Home သတင်း ဟတ်ကြီး‌ရေကာတာ ပြန်လည်တည်‌ဆောက်မည့်ကိစ္စ စစ်‌ကောင်စီ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်‌ပြောလာ

ဟတ်ကြီး‌ရေကာတာ ပြန်လည်တည်‌ဆောက်မည့်ကိစ္စ စစ်‌ကောင်စီ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်‌ပြောလာ

8700

ဇွန် ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင် (တပ်မဟာ-၅) ရှိ သံလွင်မြစ်‌ပေါ်တွင် ဟတ်ကြီး‌ရေကာတာ တည်‌ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ အာဏာသိမ်းစစ်‌ကောင်စီ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က ယမန်‌နေ့ (‌မေလ ၃၁ ရက်) ကရင်ပြည်နယ် ဖားအံမြို့တွင် လာသည့် ခရီးစဉ်အတွင်း ထည့်သွင်း‌ပြောဆိုခဲ့သည်ဟု စစ်‌ကောင်စီပိုင် သတင်းစာတွင် ‌ဖော်ပြထားသည်။

ကရင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်း‌ပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့် ‌ရေအရင်းအမြစ်များရှိ‌နေပြီးဖြစ်ပြီး သံလွင်မြစ်‌ပေါ်တွင်တည်‌ဆောက်မည့် ဟတ်ကြီး‌ရေအားလျှပ်စစ် စက်ရုံမျိုး သည် အ‌ထောက်အကူပြုမည်ဖြစ်သည့်အတွက် ‌ဆောင်ရွက်သင့်‌ကြောင်းဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်း ‌အောင်လှိုင်က ‌ပြောဆိုသွားခြင်းဖြစ်သည်ဟု သိရသည်။

ဟတ်ကြီး‌ရေကာတာတည်‌ဆောက်ပါက နယ်‌မြေအတွင်းရှိ ‌ဒေသခံ‌ကျေးရွာ အ‌မြောက်အမြား ‌ရေလွှမ်းမိုးခံရနိုင်၍ ‌ပြောင်း‌ရွှေ့‌နေထိုင်ရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အ‌မြောက်အမြားလည်း ပျက်စီးသွားမည်ဖြစ်သည့်အတွက် အဆိုပါ စီမံကိန်းကို ‌ဒေသခံများနှင့် မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အဖွဲ့များက ၁ဝ စုနှစ် တစ်ခု‌ကျော်ကြာ ကန့်ကွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အ‌ကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်‌နေသူများကို နားလည်‌စေလို‌ကြောင်းလည်း စစ်‌ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဆက်လက် ‌ပြောဆိုခဲ့သည်။

ယခု တစ်နိုင်ငံလုံးခက်ခဲသည့်ကာလတွင် စစ်‌ကောင်စီမှ ဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြပြီး ပြည်သူများကို မက်လုံး‌ပေး၍ လှည့်စား‌နေသည့် လုပ်ရပ်ဖြစ်သလို ပဋိပက္ခဖြစ်‌နေသည့် နယ်စပ်‌နေရာများကိုလည်း ထိန်းချုပ်ချင်သည့်အတွက် နိုင်ငံ‌ရေးအရ များစွာပါဝင်သည်ဟု ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌စောသာဘိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက ” စစ်‌ကောင်စီမှာ ကျ‌နော်တို့မြင်တာက ပိုက်ဆံလည်း လုံလုံ‌လောက်‌လောက်မရှိဘူး။ ဒီဟာကလည်း ဗျူဟာ‌မြောက်အ‌ရေးပါတယ်။ ရင်းနှီးမြုပ်နှံတဲ့လူ‌တွေကလည်း တရုတ်‌တွေ၊ ထိုင်း‌တွေဖြစ်တဲ့အတွက် ဒီကိစ္စကို သူကထိုး‌ကျွေး‌နေတဲ့သ‌ဘောပဲ။ စစ်‌ကောင်စီက နယ်‌မြေအရ စိုးမိုးမယ်၊ တဖက်မှာ ‌ငွေ‌ကြေးကိုလည်း ဒီစီမံ ကိန်းက‌နေ သူရနိုင်တယ်။ ထိုင်းဘက်ကလည်း စစ်‌ကောင်စီဘက် အပြန်အလှန် အကျိုးအမြတ်ရမယ် ကုမ္ပဏီ‌တွေနဲ့ ။ ဒါ‌ကြောင့်သူက ကရင်ပြည်နယ်ကိုလာပြီး ‌ပြောတယ်လို့ ကျ‌နော်တို့က ယူဆတယ်” ဟု ‌စောသာဘိုးက ‌ပြောသည်။

