Home သတင်း မြဝတီသဃင်္န်းညီ‌နောင်အဖွဲ့စုံဂိတ် ရုပ်သိမ်းပြီး ရဲနှင့်တပ်မှ စစ်‌ဆေး‌ရေးဂိတ်အဖြစ် ဆက်ဖွင့်

မြဝတီသဃင်္န်းညီ‌နောင်အဖွဲ့စုံဂိတ် ရုပ်သိမ်းပြီး ရဲနှင့်တပ်မှ စစ်‌ဆေး‌ရေးဂိတ်အဖြစ် ဆက်ဖွင့်

1567
Photo: CJ

ဒီဇင်ဘာ ၂ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ သဃင်္န်းညီ‌နောင်အဖွဲ့စုံ ဂိတ်အား ရုပ်သိမ်းပြီး‌နောက် လက်ရှိ စစ်‌ကောင်စီ၏ ရဲနှင့်တပ်မှ ခရီးသွားသူများအား စစ်‌ဆေးသည့်ဂိတ်အဖြစ် ဆက်လက် ဖွင့်လှစ်လျက်ရှိ‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့အဝင် တံတားကျိုးအဖွဲ့စုံဂိတ်အား ဖွင့်လှစ်ပြီး‌နောက် ယခင်က ဖွင့်လှစ်ခဲ့သည့် မြဝတီမြို့အဝင် သဃင်္န်းညီ‌နောင်အဖွဲ့စုံဂိတ်ကို ဝန်ထမ်းအင် အား ‌လျှော့ချကာ ရဲ နှင့် တပ်မှ မြို့ဝင်၊ မြို့ထွက် စစ်‌ဆေး‌ရေးဂိတ်အဖြစ် ဆက်လက် အသုံးပြုလျက်ရှိ‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုလမ်း‌ကြောင်းရှိ ‌ကော့ကရိတ်မြို့အဝင် တံတား ကျိုး‌နေရာတွင် တရားမဝင်ကုန်သွယ်မှုအား ထိန်းချုပ်နိုင်ရန်ဟုဆိုကာ အဖွဲ့စုံစစ်‌ဆေး‌ရေး ဂိတ်ကို ယမန်‌နေ့ ဒီဇင်ဘာလ ၁ ရက်‌နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တံတားကျိုး အဖွဲ့စုံ စစ်‌ဆေး‌ရေးဂိတ်ဖွင့်ပွဲသို့ ပြည်နယ် စစ်‌ကောင်စီ ဥက္ကဋ္ဌ ဦး‌စောမြင့်ဦး နှင့် ‌ကောင်စီအဖွဲ့ဝင်များ တက်‌ရောက်ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

Photo: CJ

ယခု အသစ်ဖွင့်လှစ်လိုက်သည့် ‌ကော့ကရိတ် တံတားကျိုးအဖွဲ့စုံ စစ်‌ဆေး‌ရေး ဂိတ်တွင် တင်းကြပ်သည့် စစ်‌ဆေးမှုများ‌ကြောင့် ‌ဒေသထွက်ကုန် သယ်ယူပို့‌ဆောင် မှုများအတွက်ပါ ထိခိုက်မှုရှိလာ‌ကြောင်း မြဝတီမြို့မှ ဝဥ လုပ်ငန်းရှင် ကိုမင်းသူ က ‌ပြောသည်။

၎င်းက “မ‌နေ့က မြဝတီ‌ဒေသထွက် ဝဥ အချိန် ၉၀ဝ ကို ‌မော်လမြိုင်မြို့ကို ပို့မယ်ဆိုပြီး ယာဉ်ငယ်ဖြင့် တင်‌ဆောင်သွားခဲ့ပါတယ်။ ‌ကော့ကရိတ် တံတား ကျိုးဂိတ်ကို‌ရောက်‌တော့ ဝဥ တင်တဲ့ကားကို ‌ပေးမဖြတ်ဘူး။ သူတို့ ‌ပြောတာက ‌ဒေသထွက်ကုန်စည်ဆိုရင် ‌ဒေသစိုက်ပျိုး‌ရေးဌာန၏ ‌ထောက်ခံချက်နဲ့ကုန်သွယ်ခွန် ‌တွေပါမှ ‌ပေးဖြတ်မယ်လို့ ဂိတ်တာဝန်ရှိသူ‌တွေက ‌ပြောပါတယ်။ “ဟု ‌ပြောသည်။

ဆက်လက်၍ “သာမန်စိုက်ပျိုး‌တောင်သူ‌တွေအ‌နေနဲ့ သူတို့‌ပြောတဲ့ စာရွက်စာတမ်း အ‌ထောက်အထား‌တွေလုပ်ဖို့ဆိုတာက အခက်အခဲရှိပါတယ်။ အရင်က‌တော့ သဃင်္န်းညီ‌နောင် စစ်‌ဆေး‌ရေးဂိတ်မှာ ‌ပြောပြီးသွားလို့ရတယ်။ အခု‌တော့ ဒီအတိုင်းဆိုရင် ‌ဒေသတွင်း ထွက်ကုန်ပစ္စည်း‌တွေကို တစ်မြို့နဲ့တစ်မြို့ အလွယ်တကူ သယ်ယူဖို့ မလွယ်‌တော့ဘူး” ဟု ဝဥလုပ်ငန်းရှင် ကိုမင်းသူက ဆက်‌ပြောသည်။

တရားမဝင်ကုန်သွယ်မှုအား ထိန်းချုပ်နိုင်ရန် စစ်‌ကောင်စီမှ ‌ကော့ကရိတ် တံတားကျိုးအဖွဲ့စုံဂိတ်ကို ဖွင့်လှစ်ပြီး‌နောက် ကုန်စည်များအပြင် လိုင်စင်မဲ့ ယာဉ်များကိုပါ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထား၍ ‌ဒေသတွင်း သွားလာမှု အတွက် လိုင်စင်မဲ့ယာဉ်များကို အသုံးပြု‌နေရသည့် ပြည်သူများအတွက် များစွာအခက်အခဲရှိ‌နေ‌ကြောင်း သိရသည်။