အောက်တိုဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲတွင် စစ်အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်စက်တင်ဘာမှ လက်ရှိအချိန်ထိ စာသင်ကျောင်းများပြန်မဖွင့်ရဲဘဲ ဘေးလွတ်ရာတွင် စစ်ရှောင်ရင်းဖြစ်သလို ပညာသင်နေရကြောင်း နယ်မြေအုပ်ချုပ်မှုတာဝန်ရှိသူနှင့် ဒေသခံများထံမှသိရသည်။
ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောနှင့်ကျောက်ဖျာကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့်စက်တင်ဘာလထဲ စစ်အုပ်စု၏ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဥ်ပစ်ခတ်မှုများ နေ့စဥ်လိုလိုရှိနေ၍...