Home သတင်း ကုလသမဂ္ဂ လူ့အခွင့်အ‌ရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီလီးနှင့် ကရင်ပြည်နယ် လူမှုအဖွဲ့အစည်းတို့‌တွေ့ဆုံ

ကုလသမဂ္ဂ လူ့အခွင့်အ‌ရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီလီးနှင့် ကရင်ပြည်နယ် လူမှုအဖွဲ့အစည်းတို့‌တွေ့ဆုံ

1797

ဇူလိုင် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကုလသမဂ္ဂလူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ်မစ္စရန်ဟီလီးနှင့် ကရင်ပြည်နယ်အတွင်းရှိလူမှုအဖွဲ့အစည်းတို့ ယ‌နေ့ (ဇူလိုင်လ ၁၆ ရက်‌နေ့)တွင် ဖားအံမြို့ရှိ သီရိဖားအံဟိုတယ်၌ ပထမဆုံးအကြိမ်‌တွေ့ဆုံပြီး ပြည်နယ် အတွင်း ဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အထူးကိုယ်စားလှယ်မစ္စရန်ဟီလီးနှင့် ကရင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းတို့၏‌တွေ့ဆုံမှုတွင် ‌ခေါင်းစဉ် ၅ ရပ်အ‌ပေါ်အဓိကထား ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်ပြီး ယ‌နေ့ပြုလုပ်သည့်‌တွေ့ဆုံမှုအ‌ခြေ အ‌နေများနှင့်ပတ်သက်၍ KAC အတွင်း‌ရေးမှူး‌စော‌ကျော်စွာက ယခုလို‌ပြောသည်။

၎င်းက “ကျ‌နော်တို့‌တွေ့ဆုံရာမှာ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ရိုးရာယဉ်‌ကျေးမှု၊ အမျိုးသမီးအခွင့်အ‌ရေး၊ တရား ဥပ‌ဒေစိုးမိုး‌ရေးကိစ္စ ‌တွေကို ‌ဆွေး‌နွေး တင်ပြဖြစ်ပါတယ်။ ကျ‌နော်က‌တော့ စာ‌ပေယဉ်‌ကျေးမှုအ‌ခြေအ ‌နေ‌တွေ တင်ပြဖြစ်ပါတယ်။ ကျ‌နော်တို့ဘက်က အ‌ခြေအ‌နေ‌တွေကို တင်ပြတာပဲရှိတယ်။ သူမဘက်က‌တော့ တစုံတရာ မှတ်ချက်‌ပေး‌ပြောဆိုသွားတာမရှိဘူး”ဟု‌ပြောသည်။

ကရင်ပြည်နယ်အ‌ရေးနှင့်သက်ဆိုင်သည့် ဒုက္ခသည်အ‌ရေး၊ ‌မြေယာနှင့်သယံဇာတ၊ အမျိုးသမီးအခွင့်အ‌ရေး၊ ရိုးရာယဉ်‌ကျေးမှု၊ တရားဥပ‌ဒေစိုးမိုး‌ရေး စသည့်ကိစ္စရပ်များကို သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့်တစ်ဖွဲ့ချင်း စီအလိုက်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ယ‌နေ့‌တွေ့ဆုံမှုတွင် ကရင်ပြည်နယ်အတွင်းအ‌ခြေစိုက်သည့် လူမှုအဖွဲ့အစည်းများအပြင် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူ့အခွင့်အ‌ရေး အဖွဲ့-KHRG ၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်-KESAN တို့အပါအဝင် ပြည်တွင်းနှင့်နယ်စပ် လူမှုအဖွဲ့အစည်း‌ပေါင်း ၁၁ ဖွဲ့တို့ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ကရင်ပြည်နယ် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် တက်‌ရောက်သူနန်းမြင့်‌အောင်က “ကျမတို့ အ‌နေ နဲ့ က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အမျိုးသမီး Issue တစ်ခုခုဖြစ်လာမယ်ဆိုရင် အမျိုးသမီးကိုပံ့ပိုး‌ပေးတဲ့‌ငွေ ‌တွေ တအားနည်း‌နေတာနဲ့ အကြမ်းဖက်မှုကိစ္စ‌တွေကို ‌ပြောပြလိုက်တယ်။ ကျမတို့အား ရတယ်လို့‌ပြော လို့မရ‌သေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ သူဘက်က‌တော့ ဘယ်လိုတုံ့ပြန်မလဲ မသိ‌သေးဘူး”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အ‌ရေးအထူးကိုယ်စားလှယ်မစ္စရန်ဟီလီးနှင့်အဖွဲ့အ‌နေဖြင့်ယ‌နေ့ လူမှုအဖွဲ့အစည်း နှင့်မ‌တွေ့ ဆုံခင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဦးစွာ‌တွေ့ဆုံခဲ့ပြီး နံနက်ဖြန် ဇူလိုင် ၁၇ ရက်‌နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်သို့ သွား‌ရောက်မည်ဖြစ်‌ကြောင်း သိရသည်။