ဧပြီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီကုန်သွယ်ရေးတံတားအမှတ် (၂) တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုအပြင် မြဝတီမြို့ရှိ ဒေသခံ (၆ဝဝဝ)နီးပါး ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်နှင့် သောင်ရင်းမြစ် ကမ်း နားနေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုရှိနေကြောင်း မြို့ခံကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူ ပြောဆိုချက်အရ သိရသည်။
“ဒီနေ့ရေပူရွာနဲ့ မဟာစည်ရိပ်သာကျောင်း၊ စိုက်ပျိုးရေးဇုန်နေရာတွေမှာ နှစ်ဖက်ပစ်ခတ်တဲ့အကြား ထိခိုက် ကြ တာ ရွာသားရပ်ကွက်သားတွေ ၁၀ ယောက်ကျော်ရှိတယ်။ သေတာက ၅ ယောက်ရှိတယ်။ ထိုင်းဘက်ကမ်း ကို ရှောင်တာနဲ့ BGF ကုန်ကူးကားကူးဂိတ်တွေထဲရှောင်နေရတာနဲ့ဆို ၄ ထောင်ဝန်းကျင်ရှိတယ်၊ ၁၃ ဂိတ်ထိုင်းဘက် ခြမ်းနွားခြံနဲ့ ကားကူးဂိတ်တွေထဲမှာ စစ်ရှောင်တွေထားထားတယ်။ တံတား (၁) ကနေလည်း လက်မှတ် နဲ့ မဲဆောက်ဘက်ဝင်တာလည်း ၂ ထောင်နီးပါးရှိနေတယ် ”ဟု စစ်ရှောင်အကူအညီပေးနေသည့် မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

ဧပြီလ ၂၀ ရက် နံနက်ပိုင်းမှ ညနေ ၄ နာရီခန့်အချိန်အထိ စစ်ကောင်စီတပ်ခိုအောင်းနေထိုင်သည့် ကုန်သွယ်ရေး တံတား အမှတ်(၂ ) ကားဝင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- မဟာမိတ် တပ်များဝင် ရောက်တိုက်ခိုက်နေစဉ် စစ်တပ်ဗုံး ကြဲလေယာဉ် Y12 နှင့် Mi 17 တိုက် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက် သည့်အတွက် မြေနီကုန်းရပ်ကွက်နေအိမ်နှင့် ကုန်ပစ္စည်းသိုလှောင်ဂိုဒေါင်များ မီးလာင်ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည်။
စစ်ရေးနယ်မြေသတင်း အရင်းအမြစ်က “Y12 ဗုံး ကြဲ တာ ၁၅၇ လုံးကြဲတယ်။ ရဟတ်ယာဉ်လည်း လာပစ်တယ်။ ကုန်သွယ်ရေး ဇုန်ကို တိုက်ပွဲဖြစ်နေတာကိုတော့ မပစ်ချဘူး။ အဲဒီဘေးက ရွာတွေ၊ ရပ်ကွက်တွေကို ပစ်ချ ဗုံး ချတော့ အရပ်သားတွေ ထိကုန်တာပေါ့၊ တော်လှန်ရေးအဖွဲ့တွေလည်း ထိကုန်သေကုန်တာ ရှိတယ် ”ဟု ပြော သည်။

ယနေ့ မြန်မာစံတော်ချိန် ည ၉ နာရီအချိန်အထိ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ဆက်လက် လုပ်ဆာင်လျက်ရှိသည်။ လက်ရှိ ဒေသခံအများစု နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် နေရာများတွင် စားသောက် စရာနှင့် နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေကြရကြာင်း မြဝတီဘက်အခြမ်း နှင့် မဲဆောက်ဘက်ခြမ်း တို့တွင် စစ်ဘေးရှောင်ကူညီနေကြသည့် အရပ်ဖက်အဖွဲ့ တာဝန်ရှိသူများ ပြောစကားအရ သိရသည်။



















