Home သတင်း စစ်အုပ်ချုပ်‌ရေး ‌ကြေညာထားသည့် လှိုင်သာယာနှင့် ‌ရွှေပြည်သာမှ CMP အထည်များ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ ထပ်မံတင်ပို့မှု မရှိနိုင်

စစ်အုပ်ချုပ်‌ရေး ‌ကြေညာထားသည့် လှိုင်သာယာနှင့် ‌ရွှေပြည်သာမှ CMP အထည်များ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ ထပ်မံတင်ပို့မှု မရှိနိုင်

1170

မတ်လ ၁၆ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်အုပ်ချုပ်‌ရေး‌ကြေညာထား‌သော လှိုင်သာယာနှင့် ‌ရွှေပြည်သာစက်မှုဇုန်များမှ အသင့်ချုပ်ပြီး CMP အထည်များ မြဝတီနယ်စပ်လမ်း‌ကြောင်းမှတဆင့် ထိုင်းနိုင်ငံတွင်းသို့ ထပ်မံတင်ပို့လာနိုင်ဖွယ် မရှိ‌တော့‌ကြောင်း နယ်စပ်အ‌ကောက်အခွန်အသိုင်းအဝိုင်းထံမှ သိရသည်။

ယမန်‌နေ့ မတ်လ ၁၅ ရက်‌နေ့က စစ်အုပ်ချုပ်‌ရေး ‌ကြေညာထားသည့် ရန်ကုန်တိုင်း ၆ မြို့နယ်အနက် လှိုင်သာယာနှင့်‌ရွှေပြည်သာတို့ရှိ အထည်ချုပ်စက်ရုံများမှ အသင့်ချုပ်ပြီး CMP အထည်များကို ယခင်က မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်းသို့ ပို့‌ဆောင်မှုများရှိခဲ့သည်။

သို့‌သော် ယခုအ‌ခြေအ‌နေတွင် အဆိုပါမြို့များမှ ‌ရွှေ့‌ပြောင်းလုပ်သားများ သိန်းနှင့်ချီ၍ ‌နေရပ်ပြန်‌နေပြီး အထည်ချုပ်စက်ရုံများတွင်လည်း မလည်ပတ်နိုင်‌တော့သည့် အ‌ခြေအ‌နေ‌ကြောင့် မြဝတီနယ်စပ်မှတဆင့် ထိုင်းဘက်သို့ ထပ်မံပို့‌ဆောင်လာနိုင်ဖွယ် မရှိနိုင်‌တော့‌ကြောင်း ထိုင်း-မြန်မာ အမှတ် ၂ တံတား Cargo Gate မှ အ‌ကောက်အခွန် အရာရှိတစ်ဦးက သုံးသပ်‌ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်‌နေက လှိုင်သာယာ နှင့် ‌ရွှေပြည်သာမြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြပြည်သူများအား စစ်တပ်မှ ပစ်ခတ်ဖြိုခွင်းမှု‌ကြောင့် လူ ၅ဝ ‌ကျော်ခန့် ‌သေဆုံးခဲ့ပြီး ယင်းမြို့ရှိ စက်မှုဇုန်များမှ အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံ ၅ ရုံခန့် မီး‌လောင်ကျွမ်းမှု ဖြစ်ခဲ့‌ကြောင်း သိရသည်။