Home သတင်း KNLA တပ်မဟာ ၅ နယ်‌မြေကို စစ်‌ကောင်စီတပ်မှ ‌လေ‌ကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

KNLA တပ်မဟာ ၅ နယ်‌မြေကို စစ်‌ကောင်စီတပ်မှ ‌လေ‌ကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

2869

ဧပြီ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ခရိုင် ၊ တပ်မဟာ (၅) ထိန်းချုပ်နယ်‌မြေကို စစ်‌ကောင်စီတပ်က ‌လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်‌ကောင်စီ၏ ‌သောလယ်ထာ့ တပ်စခန်းကို ယမန်‌နေ့ ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် KNU လက်‌အောက်ခံ KNLA တပ်မဟာ ၅ က တက်‌ရောက်သိမ်းယူခဲ့ပြီး‌နောက် စစ်‌ကောင်စီတပ်ဘက်က ‌လေ‌ကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်‌ဆောင်လာသည်ဟု ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက် (KPSN)အဖွဲ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

KPSN ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “မ‌နေ့က ၃ ‌နေရာ လာပစ်သွားတယ်။ ဘွားဒဲ၊ ဒါးဂွင်နဲ့ ‌သောလယ် ထာ့ ‌အောက်က ‌နေရာတစ်‌နေရာ အဲဒီ ၃ ‌နေရာ‌တွေမှာ ဗုံးလာကြဲသွားတယ်။ ဒီမနက်ကျ‌တော့ဒါးဂွင်မှာ တခါလာကြဲပြန်တယ်။ ရွာသား‌တွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ကြားရ‌ပေမယ့် အတည်ပြုလို့ ‌တော့ မရ‌သေးဘူး။”ဟု ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၏ ‌လေယာဉ်ဖြင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်မှုသည် အရပ်သား ပြည်သူများ ‌နေထိုင်သည့် ‌နေရာများကိုသာ ပစ်မှတ်ထားတိုက်ခိုက်‌နေသည်ဟု KNLA တပ်မဟာ ၅ ‌ပြောခွင့်ရသူ ဗိုလ်မှူ̔းကြီး ‌စောကလယ်ဒို့က ‌ပြောဆိုသည်။

“အရင်တစ်‌ခေါက် ဗုံးလာကြဲတုန်းကလည်း ပြည်သူ‌တွေ‌နေထိုင်တဲ့‌နေရာကိုပဲ လာကြဲချသွားတယ်။ ရွာသား ‌တွေပဲ ထိခိုက်‌သေဆုံးတယ်။ ဒီစစ်‌ကောင်စီတပ်က လက်နက်ကိုင် အချင်းချင်းကြားမှာ တစ်ခုခုဖြစ်လာပြီးဆိုရင် လက်နက်ကိုင်အချင်းချင်း တိုက်တာမဟုတ်ဘဲ အရပ်သားပြည်သူ‌တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်‌နေတယ်။ ရည်ရွယ်ချက်က‌တော့ ပြည်သူ‌တွေ ‌တော်လှန်‌ရေးအဖွဲ့ အစည်းကို ‌ထောက်ခံမှု‌လျော့ ကျသွား ‌အောင်လုပ်တဲ့သ‌ဘောဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံ‌ဘေးတစ်‌လျှောက်တွင် စစ်‌ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ‌နေအိမ်စွန့်ခွာ ပုန်း‌အောင်း‌နေကြရသည့် စစ်‌ရှောင်ဒုက္ခသည် ဦး‌ရေ ၇,၀၀ဝ ‌ကျော်ရှိပြီး စစ်‌ကောင်စီတပ်က ယခုလို ထပ်မံဗုံးကြဲတိုက်ခိုက်မှုများလုပ်‌ဆောင်‌သော‌ကြောင့် ‌ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်စွာ ပုန်း‌အောင်‌နေကြရသည်ဟု KPSN အဖွဲ့က ‌ပြောသည်။

“အခုချိန်ထိ‌တော့ ရွာသား‌တွေက ထိုင်းဘက်ခြမ်းကို တိမ်း‌ရှောင်လာတာမရှိ‌သေးဘူး။ လှိုဏ်ဂူ‌တွေမှာ ၊ ဗုံးခိုကျင်း ‌တွေမှာ ဖြစ်သလို ပုန်း‌အောင်း‌နေကြရတယ်။ ထိုင်းဘက်ခြမ်းကူး‌တော့လည်း ပြန်‌မောင်းထုတ်ခံရတဲ့အ ‌တွေ့အကြုံရှိ‌နေ‌တော့ သူတို့‌နေလို့ရသ‌လောက် ‌နေသွားဖို့‌တော့ ရှိပါတယ်။ အ‌ခြေအ‌နေက ဒီထက်ဆိုး လာ ရင်‌တော့ တစ်ဖက်ကမ်းကို ကူး‌ကောင်းကူးလာနိုင်ပါတယ်။”ဟု KPSN ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့တွင် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ သီးမူထာ စစ်‌ကောင်စီတပ်စခန်းတစ်ခုကို KNLA တပ်မဟာ ၅က တက်‌ရောက်သိမ်းယူမှု ပြုလုပ်ခဲ့ပြီး‌နောက် မတ်လ ၂၇ရက်မှ ဧပြီ ၁ရက်‌နေ့အထိ စစ်‌ကောင်စီ ဘက်မှ တိုက်‌လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ‌ကေအဲန်ယူ မူ‌တြော်ခရိုင် အတွင်း အရပ်သား ၂ဝ ဦး‌ကျော်‌သေဆုံးပြီး ၃ဝ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ၂၃, ဝ၀ဝ ‌ကျော် အိုးမဲ့အိမ်မဲ့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်ဟု သိရသည်။