Home သတင်း မြဝတီ ဇရပ်ဖြူကုန်းရွာပစ်ခတ်မှုတွင် ‌ဝှေ့ရှမ်းနှင့်မဲ့ပလဲ့မှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး ‌သေဆုံး။

မြဝတီ ဇရပ်ဖြူကုန်းရွာပစ်ခတ်မှုတွင် ‌ဝှေ့ရှမ်းနှင့်မဲ့ပလဲ့မှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး ‌သေဆုံး။

1673

မတ်လ ၁၉ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီခရိုင် ဇရပ်ဖြူကုန်း‌ကျေးရွာ ဘုန်းကြီး‌ကျောင်းဓမ္မာရုံတွင် ယ‌နေ့ မတ်လ ၁၉ ရက် ည ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည့် ‌ကျေးရွာတာဝန်ခံ ‌ရွေးချယ်ပွဲအစည်းအ‌ဝေး၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင်စစ်‌ကောင်စီ မှ ခန့်အပ်ထားသည့်‌ဝှေ့ရှမ်း‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအသစ် ဦးခင်ဝင်း နှင့် မဲ့ပလဲ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦး‌အောင်ဝင်း တို့နှစ်ဦး ‌နေရာတွင် ပွဲချင်းပြီး ‌သေဆုံးခဲ့သည်။

၎င်းအပြင် စိုးရိမ်ရသည့်အ‌ခြေအ‌နေဖြင့် ဒဏ်ရာပြင်းထန်သူ ပြည်သူ့စစ် အဖွဲ့ဝင် ဦး‌ကျော်လင်းဦး မှာလည်း သကင်္န်းညီ‌နောင် အမှတ် (၇) တပ်မ‌တော်‌ဆေးရုံတွင် ထပ်မံ‌သေဆုံးခဲ့သည်ဟု သိရသည်။

ရပ်မိရပ်ဖ ဦးတင်လှ နှင့် ဦးဘို‌ကေတို့နှစ်ဦးမှာလည်း‌သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါစစ်‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး‌နောက် တပ်မှ နယ်‌မြေရှင်းလင်းမှုများ ‌ဆောင်ရွက်လျက်ရှိသလို လက်ရှိ မြဝတီမြို့တွင်း၌ တပ်အင်အား အများအပြားဖြင့် လုံခြုံ‌ရေးတင်းကြပ် ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။