Home သတင်း တားဆီးမှုများရှိ‌သော်လည်း ဘုရားသုံးဆူ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆက်လက် ဆန္ဒပြထုတ်‌ဖော်

တားဆီးမှုများရှိ‌သော်လည်း ဘုရားသုံးဆူ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆက်လက် ဆန္ဒပြထုတ်‌ဖော်

1419

မတ်လ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယ‌နေ့ နံနက်က ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင် ‌ရေး ဆန္ဒထုတ်‌ဖော်မှုကို စစ်‌ကောင်စီ၏ စစ်တပ်နှင့်ရဲများမှ လာ‌ရောက်တားဆီးပိတ်ပင်မှုများ ရှိ‌သော်လည်း ဆန္ဒထုတ်‌ဖော်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယ‌နေ့ ဘုရားသုံးဆူမြို့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးဆန္ဒပြပွဲသို့ လာ‌ရောက်ပူး‌ပေါင်းမည့် မြို့ပြင် ဘက်ရှိ ‌ကျေးရွာများမှ လူထုများသည် စစ်တပ်၏ တားဆီးပိတ်ပင်မှုများ‌ကြောင့် လာ‌ရောက် ပူးနိုင်ခြင်းမရှိ‌ကြောင်း ဆန္ဒထုတ်‌ဖော်ပွဲကို ဦး‌ဆောင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်မှုတွင် ဦး‌ဆောင်သူတစ်ဦးက “တားဆီးခံရတာက ရပ်ကွက် ၁ အဝင် လမ်း ဆုံမှာပါ။ အဲဒါ‌ကြောင့် ရွာက လူ‌တွေ မလာနိုင်‌တော့ဘူး။ ကျ‌နော်တို့ကိုလည်း ‌ပြောတယ်။ ခင်ဗျားတို့ လူစုခွဲပါ၊ မခွဲရင်ပစ်မယ်လို့‌ပြောတယ်။ တို့လူ‌တွေ ထပ်ပြီး အဖမ်းမခံရ‌အောင် ကျ‌နော်တို့လည်း လမ်းလွှဲလိုက်တယ်။ ဘုရင့်‌နောင်လမ်းအတိုင်း ချီတက်ပြီး‌တော့ ‌တောင်ဝိုင်းဘက်မမှာ ‌ကွေ့ပတ်ပြီး ကျ‌နော်တို့ စတင်လူစုတဲ့ ကရင်စုကို ပြန်‌ရောက်တယ်။ အဲဒီမှာ လူစုပြန်ခွဲလိုက်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ဘုရားသုံးဆူမြို့ စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်ပွဲတွင် လူဦး‌ရေ ၆၀ဝခန့် လာ‌ရောက်ပူး‌ပေါင်းပြီး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်း‌ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီရရှိ‌ရေး၊ ဖမ်း ဆီးခံ ပြည်သူများ လွှတ်‌မြောက်‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း‌ရေး၊ We Stand with KNU စသည့် ပိုစတာများကိုင်‌ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ကရင်ပြည်နယ်၏ မြို့‌တော် ဖားအံမြို့နှင့် နယ်စပ်မြို့ မြဝတီမြို့ဘက်တွင်လည်း တပ်နှင့် ရဲမှ လုံခြုံ‌ရေး တင်းကြပ်ထားပြီး စစ်‌ဆေးဖမ်းဆီးမှုများရှိ‌နေ၍ မြို့တွင်း၌ စစ်အာဏာရှင်ဆန့် ကျင်‌ရေး ဆန္ဒ‌ဖော်ထုတ်ပွဲများကို မလုပ်‌ဆောင်နိုင်သည်မှာ ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ ရှိပြီဖြစ်သည်။