Home သတင်း ဖားအံမြို့တွင် အချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့်ယာဉ်များကို စစ်‌ဆေးဖမ်းဆီးမှုရှိ‌နေဆဲ

ဖားအံမြို့တွင် အချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့်ယာဉ်များကို စစ်‌ဆေးဖမ်းဆီးမှုရှိ‌နေဆဲ

2586

ဇွန် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စာရွက်စာတမ်းအချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့်ယာဉ်များကို ယ‌နေ့ (ဇွန် ၃၀)ရက်‌နေ့ အထိ စစ်‌ဆေးဖမ်းဆီးမှုရှိ‌နေဆဲဖြစ်သည်ဟု သိရသည်။

ဖားအံမြို့အတွင်း အချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့် ယာဉ်များကို တနလင်္ာ၊ ဗုဒ္ဓဟူးနှင့် ‌သောကြာ‌နေ့ တွင် ယာဉ်ထိန်းရဲများက ဖားအံမြို့လမ်းဆုံ‌နေရာတွင် စစ်‌ဆေးဖမ်းဆီးလျက်ရှိပြီး ၎င်းယာဉ်များကို ခရိုင်ရုံးသို့ ပြန်လည်သယ်‌ဆောင် အ‌ရေးယူ‌ဆောင်ရွက်လျက်ရှိသည်ဟု မြို့ခံများထံမှ သိရှိရသည်။

ဖားအံမြို့ခံတစ်ဦးက ” သူတို့က ‌နေ့တိုင်းမစစ်ဘူး။ အဲ့ဒီ ၃ ရက်ကို ပြန်ပြီး‌တော့ ဖမ်းတယ်။ အခုဖမ်းတာက ရဲတို့ စစ်တပ်တို့ပါတာ မ‌တွေ့‌တော့ဘူး။ ‌မော်‌တော်ပီကယ်(ယာဉ်ထိန်းရဲ)‌တွေပဲ ဖမ်းတယ်။ သူတို့ ဖမ်းတာက‌တော့ အဓိကက အချက်အလက်မပြည့်စုံတဲ့ ယာဉ်‌တွေကို ဖမ်းတယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့အတွင်း ဖမ်းဆီးစစ်‌ဆေးမှုများသည့် ‌နေရာမှာ ဖားအံဘုရားကြီးဝင်း၊ မဲ‌ဘောင်‌ဈေး‌ရှေ့၊ ‌ရွှေကြက်ဖမီးပွိုင့်၊ ဖားအံလမ်းဂွ နှင့် ကြာအင်းမီးပွိုင့် စသည့် ‌နေရာများတွင် မကြာခဏ စစ်‌ဆေးအ‌ရေးယူ ‌ဆောင်ရွက်လျက်ရှိသည် ဟု သိရသည်။

‌ကျေးလက်‌နေထိုင်သူအများစုသည် လိုင်စင်မဲ့ယာဉ်များကိုသာ အများဆုံးအသုံးပြုပြီး ဖားအံမြို့တွင် ယခုလို အချက်အလက်မပြည့်စုံသည့်ယာဉ်များကို ‌စောင့်ကြည့်ဖမ်းဆီးသည့်အတွက် ‌ကျေးရွာမှ‌နေထိုင်သူများ မြို့‌ပေါ်သို့ ‌ဈေးဝယ်ရန် အခက်အခဲများရှိသည်ဟု သိရှိရသည်။

ဇွန်လ ၇ ရက်‌နေ့မှ စ၍ မှတ်ပုံတင်ထားခြင်းမရှိသည့်(လိုင်စင်မဲ့) ‌မော်‌တော်ယာဉ် အသုံးပြုသူ ယာဉ်‌မောင်းများကို စစ်‌ဆေး‌တွေ့ရှိလျှင် အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် ‌မော်‌တော်ဆိုင် ကယ်အသုံးပြုသူများကိုလည်း စစ်‌ဆေး‌တွေ့ရှိပါက ‌ဒေသလိုင်စင်လုပ်‌ဆောင်ရမည်ဖြစ်‌ကြောင်း ပြီးခဲ့သည့်ဇွန်လ ၂ ရက်‌နေ့တွင် လိုက်လံ‌ကြေညာထားခြင်းရှိသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသတ်မှတ်ချက်ထဲတွင် ‌သောက်စားမူးယစ်ပြီး ယာဉ်‌မောင်းနှင်ခြင်း မပြု ရန်၊ အရှိန်ပြင်း‌မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်စီးသူများ ဦးထုပ်ကို စနစ်တကျ‌ဆောင်းရန်နှင့် နှစ်ဦးထက် ပိုမ စီးရန်၊ ဆူညံသည့် အိတ်‌ဇောများတပ်ဆင်အသုံးမပြုရန်နှင့် ဆိုင်ကယ်‌နောက်ကြည့်မှန် တပ်ဆင်ရမည့်အပြင် ဆိုင်ကယ်နှင့်အတူ ယာဉ်လိုင်စင်(ဝှီးတက်)ပါရမည်ဖြစ်‌ကြောင်းလည်း သတ်မှတ်ထားသည်။