်းခေါင်းဆောင် အီဘီစာဝါကို နိုင်ငံတကာမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သေနတ်ပစ်ခတ်မှုများ ဖြင့်လည်း ၂၀၂၂ ခုနှစ်တွင် တရားစွဲဆိုခြင်းခံထားရသေးသည်။

“ဒီကနေ့ ဖက်ဒရယ်တရားရုံးမှာ ဝန်ခံခဲ့သည့်အတိုင်း၊ တာကိရှီ အီဘီစာဝါဟာ မြန်မာနိုင်ငံမှ လက်နက်အဆင့်ရှိတဲ့ ပလူတိုနီယမ် အပါအဝင် နျူကလီးယားပစ္စည်းများကို ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားခဲ့ပါတယ်” ဟု နယူးယောက်မြို့ တောင်ပိုင်းခရိုင်မှ ယာယီအမေရိကန်ရှေ့နေ အက်ဒ်ဝက်ကင်မ်က ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ စစ်မြေပြင်တွင် အသုံးပြုရန် ဝေဟင်ပစ် ဒုံးကျည်များနှင့် လဲလှယ်ရန် ဘိန်းဖြူ၊ စိတ်ကြွဆေး အမြောက် အများအမေရိကန်သို့ ပေးပို့ခဲ့သလို တိုကျိုတွင်လည်း မူယစ်ဆေးမှ ရရှိလာသည့် ငွေကြေးများကို ခဝါချရန် ကြံစည်ခဲ့သည်ဟု ရှေ့နေကင်မ်က ဆက်ပြောသည်။

အီဘီစာဝါ၏ လုပ်ရပ်များကို အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အာဏာပိုင်များက ပူးပေါင်းပြီး စုံစမ်း ဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။