Home တွေ့ဆုံမေးမြန်းခန်း မိုင်စုန်း (Mei Song Republic) ပါတီဥက္ကဋ္ဌ ‌ဒေါက်တာတီမိုသီနှင့် ဆက်သွယ်‌မေးမြန်းခြင်း

မိုင်စုန်း (Mei Song Republic) ပါတီဥက္ကဋ္ဌ ‌ဒေါက်တာတီမိုသီနှင့် ဆက်သွယ်‌မေးမြန်းခြင်း

2595

ကရင်၊ ကချင်၊ သျှမ်း၊ နာဂ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ ဦး‌ဆောင်ပြီး မိုင်စုန်း (Mei Song Republic) ပါတီကို ဖွဲ့စည်းလိုက်ပြီး ဖြစ်‌ကြောင်း

ဩဂုတ်လ ၆ရက်‌နေ့က ထိုင်းနို်င်ငံ၊ ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ပါတီ၏ ဥက္ကဋ္ဌမှာ ကရင်အမျိုး သား ‌ဒေါက်တာတီမိုသီ (Dr.Timothy)၊ ဒုဥက္ကဌ ကချင်အမျိုးသား ‌ယောန (Mr. Yaw Na)နှင့် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်မှာ နာဂအမျိုးသား ရှပ်ဝန် (Mr.Shapwon)တို့ဖြစ်ကာ ၎င်းပါတီဖွဲ့စည်းမှုအ‌ပေါ်ပါတီဥက္ကဌဖြစ်သူ ‌ဒေါက်တာတီမိုသီကို ကရင်သတင်း ဋ္ဌာန(‌ကေအိုင်စီ)က ဆက်သွယ်‌မေးမြန်းထားသည်။

‌ကေအိုင်စီ ။ ။ မိုင်စုန်းပါတီ (Mei Song Republic)ကို ဘာအတွက် ရည်ရွယ်ဖွဲ့စည်းလိုက်တာလဲဆိုတာ သိပါရ‌စေ။
‌ဒေါက်တာတီမိုသီ ။ ။ ကျ‌နော်တို့ဖွဲ့လို်က်တာက အမျိုးသား‌ရေးအ‌ပေါ်ရပ်တည်မယ့် တိုင်းရင်းသားပါတီပါ။ ပါတီရဲ့ ရည်မှန်းချက်က စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးနဲ့ တိုင်းရင်းသား‌ဒေသ‌တွေမှာ ဖွံ့ဖြိုး‌ရေးအတွက်‌ပေါ့‌နော်။ ကျ‌နော်တို့ပါတီက ‌ရွေး‌ကောက် ပွဲဝင်ဖို့မဟုတ်ဘူး။ ‌ရွေး‌ကောက်ပွဲသွားဖို့လည်း ကျ‌နော်တို့ဖွဲ့တာ မဟုတ်ဘူး။ အစိုးရအသိအမှတ်ပြုဖို့ လုပ်တာလည်း မဟုတ်ဘူး။

‌ကေအိုင်စီ ။ ။ အခု ဖွဲ့စည်းလိုက်တဲ့ မိုင်စုန်းပါတီက ဘာ‌တွေကို အဓိက လုပ်‌ဆောင်သွားမှာလဲ။ လုပ်‌ဆောင်သွားမယ့် လုပ် ငန်းစဉ် ချမှတ်ထားမှုကိုလည်း သိပါရ‌စေ။
‌ဒေါက်တာတီမိုသီ ။ ။ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်‌ဆောင်သွားမယ်။ မဟာဗမာဝါဒကြီး၊ ပ‌ဒေသရာဇ်ဝါဒ၊ စစ်ဝါဒီအကျင့်၊ စာရိတ္တ‌တွေနဲ့ တိုင်းရင်းသား‌တွေခံရတာ နှစ်‌ပေါင်း ခုနှစ်ဆယ်ရှိပြီး။ ငြိမ်းချမ်း‌ရေးဆိုတာက တိုင်းရင်းသား‌တွေက လိုလားပြီးလိုက်‌လျော‌နေတဲ့ အရာဖြစ်တယ်။ နိုင်ငံ‌ရေးမှာ သွားရပ်တည်လုပ်တာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး တစ်ခါမှ မရဘူး။ သူတို့ကစားတာနဲ့ လက်မှတ်ထိုးတဲ့သူ‌တွေ‌ရော မထိုးတဲ့သူ‌တွေ‌ရော အကုန်လုံး ခံရမယ်။ ဗမာပြည်ရဲ့ ပြဿနာ စတာက နိုင်ငံ‌ရေးက မဟုတ်ဘူး။ အမျိုးသား‌ရေးက ဖြစ်တယ်။ အဲ့‌တော့ အမျိုးသား‌ရေးကဏ္ဍမှာက ကျ‌နော်တို့ ရပ်တည်မယ်။
စစ်မှန်တဲ့ ဒီမိုက‌ရေစီ၊ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး‌တွေ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်‌တွေအတွက်က ကျ‌နော်တို့ ‌မေစုန်းပါတီက အမျိုးသား‌ရေးကဏ္ဍက‌နေ ပြတ်ပြတ်သားသား ရပ်တည်သွားမယ်။

