Home သတင်း ကြာအင်းဆိပ်ကြီးမြို့ Mytel ဆက်သွယ်‌ရေးရုံးမှ ဝန်ထမ်း ၉ ဦး COVID-19 ပိုး‌တွေ့

ကြာအင်းဆိပ်ကြီးမြို့ Mytel ဆက်သွယ်‌ရေးရုံးမှ ဝန်ထမ်း ၉ ဦး COVID-19 ပိုး‌တွေ့

2058

ဇွန် ၃ဝ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက်(၂) ‌ရွှေဝါလမ်းရပ်ရှိ စစ်တပ်ပိုင် Mytel မိုင်တဲလ် ဆက်သွယ်‌ရေးရုံး မှ ဝန်ထမ်း ၁၂ ဦး ယ‌နေ့ (ဇွန် ၃ဝ ရက်)တွင် ကိုဗစ်ပိုးစစ်ကိရိယာဖြင့် စစ်‌ဆေးရာတွင် ၉ ဦးမှာ ပိုး‌တွေ့ရှိသည်ဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။

Covid-19 ပိုး‌တွေ့ရှိသည့် မိုင်တဲလ် ဝန်ထမ်း အမျိုးသား ၉ ဦးကို ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့‌ဆေးရုံ သီးခြား အ‌ဆောင်တွင် ‌ဆေးကုသမှု ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိ‌တွေ့ထားသူများကိုလည်း ‌နေအိမ်နှင့် သွားလာမှု ကန့်သတ်ထား‌ကြောင်း မြို့နယ်ရှိ လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။

“ဝန်ထမ်းထဲက ၁၂ ‌ယောက် ပိုးစစ်တာ ၉ ‌ယောက်က ပိုး‌တွေ့တယ်‌ပေါ့‌နော်။ ထိ‌တွေ့ဆက်စပ်တဲ့ လူ‌တွေကိုလည်း ‌ရောဂါစစ်‌ဆေးမှု လုပ်‌ဆောင်‌နေပါတယ်။ မြို့‌ဆေးရုံက သီးခြားအ‌ဆောင်မှာ ‌ဆေးကုသမှုခံယူဖို့ ပြင်ဆင်‌နေကြ ပါပြီ။ တစ်မြို့လုံးမှာလည်း Mask ‌တွေတပ်ပြီး သွားလာ‌နေကြပါတယ်။ ထိ‌တွေ့ထားတဲ့ မိသားစုဝင်‌နေအိမ်‌တွေ ကန့်သတ်မှု လုပ်‌နေတယ်” ဟု အမည်မ‌ဖော်လိုသူ လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်တစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

‌ကော့ကရိတ်မြို့သို့ ခရီးသွားလာခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့ Mytel ရုံး တာဝန်ရှိသူတစ်ဦးကို ဇွန်လ ၂၉ ရက် ‌နေ့တွင် ပိုးစစ်ကိရိယာဖြင့် စစ်‌ဆေးရာ Covid-19 ပိုး‌တွေ့ရှိခဲ့ပြီး ‌နောက်ထပ်ရုံးဝန်ထမ်း ၉ ဦးကို ‌ရောဂါပိုးထပ်မံ ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ၊ ဝင်း‌ရော်‌ဒေသနှင့် မြို့‌ပေါ်ရပ်ကွက်များတွင် ဇွန်လ ၂၈ ရက်‌နေ့မှစတင် ကာ ကိုဗစ်ပိုးကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီး ကျန်းမာ‌ရေးဝန်ထမ်း လုံ‌လောက်မှုမရှိခြင်းနှင့် ကိုဗစ်‌ရောဂါ ကာကွယ်သည့်‌နေရာများလည်း မရှိ‌တော့သည့်အတွက် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများ အခက်အ ခဲရှိလာ သည်ဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ‌ပြောသည်။