Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပညာ‌ရေးဝန်ထမ်း ၂ဝဝ နီးပါးရာထူးမှ ထုတ်ပယ်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပညာ‌ရေးဝန်ထမ်း ၂ဝဝ နီးပါးရာထူးမှ ထုတ်ပယ်ခံရ

1662

‌မေလ ၃၁ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပညာ‌ရေးဝန်ထမ်း ၂ဝဝ နီးပါးအား လုံ‌လောက်‌သော အ‌ကြောင်းပြ ချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်သည့်အတွက်ရာထူးမှ ထုတ်ပယ် (Removal) လိုက်‌ကြောင်း မြို့နယ် အ‌ခြေခံ ပညာဦးစီးဌာနက ထုတ်ပြန်ထား‌ကြောင်း သိရသည်။

ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ဝင်း‌ရော်‌ဒေသရှိ CDM (အာဏာဖီဆန်မှု) ဝင်ထားသည့် ‌ကျောင်းဆရာ၊ ဆရာမ ၁၉၉ ဦးကို ခွင့်စည်းကမ်း‌ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း လုံ‌လောက်‌သော အ‌ကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်သည့်အတွက် ၎င်းတို့ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပညာ‌ရေးဝန်ထမ်းများထံမှ သိရသည်။

“ကျ‌နော်တို့ CDM ဝင်ထားသူ‌တွေ အခု ရာထူးက‌နေ ထုတ်ပယ်ခံရတာ ‌မေလ ၃ဝ ရက်‌နေ့ ညမှသိတယ်။ တစ်‌နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိထားပြီးသားပါ။ စစ်အာဏာရှင်ရှိ‌နေသ၍ CDM ဟာ အဆုံးအထိပါပဲ။ လုံးဝ ဝမ်းမနည်းဘူး။ ‌မြေဖြူကိုင်တဲ့လက်‌တွေအားလုံး အာဏာရှင်‌တွေကို အဆုံးထိတွန်းလှန်သွားမယ်” ဟု ရာထူးထုတ် ပယ်ခံရသူ ပညာ‌ရေးဝန်ထမ်းတစ်ဦးက ယ‌နေ့‌မေလ ၃၁ ရက်တွင် ‌ကေအိုင်စီ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ‌မေလ ၁၁ ရက်‌နေ့က အ‌ခြေခံပညာ‌ကျောင်းများမှ သင်ကြား စီမံဝန်ထမ်း ၂၀၂ ဦးကို နိုင်ငံဝန်ထမ်း နည်းဥပ‌ဒေ ၁၇ဝ (က) အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်‌ကြောင်း ပြည်နယ်ပညာ‌ရေး မှူးရုံးက ထုတ်ပြန်ခဲ့သည်။