ကျ‌နော်တို့ တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေနဲ့ အစည်းအ‌ဝေးလုပ်သွားမယ်။ ‌ရှေ့ဘယ်လိုလုပ်သွားမလဲ ဆိုတာကို‌ပေါ့။ ကျ‌နော်တို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်‌ဆောင်သွားမယ်။ အခု ကျ‌နော်တို့လုပ်တာက တိုင်းရင်းသားပါတီကို ‌မွေးဖွားလိုက်တာပဲ။ ‌နောက်အ ဆင့်‌တွေမှာ ကျ‌နော်တို့အ‌နေနဲ့ တိုင်းရင်းသားညီလာခံ၊ ပါတီညီလာခံဖြစ်လာမယ်။ ပါတီညီလာခံ ဖြစ်ပြီးတဲ့‌နောက်မှာ မူ‌တွေကို ချမှတ်သွားမယ်။

‌ကေအိုင်စီ ။ ။ ဒီပါတီက တိုင်းရင်းသားအ‌ရေး၊ အမျိုးသား‌ရေးကို လုပ်‌ဆောင်သွားမယ်ဆိုလို့ ‌ပြောထားတယ်။ တစ်ဖက်မှာက လည်း အခြားတိုင်းရင်းသားပါတီ‌တွေရှိ‌နေ‌တော့ သူတို့က‌ကော တိုင်းရင်းသားအ‌ရေး မလုပ်‌ဆောင်နိုင်လို့လား။
‌ဒေါက်တာတီမိုသီ။ ။ တိုင်းရင်းသားပါတီ‌တွေလည်း လုပ်နိုင်ကြတာပဲ။ သူတို့လည်းကြိုးစား‌နေကြတာပဲ။ ဒါ‌ပေမယ့် တစ် သင်းတစ်ဖွဲ့ပုံစံနဲ့ ဥပမာ.. ကရင်မှာဆိုရင် ဖလုံစ‌ဝေါ်ပါတီ တခြားကရင်ပါတီ ‌ပေါင်းလို့မှမရတာ။ ရှမ်းမှာဆိုလည်း အဲ့လိုပဲ။ သူတို့ အချင်းချင်း မ‌ပေါင်းစည်းနို်င်တာက သူတို့အပြစ်မဟုတ်ဘူးဗျ။ ‌ပေါင်းစည်းလို့မရတာက ဒီပ‌ဒေသရာဇ်ဝါဒီ၊ ဗမာဝါဒီနဲ့ အမျိုးမျိုး လိုက်ခွဲ‌နေကြတာ။ ‌ရွေး‌ကောက်ပွဲတုန်းက ရှမ်းပြည်မှာ ရှမ်းပါတီ‌တွေနိုင်ဖို့က ဗမာစစ်ဝါဒီ‌တွေက ရှမ်း‌ဒေသကိုသွားပြီး စစ်တိုက် တယ်။ အဲ့ဒီ‌တော့ မင်းတို့‌ဒေသက မတည်ငြိမ်ဘူး။ မဲ‌ရွေးလို့ မရဘူးဆိုပြီး အဲ့လိုညစ်ပတ်ခဲ့ကြတာ။ ကချင်မှာလည်း ဖြစ်ခဲ့တာပဲ။ ကျ‌နော်‌ပြောတာက ဗမာလူမျိုးကိုမဟုတ်ဘူး။ ဗမာလူမျိုးကြီးဝါဒီ အဲ့စစ်ဝါဒီနဲ့ လူ‌တွေကို‌ပြော‌နေတာပါ။ အဲ့လူ‌တွေရှိ‌နေသမျှ ကာလပတ်လုံး ဒီတိုင်းပြည်က လုံးဝကို တိုးတက်မှာ မဟုတ်ဘူး။ အခုချိန်ထိ အ‌ခြေခံပြဿနာ‌တွေကို မရှင်းနိုင်‌သေးဘူး။

