Home သတင်း ဆက်‌ဆောက်ရန် ကျန်သည့် တန်ဖိုးနည်းအိမ်အလုံး ၁၀ဝ အတွက် နီပွန်‌ဖောင်း‌ဒေးရှင်း ရုပ်သိမ်း

ဆက်‌ဆောက်ရန် ကျန်သည့် တန်ဖိုးနည်းအိမ်အလုံး ၁၀ဝ အတွက် နီပွန်‌ဖောင်း‌ဒေးရှင်း ရုပ်သိမ်း

1992

ဩဂုတ် ၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဒုက္ခသည်များပြန်လည်အ‌ခြေချ‌နေထိုင်နိုင်‌ရေးကို ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၊ ဘိတ်-ထားဝယ်ခရိုင်တွင် တန်ဖိုးနည်းအိမ်ရာအလုံး ၄၀ဝ ‌ဆောက်လုပ်လျှက်ရှိရာ ဆက်‌ဆောက်လုပ်ရန် ကျန်‌နေ‌သေးသည့် အိမ်အလုံး ၁၀ဝ အတွက် The Nippon Foundation (နီပွန်‌ဖောင်‌ဒေးရှင်း)မှ ရုပ်သိမ်းလိုက်‌ကြောင်း ခရိုင်တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများ၊ နီပွန်‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူများနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နယ်စပ်‌ရေးရာ လုံခြုံ‌ရေး ဝန်ကြီးတို့ ယခုလ ဩဂုတ် ၈ရက်‌နေ့ည‌နေပိုင်းက ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတစ်ခုအပြီးတွင် တိုင်း‌ဒေသ ကြီးအစိုးရဘက်မှ ယင်း‌နေရာ၌ ဆက်လက်‌ဆောက်လုပ်ရန် ခွင့်မပြု‌တော့ခြင်းဖြစ်သည်။

ယခုကိစ္စအ‌ပေါ် ‌ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဆာပိတုက “တိုင်း‌ဒေသကြီး အစိုးရနဲ့‌တွေ့ပြီး ‌ဆွေး‌နွေး‌တော့ အိမ်အလုံး ၃၀ဝပဲ ခွင့်ပြုတယ်။ ကျန်တဲ့ အိမ်အလုံး ၁၀ဝ အတွက် သူတို့ ဘက်က တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ နယ်‌မြေလုံခြုံ‌ရေး အ‌ကြောင်းပြပြီး အဲဒီ‌နေရာမှာ ဆက်‌ဆောက်ဖို့ လုံးဝကို ခွင့်မပြု‌တော့တာ ဖြစ်ပါတယ်။ ခွင့်မပြုတဲ့အခါကျ‌တော့ အလှူရှင်ဖြစ်တဲ့ နီပွန်လည်း ကျန်တဲ့ ၁၀ဝကို ဖြုတ်လိုက်တယ်ဗျာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းခရိုင်အတွင်းရှိ ‌ကေအဲန်ယူနယ်နိမိတ်မှ မြို့နယ်များဖြစ်သည့် ထီးမိုပွာမြို့နယ်တွင် အိမ်‌ခြေ အလုံး ၂၀၀၊ လယ်မူလားမြို့နယ် တွင် ၁၀ဝလုံး၊ ကစယ်ဒိုမြို့နယ်အတွင်း အိမ်‌ခြေအလုံး ၁၀ဝတို့ကို နီပွန်‌ဖောင်‌ဒေးရှင်းမှ ပြီးခဲ့သည့် ‌မေလမှ စတင်‌ဆောက်လုပ်လျှက်ရှိပြီး မြို့နယ် ၃ခုအတွက် ‌ဆောက်လုပ်ပြီးစီးမှု အ‌ခြေအ‌နေမှာ ၃ဝရာခိုင်နှုန်း ပြီးစီး‌နေပြီဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ‌ဆောက်လုပ်ရန် ယခင်က ကစယ်ဒိုမြို့နယ်ရှိ ‌မော့‌သော့ကွာနှင့် ‌ကျောက်တွင်းရွာအကြားရှိ ‌မြေ‌နေရာအား သတ်မှတ်ထား‌သော်လည်း ယင်း‌နေရာမှာ ‌ဒေသခံများ၏ ဥယျာဉ်ခြံ‌မြေများနှင့် မလွတ်ကင်းသည့်အတွက် ‌ဆောက်လုပ်‌နေဆဲဖြစ်သည့် ‌တောင်နီရွာတွင် ခွင့်ပြု‌ပေးရန် ဩဂုတ် ၈ရက်‌နေ့က ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူဘက်က ‌တောင်းဆိုထားသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC ‌ကော်မတီဝင် စဧရာဝင်းက “ခွင့်မပြုတာ မဟုတ်ပါဘူး။ ဒီ‌တောင်နီရွာ IDPs ကိစ္စကို ပြည်‌ထောင်စုအစိုးရကို တင်ပြဆဲဖြစ်တဲ့အတွက် သူတို့အတွက် ပြုလုပ်‌နေတဲ့ အိမ်အလုံး ၁၀ဝ ကို အခြား IDPs ရွာ ၃ ရွာကို ပြန်မျှ‌ဝေပြီး ‌ဆောက်လုပ်ဖို့ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ဩဂုတ် ၁ဝရက်‌နေ့တွင် ‌ပြောဆိုသည်။

ဂျပန်နိုင်ငံရှိ နီပွန်‌ဖောင်‌ဒေးရှင်း၏ ပြန်လည်ထူ‌ထောင်‌ရေး အကူအညီ‌ပေးမှု အစီအစဉ်များကို ‌ကေအဲန်ယူ ခရိုင် ၄ခုတွင် လုပ်‌ဆောင်သွားရန် ယခုနှစ်၊ မတ်လ ၂ရက်‌နေ့က ဖားအံမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် စီမံကိန်း‌ဖော်‌ဆောင်မှု ညှိနှိုင်းအစည်းအ‌ဝေးတွင် လက်ခံသ‌ဘောတူခဲ့ကြသည်။

၎င်းသ‌ဘောတူညီချက်များအရ နီပွန်‌ဖောင်‌ဒေးရှင်းမှ အဆိုပါနယ်‌မြေများအတွင်း အိမ်‌ခြေအလုံး ‌ပေါင်း ၁၂၅၀၊ စာသင်‌ကျောင်း ၇ ‌ကျောင်း၊ ‌ဆေး‌ပေးခန်း ၃ခု၊ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစင်တာ ၁ခု၊ တံတား ၁ စင်းနှင့် ‌ရေတွင်း ၅တွင်းကို ဂျပန်ယန်း ၁.၀၈ ဘီလီယံအကုန်ကျခံကာ ကူညီ‌ဆောက်လုပ်‌ပေးသွားရန် ပါရှိသည်ဟု သိရသည်။