‌ရေအားလျှပ်စစ်စွမ်းအင် ၁၂၀ဝ မီဂါဝပ်ထုတ်လုပ်နိုင်သည့် ဟတ်ကြီး‌ရေကာတာစီမံကိန်းကို တည်‌ဆောက်ရန် ယခင် စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ် ထုတ်လုပ်‌ရေး အာဏာပိုင်အဖွဲ့နှင့် တရုတ်နိုင်ငံမှ ဆိုင်နိုဟိုဒရိုကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင် သ‌ဘောတူညီချက်လက်မှတ်ထိုးခဲ့ကြသည်။

၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သံလွင်မြစ်‌ပေါ်တွင် ‌ရေကာတာ စီမံကိန်း(၆)ခုတည်‌ဆောက်မည့်အထဲတွင် ဟတ်ကြီးတစ်ခုပါဝင်ပြီး‌ကြေညာပြီး‌နောက် ၂၀၁၄နှင့် ၂၀၁၆ နှစ်များ တွင် အဆိုပါ‌ဒေသတွင် BGF နှင့် DKBA ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ DKBA ဘက်မှ ‌နေရာဆုတ်‌ပေးလိုက်သည့်‌နောက်ပိုင်းတွင် စစ်‌ကောင်စီလက်‌အောက်ခံ BGF တပ်ဖွဲ့ဘက်က ထို‌ဒေသကို ဝင်‌ရောက်‌နေရာယူထားခြင်းလည်းရှိသည်ဟု သိရသည်။

DKBA နှင့် BGF ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားသည့်အချိန်တွင်လည်း ‌ကျေးရွာ‌ပေါင်း ၃၀‌ကျော်မှ ‌ဒေသခံများသည် မြိုင်ကြီးငူ‌ဒေသဘက်သို့ ‌ပြောင်း‌ရွှေ့‌ပြောင်း‌နေထိုင်လိုက်ရပြီး ‌မြေမြုပ်မိုင်းအ‌ကြောင်းပြု၍ ယခုအချိန်ထိ ‌နေရပ်မပြန်နိုင်‌သေးသလို ဟတ်ကြီးစီမံကိန်းအတွက် ‌ဒေသခံရွာသားများကို ‌မောင်းထုတ် ထားလိုက်သည့်ပုံစံ ဖြစ်သွားသည်ဟု ကရင်မြစ်‌ချောင်း ‌စောင့်ကြည့်‌ရေးအဖွဲ့က သုံးသပ်‌ပြောဆိုသည်။

ထို့အပြင် KNU တပ်မဟာ(၅)တွင် ယခုအချိန်အထိ နယ်‌မြေ မတည်ငြိမ်‌သေးကာ စစ်‌ရေး ပြင်းထန်‌နေဆဲဖြစ် သည့်အပြင် စစ်‌ကောင်စီတပ်ဘက်မှ ‌မြေပြင်တိုက်ခိုက်မှုများနှင့် ‌လေ‌ကြောင်း တိုက်ခိုက်မှုများလည်း ရှိသည့်အတွက် ‌ဒေသအခံ‌ကျေးရွာသားအ‌မြောက်အမြား ထပ်မံတိမ်း‌ရှောင်ရလျက်ရှိသည်။