Home သတင်း ‌ဝေါ်‌လေ‌ဒေသ သတ်ဖြတ်မှုသတင်းကိစ္စ သက်ဆိုင်ရာဥပ‌ဒေဖြင့် စုံစမ်းစစ်‌ဆေးမည်ဟု KNU ဗဟို ထုတ်ပြန်

‌ဝေါ်‌လေ‌ဒေသ သတ်ဖြတ်မှုသတင်းကိစ္စ သက်ဆိုင်ရာဥပ‌ဒေဖြင့် စုံစမ်းစစ်‌ဆေးမည်ဟု KNU ဗဟို ထုတ်ပြန်

5751

ဇွန်လ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အရပ်သားများအား ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO)မှ သတ်ဖြတ်ခဲ့သည်ဟု သတင်းဖြစ်‌ပေါ်‌နေမှုကို အဖြစ်မှန်‌ပေါ်‌ပေါက်‌ရေးအတွက် KNU-ကရင်အမျိုးသားအစည်းအရုံး(ဗဟို)မှ‌နေ၍ စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့စည်းကာ စစ်‌ဆေးသွားမည်ဖြစ်‌ကြောင်း ဇွန်လ ၁၆ရက်‌နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

KNU အ‌နေဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများအတွင်း အရပ်သားများအား သတ်ဖြတ်သည့်ဖြစ်စဉ်များကို လက်ခံနိုင် ခြင်း မရှိသည့် Geneva Convention ကို လိုက်နာပြီး ထိုကဲ့သို့‌သော ကိစ္စရပ်များနှင့် ပတ်သက်၍လည်း မိမိတို့၏သက် ဆိုင်ရာဥပ‌ဒေများနှင့်အညီ အ‌ရေးယူမှုများ ပြုလုပ်ရန် သတ်မှတ်ချက်များရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

KNU ၏ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက “ဒီကိစ္စကို ‌ကေအဲန်ယူ ကာကွယ်‌ရေးဌာနနဲ့ ဗဟိုစစ်ဦးစီးချုပ်ဌာ န ပူး‌ပေါင်းဖွဲ့စည်းပြီး‌တော့ ကိုင်တွယ်‌ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုက သတင်း‌တွေမှာ‌တော့ အမျိုးမျိုး ‌ဖော်ပြလာ တယ်ဆို‌တော့ တကယ့်အဖြစ်အပျက်၊ အ‌ကြောင်းရင်းက ဘယ်လိုလဲဆိုတာရယ်။ ကန့်ကွက်စာကလည်း ဘယ်‌လောက် ထိ ဟုတ်သလဲ။ ဘယ်‌လောက်အထိ မှန်သလဲဆိုတာ မသိရ‌သေး‌တော့ ကျ‌နော်တို့ ဘာမှလုပ်လို့မရ‌သေးဘူး။ အဖွဲ့အ စည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက် စုံစမ်းစစ်‌ဆေးသွားရမှာ‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီခရိုင်အတွင်းရှိ၊ ကနဲ‌လေး-‌မောခီးကြားရှိ အူးဟူး‌ချောင်း တံတားတည်‌ဆောက်‌ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင် ‌နေကြသည့် အရပ်သား ၂၅ဦးအား KNDO က ‌မေလ (၃၁)ရက်‌နေ့တွင် သတ်ဖြတ်ခဲ့‌ကြောင်း ဇွန်လ ၁၃ရက်‌နေ့က စစ် ‌ကောင်စီ၏ မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာများတွင် ‌ဖော်ပြထားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ်ကလည်း ‌သေဆုံးသွားသူများသည် အရပ်သားအသွင်ယူထားသည့် သတင်း အချက်အလက် ‌ထောက်လှမ်း‌နေ‌သော စစ်‌ကောင်စီတပ်ဖွဲ့ဝင်များဖြစ်‌ကြောင်း ‌ကေအိုင်စီ၏ ဆက်သွယ်‌မေးမြန်းခြင်း ကို ဇွန်လ ၁၄ရက်‌နေ့က ပြန်လည်ရှင်းလင်း‌ပြောဆိုခဲ့သည်။

ထို့‌နောက် စစ်‌ကောင်စီ၏ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်က ‌ဝေါ်‌လေ‌ဒေသ သတ်ဖြတ်မှုဖြစ်စဉ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ပါ အခန်း(၃)၊ အပိုဒ်(၉) အပိုဒ်ခွဲ(ခ)ပါ အချက်များကို ‌ဖောက်ဖျက်ကျူး လွန်‌နေသဖြင့် ကန့်ကွက်‌ကြောင်းနှင့် လက်‌အောက်တပ်ဖွဲ့ဝင်များအား စာချုပ်ပါအတိုင်း လိုက်နာ‌ရေး ကြပ်မတ်‌ဆောင် ရွက်ရန်နှင့် ကျူးလွန်သူများအား ဖမ်းဆီးအ‌ရေးယူနိုင်‌ရေး ကူညီ‌ဆောင်ရွက်‌ပေးရန် ဇွန်လ ၁၃ရက် ‌နေ့စွဲဖြင့် KNU ဗဟို သို့ အ‌ကြောင်းကြားစာ ‌ပေးပို့ခဲ့သည်။

“အဖွဲ့အစည်းတိုင်းမှာ သက်ဆိုင်ရာ သူ့စည်းမျဉ်းစည်းကမ်း‌တွေ၊ ချမှတ်ထားတဲ့ ဥပ‌ဒေ‌တွေ ရှိတယ်‌လေ။ ကျ‌နော်တို့ ‌ကေအဲန်ယူမှာလည်း ‌ကော်သူး‌လေ ဥပ‌ဒေရှိတယ်‌လေ။ ဥပ‌ဒေမှာလည်း သူ့ပုဒ်မ‌တွေရှိတယ်။ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း‌တွေ ရှိတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ ခိုင်မာတဲ့ရပ်တည်မှု၊ စည်းစနစ်ရှိတယ်‌လေ။ အဲဒါကို ဆိုလို တာပါ။”ဟု ပဒို‌စောလှထွန်းက ဆက်လက် ‌ပြောဆိုသည်။

NCA စာချုပ်၏ အခန်း(၃)၊ အပိုဒ်(၉)၊ အပိုဒ်ခွဲ(ခ)တွင် ‘ပြည်သူလူထုအား တစ်ဦးတစ်‌ယောက်၏ ဂုဏ်သိက္ခာကို ထိပါး ‌စေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပ‌ဒေမဲ့ ဖမ်းဆီးချုပ်‌နှောင်ခြင်း၊ ပြန်‌ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမ ဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ‌ဖျောက်ဖျက်ခြင်း မပြုလုပ်ရ။’ဟူ၍ ‌ဖော်ပြပါရှိသည်။