နိုဝင်ဘာလ ၆ရက်။ ကေအိုင်စီ
မဲပုံးနှစ်ပုံးသာ ထားရှိမည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲသွားထည့်မည့်လမ်းကြောင်းများကို နယ်မြေခံ စစ်တပ်များက စစ် ဆေးရေးကင်းနေရာများစွာ ချထားသည်ဟု သိရသည်။
ကျေးရွာပေါင်း ၃ဝနီးပါးရှိသည့် ၎င်းမြို့နယ်တွင် မဲပုံးကို ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် မထားဘဲ မဂင်္လာကုန်းနှင့် ကျောက်ခဲ ကုန်း ကျေးရွာနှစ်ခုတွင် ထားရှိမည်ဖြစ်ကြောင်း ကြာအင်းကြီးရွာခံတစ်ဦးက ယခုလို ပြောသည်။
“မဲပုံးက နှစ်ပုံးပဲ။ မဂင်္လာကုန်းနဲ့ ကျောက်ခဲကုန်းရွာတွေမှာ ထားမှာ။ အဲဒီမဲပုံးရှိတဲ့နေရာကို သွားရမဲ့ လမ်းမကြီးဖြစ်စေ၊ လမ်း ကြိုလမ်းကြားတွေဖြစ်စေ စစ်တပ်က ကင်းချထားတာ အများကြီးပဲ။ ဒီနေ့ဆို ပိုများလာသေးတယ်။ သွားလာတဲ့လူတွေကို ဘယ်သွားမလဲ၊ ဘယ်ကလာလဲ စသည်ဖြင့် မေးတယ်လေ။ လူတွေက အပြင်တောင် မထွက်ချင်၊ မထွက်ရဲကြတော့ဘူး။”ဟု ဆိုသည်။
ထိုမြို့နယ်တွင် ကြာအင်းနှင့် ဆိပ်ကြီး လမ်းကြောနှစ်ခုစလုံးကို နအဖ ဗျူဟာ (၃၂)မှ တပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေး လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
၎င်းစစ်ဆေးရေးကင်းနေရာများမှာ မြို့တွင်း နေရာအနှံ့အပြားနှင့် မြို့ပြင်လမ်းများတွင် ရှိနေသည်။
ထိုဒေသမှ လူထုအများစုမှာ ယနေ့အချိန်ထိ မဲထည့်ပုံစနစ်ကို မသိသလို မဲထည့်ရန်ကိုလည်း စိတ်မဝင်စားကြသော်လည်း ပြီးခဲ့သည့် ရက်အနည်းငယ်က ကျောင်းဆရာ၊ ဆရာမများမှာ ကြိုတင်မဲပေးလိုက်ပြီးဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်ရှိ သကင်္န်းညီနောင် ဗျူဟာဂိတ်တွင်လည်း ယခုရက်ပိုင်းတွင် ကား၊ ဆိုင်ကယ်များနှင့် သွားလာသူများကို အလား တူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိသည်ဟု ထီးဝါပလောရွာသားတစ်ဦးက ပြောသည်။