Home သတင်း ဝင်းရော်ဒေသမှ အဘွားအိုတစ်ဦး စစ်ရှောင်ရင်း သေဆုံး

ဝင်းရော်ဒေသမှ အဘွားအိုတစ်ဦး စစ်ရှောင်ရင်း သေဆုံး

1523

မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေး တိမ်းရှောင်နေသူ အဘွားဒေါ်ကြည်မြင့် အသက်(၇၈)နှစ်သည် ယနေ့မေလ ၁၉ ရက်နေ့ နံနက်တွင် စစ်ရှောင်ရင်း သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် တံခွန် တိုင်ရွာနေအဘွားဒေါ်ကြည်မြင့်သည် မိသားစုဝင်များနှင့်အတူ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် သူခံစားနေရသည့် နာတာရှည် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဝင်းရော်ဒေသ စစ်ပုန်းရှောင်နေသည့် နေရာများတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုအများပြားရှိနေပြီး ကျန်းမာရေးလိုအပ်ချက်များကို ပရဟိတ ကျန်းမာရေး ဆရာဝန်များက ကူညီစောင့်ရှောက်ပေးလျက်ရှိသည်ဟု စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။