အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်စစ်အုပ်စုအဖွဲ့ဦးဆောင်ကာ ဒေသအတွင်းငြိမ်းချမ်းရေးအတွက် ခေါင်းစဉ်တပ် လုပ်ဆောင်နေသော်လည်း ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်သာဖြစ်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးမရနိုင်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
ပြီးခဲ့သည့်လပိုင်းတွင် စစ်အုပ်စုသည် ၎င်းတို့နဲ့ အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိုအမည်ခံ တွေ့ဆုံ၍ ၎င်းတို့အတွက်ပြန်လည်အသုံးချရန်...