Home သတင်း လှိုင်းဘွဲမြို့ ပညာ‌ရေးမှူးရုံးအနီး ဗုံး‌ပေါက်ကွဲမှုဖြစ်

လှိုင်းဘွဲမြို့ ပညာ‌ရေးမှူးရုံးအနီး ဗုံး‌ပေါက်ကွဲမှုဖြစ်

1832

‌မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပညာ‌ရေးမှူးရုံးအနီးတွင် ယ‌နေ့(‌မေ ၄ ရက်)နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ မြို့ခံတစ်ဦးက “ညက ၂ နာရီခွဲခါနီးမှာ လှိုင်းဘွဲ‌ဈေး‌ရှေ့က ပညာ‌ရေးမှူးရုံးရဲ့ ခြံ‌ဘေးအုတ်တံတိုင်းမှာ ကွဲတာ၊ လက်လုပ်မိုင်းလို့ ‌ပြောတယ်။ ထိခိုက်မှု‌တော့ များများစားစားမရှိဘူး။ တုန်ခါမှု‌ကြောင့် မှန်‌တွေ ကွဲတာ‌လောက်ပဲရှိတယ်။ ထိခိုက်သူ‌တွေ‌တော့ မရှိဘူး။” ဟု ‌ပြောသည်။

ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားပြီး နံနက် ၃နာရီ‌ကျော်မှ စစ်‌ကောင်စီ၏ ရဲတပ်များ‌ရောက်ရှိကာ စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိဗုံး‌ပေါက်ကွဲရာအနီးအနားဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံ‌ရေး ယူထားသည်ဟု အဆိုပါ မြို့ခံက ‌ပြောသည်။