Home သတင်း ထိုင်းဘက်သို့ တရားမဝင်နယ်စပ် ဖြတ်‌ကျော်ဝင်ခဲ့၍ တစ်လ‌ကျော်အတွင်း ဖမ်းဆီးခံရသူ ၄၀ဝ ‌ကျော်ရှိ

ထိုင်းဘက်သို့ တရားမဝင်နယ်စပ် ဖြတ်‌ကျော်ဝင်ခဲ့၍ တစ်လ‌ကျော်အတွင်း ဖမ်းဆီးခံရသူ ၄၀ဝ ‌ကျော်ရှိ

1790

‌အောက်တိုဘာ ၅ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်ခဲ့၍ စက်တင်ဘာလ ၁ ရက်မှ ‌အောက်တိုဘာ ၄ ရက်‌နေ့ထိ တစ်လ‌ကျော်အတွင်း ဖမ်းဆီးခံရသူ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၄၀ဝ ‌ကျော်ရှိ‌ကြောင်း ထိုင်းနိုင်ငံ ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံဘက်မှ သတင်းထုတ်ပြန်ထားချက်အရ ယခု ‌အောက်တိုဘာလ ၁ ရက်‌နေ့တွင် တာ့ခ်ခရိုင် မဲ‌ဆောက် ဧရိယာအတွင်း က‌လေးငယ်တစ်ဦးအပါအဝင် အမျိုးသားအမျိုးသမီး ၃၉ ဦး၊ ‌အောက်တိုဘာလ(၃)ရက်‌နေ့တွင် မဲ‌ဆောက်နယ်‌မြေအတွင်း အမျိုးသား၊ အမျိုးသမီး၂ဝ ဦးနှင့် ချင်းမိုင်ခရိုင် ဖန်ရွာအနီးဥယျာဉ်ခြံတစ်ခုတွင် တရားမ ဝင်မြန်မာလုပ်သား (၁၅)ဦးဖမ်းဆီးခံခဲ့ရသည်ဟု ‌ဖော်ပြထားသည်။

၎င်းအပြင် ထိုင်းနှင့် တနသင်္ာရီတိုင်း ‌ဒေသကြီးနယ်စပ်ပကျွတ်ခီရီခမ်ခရိုင်အတွင်း တရားမဝင်နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား ၅၈ ဦး ၊ လမ်းပြ‌ခေါ်‌ဆောင်လာသူ ၂ ဦးနှင့် ကားတစ်စီးတို့ကို ‌အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်‌နေ့တို့တွင် သီးခြားဖမ်းဆီးရမိခဲ့ရ၍ ယခင်လ စက်တင်ဘာလ မှ ယခု ‌အောက်တိုဘာလ ၄ ရက်‌နေ့ထိ တရားမဝင်နယ်စပ်ဖြတ်‌ကျော်မှုမှ ဖမ်းဆီးခံရသူ ၄၀ဝ ‌ကျော်ရှိ‌ကြောင်း ‌ဖော်ပြထားသည်။

ယခုကာလအတွင်း မြန်မာနိုင်ငံသားများ ဝင်‌ရောက်မှုများပြားလာရခြင်းမှာ ထိုင်းနိုင်ငံအတွင်း‌ရောက်ရှိ‌နေသည့် အ‌ထောက်အထား မရှိသူများအား ထိုင်းအစိုးရမှ ယာယီ‌နေထိုင် လုပ်ကိုင်ခွင့်အ‌ထောက်အထား စာရွက်စာတမ်း များဖြစ်‌သော ‌ထော‌ရော-38 ပန်း‌ရောင်ကဒ်များ လုပ်‌ပေးမည်ဆို‌သောသတင်းနှင့် ပွဲစားများ၏ တ‌ကျော့ပြန်လှုံ့ ‌ဆော်မှုများ‌ကြောင့်ဖြစ်သည်ဟု မဲ‌ဆောက်မြို့ အ‌ခြေစိုက်ထိုင်း‌ရောက် မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်း လှုပ်ရှားမှု‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

