Home သတင်း မအူပင်မြို့တွင် အခမဲ့ အမျိုးသမီး စက်ချုပ်အတတ်သင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

မအူပင်မြို့တွင် အခမဲ့ အမျိုးသမီး စက်ချုပ်အတတ်သင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

3479

‌ဖေ‌ဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

မအူပင်မြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ၏ ဦးစီးမှုဖြင့် တိုင်းရင်းသူအမျိုးသမီးများ၏ လူမှုဘဝ တိုးတက်မြင့်မား‌စေရန် ရည်ရွယ်ပြီး သုံးလကြာ
အခမဲ့သင်ကြား‌ပေးမည့် အမျိုးသမီး စက်ချုပ်အတတ်သင် တန်းတစ်ခုကို လာမည့် မတ်လ ၆ ရက်‌နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်‌ပေးမည့် အဆိုပါသင်တန်းကို ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်မြို့နယ် ၊ မှန်ပင် ပရိယတ္တိ စာသင်တိုက်၌ မတ်လ ၆ ရက်မှ ဇွန်လ ၆ ရက်‌နေ့အထိ စာ‌တွေ့ လက်‌တွေ့သင်ကြားမှုများဖြင့် တတ်‌မြောက်သည်အထိ သုံးလတာ သင်ကြား‌ပေးသွားမည် ဖြစ်သည်။

မအူပင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ ဥက္ကဌ မန်း‌အောင်မင်းနိုင်က “ ကရင်လူမျိုး‌တွေက‌တော့ အများစုပါတာ‌ပေါ့‌နော်။ ဗမာ‌တွေလည်း ပါပါတယ်။ ဒီက‌လေး‌တွေ တကယ်တတ်သွားပြီး‌တော့ အလုပ်အကိုင် အဆင်‌ပြေရင် ပီတိဖြစ်တာ‌ပေါ့။ ကိုယ့်ကရင်လူမျိုး‌တွေ အလုပ်အကိုင် အခွင့်အလမ်း‌တွေ အဆင်‌ပြေဖို့၊ ရဖို့ အတွက် ရည်ရွယ်တာဘဲ ” ဟု ‌ပြောသည်။

အဆိုပါသင်တန်းအတွက် သင်တန်းသူဦး‌ရေကို ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၂၆ ရက်) တွင် အပြီးသတ် စာရင်း ပိတ်သိမ်းလိုက်သည့်အတွက် လက်ရှိတွင် သင်တန်းတက်‌ရောက်ရန် လာ‌ရောက် စာရင်း‌ပေးထားသူ အမျိုးသမီး ၆၂ဦးကိုသာ လက်ခံသင်ကြား ‌ပေးမည်ဖြစ်သည်ဟု သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

စက်ချုပ်သင်တန်းအတွက် ဆရာမ ၅ ဦးမှ အနီးကပ်သင်ကြားပြသ‌ပေးသွားမည် သင်တန်းချိန်ကို မနက် ၈ နာရီခွဲမှ ည‌နေ ၄နာရီခွဲအထိ တစ်ပတ်လျှင် ၆ရက်နှုန်းဖြင့် အ‌ခြေခံမှ စပြီး တစ်ဆင့်ချင်း တတ်‌မြောက်‌အောင် သင်ကြား‌ပေးသွားမည်လည်း ဖြစ်သည်။

ယခုသင်တန်းကို မအူပင် ကရင်စာ‌ပေ ယဉ်‌ကျေးမှု ရံပုံ‌ငွေများဖြင့် ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ပြီး ‌နောင်နှစ်များတွင် လည်း ဆက်လက် ဖွင့်လှစ် သင်ကြား‌ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်‌ကြောင်း ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု ‌ကော်မတီဝင်များက ‌ပြောသည်။