Home သတင်း ဧရာဝတီနှင့် မ‌ကွေးတိုင်း ‌ရေ‌ဘေးသင့်သူများအတွက် ကရင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့ အလှူ‌ငွေကျပ်သိန်း ၉၀‌ကျော် ‌ကောက်ခံရရှိ

ဧရာဝတီနှင့် မ‌ကွေးတိုင်း ‌ရေ‌ဘေးသင့်သူများအတွက် ကရင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့ အလှူ‌ငွေကျပ်သိန်း ၉၀‌ကျော် ‌ကောက်ခံရရှိ

2424
ဩဂုတ် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်အ‌ခြေစိုက် လူမှု‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ကရင်ပြည်နယ်လူငယ်‌မောင်မယ်များပရဟိတအဖွဲ့သည် ‌ရေ‌ဘေးဒဏ်ခံ ‌နေရ‌သော ဧရာဝတီတိုင်း‌ဒေသကြီးနှင့် မ‌ကွေးတိုင်း‌ဒေသကြီးရှိ ‌ရေ‌ဘေးသင့်သူများအတွက် ကျပ်သိန်း ၉၀‌ကျော်နှင့် အခြားလှူ ဖွယ်ပစ္စည်းများကို ‌ကောက်ခံရရှိထားပြီး သွား‌ရောက်လှူဒါန်းရန် ဩဂုတ်လ ၁၇ရက်‌နေ့က ဖားအံမြို့မှ ထွက်ခွါသွားပြီဖြစ်သည်။

ထိုလူငယ်‌မောင်မယ်များ ပရဟိတအဖွဲ့သည် ဩဂုတ်လဆန်း ရက်ပိုင်းများအတွင်း ဖားအံမြို့အတွင်းရှိ လမ်းဆုံလမ်းခွများတွင် ငါးရက်တာ ‌တေးသီချင်းများ ‌ဖျော်‌ဖြေရင်း လိုက်လံအလှူခံခဲ့ပြီး‌နောက် ရရှိလာသည့် ကျပ် ၉၅သိန်းနှင့် အခြားလှူဖွယ်ပစ္စည်းများ ကို ‌ရေ‌ဘေးသင့်‌ဒေသများသို့ သွား‌ရောက်လှူဒါန်းမည်ဖြစ်‌ကြောင်း ယင်းပရဟိတအဖွဲ့ဝင်ဖြစ်သူ ကိုမြင့်‌အောင်က ယခုလို ‌ပြော သည်။

၎င်းက “‌ရေ‌ဘေးသင့်တဲ့ ညီအကို‌မောင်မနှ‌တွေအတွက် ကျ‌နော်တို့ ကရင်ပြည်နယ်မှာရှိ‌နေကြတဲ့သူ‌တွေလည်း ထပ်တူထပ်မျှ ခံစားရပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ကရင်ပြည်နယ်မှာလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အ‌နေနဲ့ ‌ရေ‌ဘေးသင့်ပြည်သူ‌တွေအ တွက် အဘက်ဘက်မှ တတ်နိုင်တဲ့ကဏ္ဍမှာ စု‌ပေါင်းလုပ်‌ဆောင်ရခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရေ‌ဘေးသင့်‌ဒေသသို့ သွား‌ရောက်လှူဒါန်းခွင့်ရသည့်အတွက် စိတ်အားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြသည့် ကရင်ပြည်နယ်သူ ပြည်နယ်သားများ၊ အဘက်ဘက်မှ ကူညီလုပ်‌ဆောင်‌ပေး‌နေကြသည့်သူများကိုလည်း အထူး ‌ကျေးဇူးတင်ရှိပါ‌ကြောင်း ကိုမြင့် ‌အောင်က ထပ်‌လောင်း ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လအလယ်ပိုင်းမှစ၍ ကချင်၊ ချင်းနှင့် မွန်ပြည်နယ် အပါအဝင် ဧရာဝတီ၊ မ‌ကွေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး စသည့် တိုင်း‌ဒေသကြီးတို့တွင် ‌ရေလွှမ်းမိုးဒဏ်ခံ‌နေရ‌ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများအချို့တွင် ယခုလို ‌ရေကြီး‌ရေလျံမှု‌ကြောင့် လူ‌သေဆုံးမှုများရှိသလို လူ ၄သိန်း‌ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်‌နေရ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် လူငယ်‌မောင်မယ်ပရဟိတအဖွဲ့သည် မြန်မာနိုင်ငံတွင် လတ်တ‌လောဖြစ်‌ပေါ်လာသည့် သဘာဝ‌ဘေးအန္တရာယ် များအတွက် အလျင်းသင့်သလို ကိုယ်ထူကိုယ်ထဖြင့် လိုက်လံအလှူခံကာ ကူညီ‌ပေး‌နေသည့်အပြင် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးကိစ္စရပ်များလည်း လုပ်‌ဆောင်လျှက်ရှိသည့် လူငယ်အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့ကို ‌ကျောင်းသား‌ကျောင်းသူများ၊ ‌ကျောင်းဆရာဆရာမများ၊ ဝန်ထမ်းများ၊ အရပ်ဘက်လူငယ်များ၊ ဘာသာ‌ပေါင်းစုံ လူမျိုး‌ပေါင်းစုံ၊ အလွှာစုံဖြင့် ၂၀၁၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့‌ကြောင်း သိရသည်။