သေရာပါ ဒဏ်ရာနှင့် ရဲဘော်ရှောင်လင်၏ တော်လှန်ရေးခရီး
နမ့်ဆန်းထီ
(ဩဂုတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်)
ညကမှောင်မှောင် တစ်ဝက်တစ်ပျက်သာနေသော လရောင်ကိုအဖော်ပြု၍ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ဘက်တံဆိပ်တပ် စစ်ယူနီဖောင်းဝတ် လူတစ်စုသည် သေနတ် ကိုယ်စီကိုင်ထားလျက် သူတို့မစ်ရှင်လုပ်မည့် နေရာသို့ ဦးတည်ချီတက်နေကြသည်။
စစ်ကြောင်းမှူးပြထားသော မြေပုံပါအမှတ်အသားအတိုင်း ညသန်းခေါင်ယံမှ သူတို့စထွက်လာကြခြင်းဖြစ်၍...