‌ကေအိုင်စီ။ ။ ဒီပါတီမှာ အခု‌လော‌လောဆယ် တိုင်းရင်းသားလူမျိုးစု ဘယ်နှစ်စု‌လောက်ပါဝင်ပြီး‌တော့ ဖွဲ့စည်းထားသလဲ။ အတိအကျအားဖြင့် ဘယ်လို‌ပြောနိုင်မလဲ။
‌ဒေါက်တာတီမိုသီ ။ ။ တိုင်းရင်းသား အကုန်လုံး လိုလိုပါတယ်။ ရှမ်း(သျှမ်း)၊ ကချင်၊ ကရင်၊ မွန်၊ တို့ပါတယ်။ ‌နောက်ဆို ရင် ကရင်နီတို့ ရခိုင်တို့ပါလာမှာ‌ပေါ့။ ‌လော‌လောဆယ်‌တော့ ရခိုင်နဲ့ ကရင်နီက မပါ‌သေးဘူး။

‌ကေအိုင်စီ ။ ။ အခုဖွဲ့စည်းတည်‌ထောင်လိုက်တဲ့ ဒီပါတီက ဘယ်မှာ အ‌ခြေစိုက်သွားမှာလဲ။
‌ဒေါက်တာတီမိုသီ ။ ။ အဲ့ဒါက ‌နောက်ထပ်တစ်ဆင့်လာမယ်။ ‌ပြောလို့မရ‌သေးဘူး။ ကျ‌နော်တို့ပါတီက စတင်တာက မဲ‌ဆောက်(ထိုင်းနယ်စပ်မြို့)က ဖြစ်တယ်။ မဲ‌ဆောက်က‌နေ မြစ်ဆုံအထိပါတဲ့ အထက်‌အောက်‌ပေါင်းတဲ့ နာမည်တစ်ခုရှိတယ်။ အဲ့တာက ‌မေစုန်းဖြစ်တယ်။ ‌မေစုန်းဆိုတာက ဘုရားသခင် ချမှတ်ထားတဲ့ တိုင်းရင်းသား‌ဒေသ‌တွေက တိုင်းရင်းသား‌တွေအ တွက်ပဲ ဖြစ်တယ်။ တစ်‌နေရာမှာ ဋ္ဌာနချုပ်ကို သွားထားမယ်ဆိုရင် တိုင်းရင်းသားအကုန်လုံးက Inclusive (အားလုံးပါဝင်မှု) ဖြစ်ရာ မကျဘူး။ အကုန်လုံးက တန်းတူပဲ ဖြစ်ရမယ်ဆို‌တော့ အားလုံးက Communication နဲ့ သွားရမှာ‌ပေါ့။

‌ကေအိုင်စီ။ ။ ‌နောက်ဆုံးအ‌နေနဲ့ အမျိုးသား‌ရေးလုပ်ငန်းနဲ့ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို ပါတီက‌နေပြီး‌တော့ ရရှိဖို့အတွက် ဘယ်လိုပုံစံနဲ့ လုပ်‌ဆောင်သွားမလဲဆိုတာကိုလည်း သိပါရ‌စေ။
‌ဒေါက်တာတီမိုသီ ။ ။ ဘယ်လိုပုံစံနဲ့လုပ်မလဲဆို‌တော့ အချုပ်‌ပြောရရင် စည်းလုံးညီညွတ်မှုနဲ့ အကုန်လုံး အမြင်တူ၊ သ‌ဘောတူချက်နဲ့အတူ တိုင်းရင်းသား‌တွေရဲ့အမျိုးသား‌ရေးကဏ္ဍက တိုင်းရင်းသား‌တွေ လက်ထဲမှာပြန်လည်‌ရောက်ရှိဖို့။ တိုင်း ရင်းသား‌တွေရဲ့ စုစည်းမှု မကွဲပြားဘဲနဲ့ အမျိုးသား‌ရေးကဏ္ဍမှာ ရှင်သန်နိုင်ပြီး‌တော့ ထိ‌ရောက်စွာ ကိုယ့်လူထု‌တွေရဲ့အသံ၊ အမျိုး သား‌တွေရဲ့အသံ လိုလားချက်‌တွေရှိတဲ့ အရာအားလုံးကို ဖြည့်ဆည်း‌ပေးနိုင်ဖို့ပါပဲ။ ‌နောက်ပြီး‌တော့ ကျ‌နော်တို့ အမျိုးသား ‌ရေးပါတီက ‌ပေါ်လာပြီးဆိုရင် တိုင်းရင်းသား‌တွေ ‌ပေါင်းဆုံပြီး‌တော့မှ တစ်နှစ်အတွင်းမှာ ဘယ်လိုသွားမလဲ။ မူ‌တွေချမယ်။ ဒါ‌တွေ အကုန်ရှိတယ်။