Home ထိပ်တန်းသတင်း “သန့်ရှင်းစင်ကြည် မြစ်နဒီ” ဇာတ်ကားသစ် မိတ်ဆက်ပွဲ ကျင်းပ

“သန့်ရှင်းစင်ကြည် မြစ်နဒီ” ဇာတ်ကားသစ် မိတ်ဆက်ပွဲ ကျင်းပ

1971
ဇွန်လ ၃ဝရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

သီးညီ‌နောင် အနုပညာ‌မောင်နှမများ ရိုက်ကူးတင်ဆက်ထားသည့် “သန့်ရှင်းစင်ကြည် မြစ်နဒီ” အမည်ရှိ သဘာဝပတ်ဝန်းကျင်နှင့် ‌ရေကာတာပညာ‌ပေး ဗွီစီဒီဇာတ်ကားသစ်ကို မိတ်ဆက်ပွဲ အခမ်းအနားတခု ယမန်‌နေ့ ည‌နေပိုင်းတွင် မဲ‌ဆောက်မြို့ရှိ မယ်‌တော် ‌ဆေးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သီးညီ‌နောင်မှ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် မြစ်‌ချောင်းများဆိုင်ရာ ကွန် ယက်မှ ကိုစိုင်းစိုင်းတို့က အဖွင့်မိတ်ဆက်စကား ‌ပြောဆိုကြပြီး‌နောက် ၎င်းတို့ရိုက်ကူးထားသည့် “သန့်ရှင်းစင်ကြယ် မြစ်နဒီ” ဇာတ်ကားသစ်ဖြင့် အခမ်းအနားကို တက်‌ရောက်လာသည့် ပရိဿတ်များအား တင်ဆက်‌ဖျော်‌ဖြေခဲ့ကြသည်။

ထိုဇာတ်ကားတွင် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ‌ရေကာတာတည်‌ဆောက်ခြင်း‌ကြောင့် ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးများကို ပုံ‌ဖော်ထားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်များကို မြန်မာပြည်သူလူထုများ သိရှိလာ‌စေရန် ရည်ရွယ်၍ ရိုက်ကူးတင်ဆက်ခြင်းဖြစ်သည်ဟု ဇာတ်ကားတွင် ပါဝင်သရုပ်‌ဆောင်သူ ကိုဇီးသီးက ‌ပြောသည်။

သူက “မြန်မာနိုင်ငံမှာ ဖြစ်ပျက်‌နေတဲ့ ‌ရေကာတာတည်‌ဆောက်ရင် ဘယ်လိုဆိုးကျိုး‌တွေ ရလာနိုင်လဲ။ ဘယ်လိုမ‌ကောင်းတာ‌တွေ ဖြစ်လာနိုင်လဲဆိုတဲ့ အဓိပ္ပါယ်‌လေး‌တွေကို ဇာတ်ကားထဲမှာ တင်ပြထားတယ်။”ဟု ‌ပြောသည်။

အဆိုပါ ဇာတ်လမ်းကို မြန်မာအနုပညာသံချပ်သီချင်းများ၊ လူငယ်များအကြိုက် Hip-Hop သံစဉ်များအပြင် ဟာသများလည်း ‌ရော စပ်ကာ တင်ဆက်ထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများ ကြည့်ရှုနိုင်ရန် အဂင်္လိပ်ဘာသာဖြင့်လည်း စာတမ်းထိုးထားသည်။

ယခုကျင်းပသည့် “သန့်ရှင်းစင်ကြည် မြစ်နဒီ” ဇာတ်ကားမိတ်ဆက်ပွဲ အခမ်းအနားတွင် လာ‌ရောက်ကြည့်ရှုအား‌ပေးကြသူ မြန်မာ နိုင်ငံသား ၁၅ဝခန့်ရှိပြီး ထိုအထဲမှ မဲ‌ဆောက်မြို့တွင် အလုပ်လုပ်‌နေသူ မြန်မာအမျိုးသမီးတဦးက‌တော့ “ဒီဇာတ်လမ်းဟာ ပညာ ‌ပေးဇာတ်လမ်းဆို‌ပေမဲ့ ဟာသလည်းပါ‌တော့ ကြည့်လို့‌ကောင်းတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဇာတ်ကားဖြစ်‌မြောက်‌ရေးအတွက် ရှမ်း၊ ကချင် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကူညီပံ့ပိုး‌ပေးခြင်းဖြစ်‌ကြောင်း ဇာတ်ကားထဲတွင် သီး‌လေးသီး ‌ဆေး‌ရောင်စုံအငြိမ့်အဖွဲ့မှ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် မင်းသမီး မြစပယ်ငုံတို့ အပါအဝင် ဇာတ်ပို့ဇာတ်ရံအားလုံး စုစု‌ပေါင်း ၁ဝဦး‌ကျော် ပါဝင်သရုပ်‌ဆောင်ထား‌ကြောင်း သိရသည်။

သီးညီ‌နောင် အနုပညာ‌မောင်နှမများအ‌နေဖြင့် ယခုလို ‌ရေကာတာ တည်‌ဆောက်ခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ပညာ‌ပေးဇာတ်ကားမျိုး ရိုက်ကူးတင်ဆက်ပြသခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။