Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း စိတ်ကြွ‌ဆေးပြား၊ ထိုင်းဘတ်‌ငွေနှင့် ယမ်းပစ္စည်းများ ဖမ်းဆီးရမိ

အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း စိတ်ကြွ‌ဆေးပြား၊ ထိုင်းဘတ်‌ငွေနှင့် ယမ်းပစ္စည်းများ ဖမ်းဆီးရမိ

1935

‌မေ ၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် စိတ်ကြွ ‌ဆေးပြားနှင့်အတူ ထိုင်းဘတ်‌ငွေ နှစ်သိန်းနီးပါးနှင့် ယမ်းထုပ်များ လက်ဝယ်‌တွေ့ရှိသူ ၂ဦးကို ‌မေလ ၂ရက် ‌နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်‌ကြောင်း သိရသည်။

ထိုင်းစစ်တပ်၊ ရဲနှင့် ပြည်သူစစ်များပါဝင်သည့် အဖွဲ့ဝင် ၂၀‌ကျော်သည် ထို‌နေ့၊ နံနက် ၉နာရီ ၂၆မိနစ် အချိန် ခန့်တွင် စခန်း၏ ဇုံ A၊ ရပ်ကွက် ၂ရှိ လူ‌နေအိမ် ၂အိမ်ကို ဝင်‌ရောက်ရှာ‌ဖွေခဲ့ရာတွင် အသက် ၄၆နှစ်အရွယ် ‌စော‌မောင်‌အေးထံမှ ဘတ်‌ငွေ ၁သိန်းနှင့်အတူ ယမ်းနှင့် ဆက်စပ်ပစ္စည်းများအပြင် အသက် ၃ဝနှစ်အရွယ် ‌နော်‌ဂေခုထံမှ စိတ်ကြွ‌ဆေးပြား ၇၇ပြားနှင့် ဘတ်‌ငွေ ၉၅,၀၀ဝ တို့ကို အသီးသီးသိမ်းဆည်း ရမိလိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စအ‌ပေါ် ရပ်ကွက် (၂)အုပ်ချုပ်‌ရေး တာဝန်ရှိသူတစ်ဦးက “သူတို့(ထိုင်းအာဏာပိုင်) သတင်းရလို့ သူတို့ ဖာသာလာဖမ်းတာပါ။ ဒီလိုအမှုမျိုးကို စခန်း‌ကော်မတီအ‌နေနဲ့အ‌ရေးယူ‌ဖြေရှင်းလို့ မရဘူး။ သူတို့လာ ဖမ်းပြီး‌တော့မှ ကျ‌နော်တို့ဆီကို ဖုန်းဆက်အ‌ကြောင်းတာပါ”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများအ‌နေဖြင့် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်‌ဆေးဝါးအမှု၊ လက်နက်မှုနှင့် လူကုန်ကူးမှုစသည့် အမှုများကို ထိုင်းနိုင်ငံမှပြဌာန်းထားသည့် တရားဥပ‌ဒေအတိုင်းသာ စီရင်‌ဆောင်ရွက်ခြင်းဖြစ်‌သော‌ကြောင့် ၎င်းဖမ်းဆီးရမိသူများကို ထိုင်းအာဏာပိုင်များက ဖုတ်ဖရမြို့နယ် ရဲစခန်းသို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် လူမှု‌ရေးဆိုင်ရာ အမှုများနှင့် ခိုက်ရန်ဖြစ်ပွားမှုများသာ ဖြစ်‌လေ့ရှိသလို မူးယစ်‌ဆေးဝါးနှင့်ပတ်သက်ပြီး သတင်းများထွက်‌ပေါ်‌နေ‌သော်လည်း ယခုကဲ့သို့ ဖမ်းဆီးရရှိမှု မရှိဘူး‌ကြောင်း စခန်း‌နေသူများက ‌ပြောဆိုသည်။

စခန်းအတွင်းရှိ ရပ်ကွက်(၃) ‌နေသူတစ်ဦးက “ထိုင်းအာဏာပိုင်‌တွေက မူးယစ်‌ဆေးဝါး မလုပ်ရဘူူူူး၊ သစ်မခုတ်ရဘူး၊ လူမကုန်ကူးရဘူး။ အဲဒီဟာ‌တွေ‌တော့ အမြဲလိုလို သတိ‌ပေး‌ပြောတယ်။ အခြား အမှု‌တွေ နည်းနည်း ဖြစ်‌လေ့ရှိ‌ပေမယ့် မူးယစ်‌ဆေးဝါးနဲ့ပတ်သက်လို့ သတင်း‌တော့ ကြားတယ်။ ဒါ‌ပေမယ့် ဖမ်းမိတာ‌တော့ ကျ‌နော်ပထမဆုံးကြားဖူးတာပဲ”ဟု ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဇုံ A နှင့် ဇုံ B ရှိကာ ရပ်ကွက်‌ပေါင်း (၁၆)ရပ်ကွက်ရှိပြီး လူဦး‌ရေ စုစု‌ပေါင်း တစ်‌သောင်းသုံး‌ထောင်ခန့်ရှိ‌ကြောင်း ဒုက္ခသည်အ‌ရေး ‌ဆောင်ရွက်သူများ၏ မှတ်တမ်းအရ သိရသည်။