Home သတင်း မြဝတီခရိုင် ဇရပ်ဖြူကုန်း‌ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ထိခိုက်‌သေဆုံးမှုများရှိဟုသိရ။

မြဝတီခရိုင် ဇရပ်ဖြူကုန်း‌ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ထိခိုက်‌သေဆုံးမှုများရှိဟုသိရ။

1351

မတ်လ ၁၉ ရက် ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီခရိုင် ဇရပ်ဖြူကုန်း‌ကျေးရွာတွင် ယ‌နေ့ မတ်လ ၁၉ ရက် ညဦးပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ ထိခိုက်‌သေဆုံးမှုများ ရှိ‌ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ဒေသခံတစ်ဦးက”
ယ‌နေ့ ညဦးပိုင်းက ဇရပ်ဖြူကုန်း‌ကျောင်းဓမ္မာရုံမှာ စစ်‌ကောင်စီညွှန်ကြားချက်ဖြင့် ‌ကျေးရွာတာဝန်ခံ လူကြီး‌ရွေးဖို့ အစည်းအ‌ဝေးပြုလုပ်‌နေစဉ် ဘယ်အဖွဲ့ကမှန်း မသိတဲ့ လူတစ်စုက လက်နက်ငယ် ၃ လက်ခန့်ဖြင့် အတွဲလိုက် လာဝိုင်းပြီးပစ်တာ ထိခိုက်‌သေဆုံးမှု‌တွေရှိတယ်၊ ဘယ်သူမှ သွားမဆွဲရဲ‌သေးဘူး ” ဟု ဆိုသည်။

ယ‌နေ့ည ၁ဝ နာရီထိ ‌နောက်ဆုံးသတင်းအရ ယင်းပစ်ခတ်မှုဖြစ်စဉ်တွင် ‌သေဆုံးသူ ၂ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိ‌ကြောင်း သိရသည်။

အဆိုပါ ဇရပ်ဖြူကုန်း‌ကျေးရွာအနီးတွင် ဌာ‌နေတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လှုပ်ရှားရာ နယ်‌မြေလည်းဖြစ်သည်။