Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းလူငယ်များအတွက် တတ်ကွန်မြူနတီ‌ကောလိပ်တစ်ခု စတင်ဖွင့်လှစ်

မြန်မာ‌ရွှေ့‌ပြောင်းလူငယ်များအတွက် တတ်ကွန်မြူနတီ‌ကောလိပ်တစ်ခု စတင်ဖွင့်လှစ်

1897
ဩဂုတ် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံရှိ ပညာ‌ရေး‌ဖောင်‌ဒေးရှင်းတစ်ခုဖြစ်သည့် (Suwanimit Foundation )က ဦး‌ဆောင်ပြီး မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ ‌ကျောင်းသားများအတွက် ရည်ရွယ်၍ တတ်ကွန်မြူနတီ‌ကောလိပ်တစ်ခုကို ဩဂုတ်လ ၁၅ရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ တွင် စတင် ဖွင့်လှစ်‌ပေးလိုက်‌ကြောင်း သိရသည်။

ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများအတွက် ပညာ‌ရေးနှင့်ပတ် သက်သည့် အာမခံချက်နှင့် အသိအမှတ်ပြုမှုတစ်ခု ရရှိ‌စေရန် အဆိုပါ‌ကောလိပ်ကို ဖွင့်လှစ်‌ပေးခြင်းဖြစ်‌ကြောင်း (Suwanimit Foundation) ပညာ‌ရေးတာဝန်ခံ ဆရာ‌စောကွိက ယခုလို ‌ပြောသည်။

“မြန်မာပြည်ကလာကြတဲ့ ‌ကျောင်းသားလူငယ်‌တွေအ‌နေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ယူမှု‌တွေလုပ်ရင် ဘယ်သူမှ အသိအမှတ် ပြုခြင်း မခံရဘူး။ ဒါ‌ကြောင့် ဒီ‌ကောလိပ်မှာသင်မယ့် Course က ထိုင်းနိုင်ငံအစိုးရက‌နေ အသိအမှတ်ပြုပြီး‌တော့ သူတို့ စာသင် ‌ကျောင်းမှာ ခွင့်ပြုသင်ကြား‌ပေးတာဖြစ်တယ်။ ဒါ‌ကြောင့် ကျ‌နော်တို့နဲ့ ကိုက်ညီတဲ့အတွက် အခုလိုဖွင့်လှစ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုဖွင့်လှစ်လိုက်သည့် ‌ကောလိပ်တွင် ဘာသာရပ်အားဖြင့် Non-profit organization management နှင့် Community Development စသည့်ဘာသာရပ် (course)နှစ်ခုရှိပြီး ဘာသာရပ်တစ်ခုကို အဆင့် ၃ဆင့်ကို အချိန် ကိုးလကြာ သင်ကြား‌ပေး သွားမည်ဖြစ်သည်။

ထိုဘာသာရပ်နှစ်ခုစလုံးကို ‌နေ့စဉ် သုံးနာရီကြာ သင်ကြား‌ပေးမည်ဖြစ်ပြီး ဘာသာရပ်အလိုက် အဆင့် ၃အထိ ‌အောင်မြင်ပါက ဒီပလိုမာအဆင့် လက်မှတ်ရရှိသည့်အပြင် ထိုမှတစ်ဆင့် ထိုင်းတက္ကသိုလ်များသို့ ဆက်လက် တက်‌ရောက်ခွင့်ရရှိမည်ဖြစ် ‌ကြောင်းလည်း ဆရာ‌စောကွိက ‌ပြောသည်။

အဆိုပါ‌ကောလိပ်တွင် တက်‌ရောက်‌နေဆဲ‌ကျောင်းသူ ‌နော်အားမူထူးက “ကွန်မြူနတီ ဖွံ့ဖြိုးတိုးတက်‌ရေးအပိုင်းမှာ ကျမ စိတ်ဝင် စားသလို အခု ကျမတို့ လုပ်‌ဆောင်‌နေတာလည်း လူမှုအသိုင်းအဝိုင်းလုပ်ငန်း‌တွေနဲ့ သက်ဆိုင်တဲ့အတွက် ဒီသင်တန်း‌ကျောင်း ကို ကျမလာပြီး တက်‌ရောက်သင်ယူတာဖြစ်ပါတယ်။ ဘာအကျိုး‌ကျေးဇူးရှိလာမလဲဆိုတာက လူမှုအသိုင်းအဝိုင်းနဲ့ ဘယ်လိုပူး ‌ပေါင်းလုပ်‌ဆောင်မလဲ။ ဖွံ့ဖြိုး‌ရေးနဲ့ပတ်သက်ပြီး ဘယ်လို‌ဆောင်မလဲဆိုတာ အဲဒါ‌တွေကို ကျမအတွက် အကျိုးရှိလာမယ်လို့ ‌မျှော် လင့်ပါတယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ဖွင့်လှစ်လိုက်သည့် အဆိုပါတတ်ကွန်မြူနတီ‌ကောလိပ်တွင် လက်ရှိ နယ်စပ်‌ဒေသ၌ ‌နေထိုင်‌နေကြသည့် မြန်မာ‌ရွှေ့ ‌ပြောင်း‌ကျောင်းသားလူငယ် (၆၅)ဦး တက်‌ရောက်လျှက်ရှိပြီး ၎င်းအစီအစဉ်ကို အ‌မေရိကန်နိုင်ငံ (Project for Local empowerment)အဖွဲ့က အကူအညီ‌ပေး‌နေ‌ကြောင်း သိရသည်။