Home သတင်း ထိန်းသိမ်းထား‌သော ‌ခေါင်း‌ဆောင်များ လွှတ်‌ပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်ရပ် ‌ကြေညာရန် PPST ခြွင်းချက်မရှိ ‌တောင်းဆိုတိုက်တွန်း

ထိန်းသိမ်းထား‌သော ‌ခေါင်း‌ဆောင်များ လွှတ်‌ပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်ရပ် ‌ကြေညာရန် PPST ခြွင်းချက်မရှိ ‌တောင်းဆိုတိုက်တွန်း

2822

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့(‌ဖေ‌ဖော်ဝါရီ ၁ရက်)က မြန်မာ့တပ်မ‌တော် အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းခံရ‌သော နိုင်ငံ‌တော် သမ္မတနှင့် အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံ့‌ခေါင်း‌ဆောင်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်‌ပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ကြောင်း ခြွင်းချက်မရှိ ‌ကြေညာ‌ပေးရန် တိုက်တွန်း ‌ကြောင်း NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဦး‌ဆောင်အဖွဲ့- PPST က ထုတ်ပြန်‌ကြေညာလိုက်သည်။

လက်ရှိဖြစ်‌ပေါ်‌နေ‌သော နိုင်ငံ‌ရေးအခင်းအကျင်းနှင့် စပ်လျဉ်း၍ ယ‌နေ့ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုး ထား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ ( PPST) က ယ‌နေ့ အထူးအစည်း အ‌ဝေးအပြီးတွင် ထိုသို့ ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

PPST ထုတ်ပြန်ချက်၌ လက်ရှိ နိုင်ငံ‌ရေးအကြပ်အတည်းအ‌ပေါ် မြန်မာ့တပ်မ‌တော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ‌ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်‌ကြောင်း၊ နိုင်ငံ‌ရေးပြဿနာများကို အင်အားသုံး ‌ဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်း‌သောနည်းဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာရန် တိုက်တွန်း‌ကြောင်းနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို NCA လမ်း‌ကြောင်းအတိုင်းရပ်တည်ပြီး NCA-S EAO က ‌ဆောင်ရွက်မည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် ကမာ္ဘ့ကပ်‌ရောဂါ (Covid -19) ‌ကြောင့်လည်း‌ကောင်း၊ လက်ရှိ နိုင်ငံ‌ရေးပြဿနာအ‌ပေါ် အင်အား သုံး‌ဖြေရှင်းခြင်း‌ကြောင့်လည်း‌ကောင်း ပြည်သူလူထုတစ်ရပ်လုံး ‌တွေ့ကြုံရ‌သော အခက်အခဲများကို သ‌ဘော‌ပေါက်နားလည်ပြီး ပြည်သူလူထုနှင့်အတူ ပူး‌ပေါင်း‌ဖြေရှင်းသွားမည့်အပြင် လက်ရှိ ဖြစ်‌ပေါ်‌နေ ‌သောပြဿနာများ ‌ဖြေရှင်းရန်အတွက် ကမာ္ဘ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်‌ဖြေ ရှင်း‌ပေးရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယ‌နေ့ NCA-S EAO အဖွဲ့၏ PPST အထူးအစည်းအ‌ဝေးတွင် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေများနှင့် ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်တို့ကို အ‌ကြေအလည် ‌ဆွေး‌နွေးညှိနှိုင်းကာ ဘုံသ‌ဘောထားရရှိပြီး‌နောက် ယခု ‌ကြေညာ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်ကို လက်မှတ်ထိုးထား‌သော NCA-S EAO တွင် ကရင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၁ဝဖွဲ့ ပါရှိသည်။