“နယ်စပ်က‌နေ ထိုင်းဘက်ကို တရားမဝင် ဝင်‌ရောက်လာတဲ့ မြန်မာနိုင်ငံသား‌တွေဟာ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာသလို ဖမ်းဆီးရမိမှု‌တွေလည်း ‌နေ့စဉ်လိုလို ရှိ‌နေပါတယ်။ ယခုလို ဝင်‌ရောက်မှုများပြား လာတာ က‌တော့ ထိုင်းနိုင်ငံထဲမှာ အ‌ထောက်အထားပြုလုပ်‌ပေးမယ်ဆိုတဲ့ သတင်းပျံ့ နှံ့မှုရယ်။ ပွဲစား‌တွေရဲ့ လှုံ့‌ဆော်မှု‌တွေ‌ကြောင့်လည်း ပါဝင်ပါတယ်။ “ဟု ဦးမိုးကြိုးက ‌ပြောသည်။

ဆက်လက်၍ ဦးမိုးကြိုးက “ကျ‌နော်တို့ ဘယ်လိုပင်သတိ‌ပေး‌ပေး ခု‌တော့ ဖမ်းဆီးခံရတာ‌တွေက များ‌နေပါပြီ။ တားမနိုင်၊ ထိန်းမရ အ‌ခြေအ‌နေမှာ ဥပ‌ဒေအတိုင်း အ‌ရေးယူခံရမှသာ ဖမ်းဆီးခံရသူ‌တွေနဲ့ ‌နောက်ထပ် လာချင်တဲ့သူ‌တွေ အသိသတိ‌လေး‌တွေ ဝင်လာကြမှာ ဖြစ်တယ်”ဟု ထပ်မံ‌ပြောဆိုသည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်လာ သူများသည် လူပွဲစားများအား ကယ်ရီခ ထိုင်းဘတ်‌ငွေ ၂၅၀၀ဝ မှ ၂၉၀၀ဝ ထိ ‌ပေး‌ဆောင်ခဲ့ကြရသည်ဟု အလုပ်သမားအ‌ရေးကူညီ‌ဆောင်ရွက်သူများက ‌ပြောသည်။

ယခုလို တရားမဝင်နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်မှုများလာရခြင်းမှာ လက်ရှိမြန်မာနိုင်ငံထဲတွင် ကိုဗစ်နဲ့နိုင်ငံ‌ရေး မတည်ငြိမ်မှုများ‌ကြောင့် အလုပ်အကိုင် ပိုမိုရှားပါး‌နေခြင်း၊ ကိုဗစ်-၁၉ ဂယက်‌ကြောင့် တရားဝင် MOU စနစ်ဖြင့် နယ်စပ်ဖြတ်‌ကျော် လုပ်ကိုင်ခွင့် တစ်နှစ်‌ကျော်ကြာ ပိတ်ထားဆဲဖြစ်သည့်အတွက် ယခုလို ကယ်ရီခ‌ဈေးကြီး‌ပေးပြီး ရသည့်နည်းဖြင့် ပြည်ပသို့ ထွက်ခွာ‌နေကြခြင်းဖြစ်‌ကြောင်း ထိုင်း‌ရောက် မြန်မာလုပ်သားအ‌ရေး ‌ဆောင်ရွက်သူ တစ်ချို့၏ သုံးသပ်‌ပြောဆိုမှုများရှိ‌နေသည်။

ယခုဆိုလျှင်၂၀၂ဝ ခုနှစ်၊ မတ်လ ကိုဗစ်ကာလ အစမှ ယ‌နေ့ ၂၀၂၁ ခုနှစ်၊ ‌အောက်တိုဘာလ ပထမအပတ်ထိ (၁၈)လ ‌ကျော်ကာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် လမ်း‌ကြောင်းမှ နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်မှု‌ကြောင့် ဖမ်းဆီးခံရသူ ၄၀,၀၀ဝ ‌ကျော် ရှိပြီးဖြစ်‌ကြောင်း ထိုင်းနိုင်ငံဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။