Home သတင်း ရေး-မော်လမြိုင်ကားလမ်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထား

ရေး-မော်လမြိုင်ကားလမ်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထား

609
Photo: ဒေါနစစ်ကြောင်း

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေး-မော်လမြိုင် ကားလမ်းတစ်လျှောက်ကို လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ရေး-မော်လမြိုင်ကားလမ်းဘေး နေထိုင်သူ ဒေသခံတစ်ဦးက “‌ တော်လှန်ရေးတပ်ဖွဲ့တွေ ၇၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီး ပြောရမယ်။ တပ်စခန်းတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့အချို့ရှိသေးတယ်။ လမ်းမှာ‌တော့ တော်လှန်ရေးတပ်ဖွဲ့တွေပဲ အမြဲရှိတယ်။ သွားလာတဲ့ပြည်သူ တွေ အေးအေးဆေးဆေးပါပဲ”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အဆိုပါ ကားလမ်းမတစ်လျှောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်အနေဖြင့် ခံစစ်အနေ အထားမှ ခွာစစ်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဒေါနစစ်ကြောင်းမှူးစောဒါးကိုက ကေအိုင်စီသို့ ပြောသည်။

Photo: ဒေါနစစ်ကြောင်း

“တိုက်ပွဲက ၂၀၂၃ခုနှစ်၊ ၉လပိုင်း ၁၀ လပိုင်းကနေ ၂၀၂၄ ခုနှစ်အထိ အရှိန်တဖြည်း ဖြည်းမြင့်လာတယ်။ စစ်ကောင်စီတပ်က ခံစစ်ထက်၊ ခွာစစ်ကို အားပြုလာတယ်။ တစ်ချို့အင်အားနည်းတဲ့စခန်းတွေ၊ တပ်ရင်း တွေဆို တခြားနေရာနဲ့သွားပေါင်းနေရတယ်။ စခန်းသေးအချို့လည်း ရုပ်လိုက်ပြီး”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ရေး-မော်လမြိုင်လမ်းကို တော်လှန်ရေးပူးပေါင်းတပ်မှ ထိန်းချုပ်ထားသည့်အပြင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏသွားရောက် ပစ်ခတ်လေ့ရှိသည့်အတွက် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းပြင် ထွက်မရဲကြကြောင်း ဒေသခံများက ပြောသည်။