ကရင့်ဂေဟ တည်ဆောက်ကြ
မန်းကိုကို
(၃၀ ဩဂုတ်၊ ၂၀၂၆)
သဘာ၀အတိုင်း ရှင်သန်ပေါက်ပွားနေထိုင်ဖို့ သင့်တော်တဲ့ ချောင်းမြောင်းရေအိုင်တွေထဲက ငါး၊ ပုဇွန်တွေကိုဖမ်းပြီး ဓါတုဆေးတွေ သုံးထားတဲ့ ကန်လေးတွေထဲမှာ ထည့်လှောင်ပြီး အလှမွေးကြတယ်။ လိုအပ်မယ်ထင်တဲ့ ကျောက်တုံး လေးတွေ၊ ရေမှော်လေးတွေ ထည့်တယ်။ ငါးတွေကြိုက်မယ်ထင်တဲ့ အစာတုတွေကို ထည့်ကျွေးတယ်။ ဘယ်လိုပဲလုပ် လုပ်...