Home သတင်း ‌ရေခမ်း‌ခြောက်မှု‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအများစု အခက်ကြုံ‌နေ

‌ရေခမ်း‌ခြောက်မှု‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအများစု အခက်ကြုံ‌နေ

2026

ဧပြီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာအများစုတွင် ယခုနှစ် ‌နွေကာလအတွင်း ယခင်နှစ်ထက် ‌စောစီးစွာ ‌ရေခမ်း ‌ခြောက်လာမှု‌ကြောင့် ‌ရေအခက်အခဲ ပြဿ နာနှင့် ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်ကွက်သစ်၊ တံခွန်တိုင်၊ ‌နောင်း‌ဒေ့၊ သံပရာ၊ အုန်းတစ်ပင်နှင့် ကုန်ဘီ စသည့်‌ကျေးရွာများတွင် ယမန်နှစ်က ဧပြီလ ‌နောက်ဆုံးအပတ်မှသာ ‌ရေစခမ်း‌ခြောက်ခဲ့‌သော်လည်း ယခုနှစ်‌နွေရာသီတွင် မတ်လကတည်းက ‌ရေတွင်း၊ မြစ်‌ချောင်းနှင့် အင်းအိုင်များမှာ ‌စောစီးစွာ ‌ရေခမ်း‌ခြောက်လာသည့်အတွက် လတ်တ‌လောအချိန်တွင် ‌ရေရရှိရန် ခက်ခဲမှု ကြုံ ‌တွေ့‌နေရခြင်းဖြစ်သည်။

ခလယ်‌ကျေးရွာအုပ်စု ‌နောင်း‌ဒေ့‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး မင်းချမ်းမွန်က “အခု တစ်ရွာလုံးမှာရှိတဲ့ ‌ရေတွင်းအားလုံး (မတ်လ) ပထမပတ်ကတည်းက အားလုံး ခမ်း‌ခြောက်သွားတယ်ဆို‌တော့ တစ်ရွာလုံး ‌သောက်သုံး‌ရေရရှိဖို့ ရွာက‌နေ (၁)မိုင်ခွဲ‌လောက် ‌ဝေးတဲ့ ခလယ်ရွာက‌နေ သွားယူ‌နေရတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို‌ဒေသတွင် စက်‌ရေတွင်းများရှိ‌သော်လည်း ယခုနှစ်တွင် ‌ရေအဆီများရှိသည့်အတွက် လုံးဝ သုံးစွဲ၍ မရ‌ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် ‌ကျေးလက်ဦးစီးဋ္ဌာနအ‌နေဖြင့် ‌ရေအခက်အခဲနှင့်ပတ်သက်ပြီး မတ်လကတည်းက စာတင်‌ပေးပို့ထား‌ကြောင်းလည်း အုပ် ချုပ်‌ရေးမှူးမင်းချမ်းမွန်က ဆက်လက်‌ပြောဆိုသည်။

ယခုနှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း ၄ဝရာခိုင်နှုန်းခန့်မှာ ‌ရေရှားပါးမှုပြဿ နာ ကြုံ‌နေရပြီး ‌ရေအခက်အခဲ ကြုံ ‌နေရ‌သော ‌ကျေးရွာများကို အလှည့်ကျစနစ်ဖြင့် ‌လေးရက်တစ်ကြိမ် ကားဖြင့် ‌ရေပို့‌ဆောင်‌ပေး‌နေရ‌ကြောင်းနှင့် သုံးလအတွင်း ‌ကျေးရွာ‌ပေါင်း ၂ဝခန့်ကို စက်‌ရေတွင်း တူး‌ဖော်‌ပေးသွားမည်ဟုလည်း မြို့နယ်‌ကျေးလက်ဦးစီးဋ္ဌာန ဦးစီးမှူး ‌စော‌အောင်မျိုးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။
12966207_1526243451017181_1330636348_n
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအများစုမှာ လက်‌ရေတွင်းများသာ အသုံးပြုကြပြီး လက်ရှိ ကြုံ‌တွေ့‌နေရသည့် အခက်အခဲကို ‌ဖြေရှင်းရန် စက်‌ရေတွင်းများ တူး‌ပေး‌သော်လည်း ‌မြေ‌အောက်‌ကျောက်ပြားခံရှိသည့်အတွက် ခက်ခဲ‌ကြောင်း၊ လက်ရှိ ကြုံ‌တွေ့‌နေ ရသည့် ‌ရေခက်ခဲမှုပြဿ နာကို သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေအ‌နေဖြင့် ‌ရေကားများ လာ‌ရောက်ပို့‌ပေးမှုအပြင် ‌ကျေးရွာများတွင် ‌ရေရရှိနိုင်မည့် နည်းလမ်းများကိုလည်း လာ‌ရောက်အကြံ‌ပေး‌စေလို‌ကြောင်း ရွာသားအများစုက ‌ပြောဆိုကြသည်။

‌နောင်း‌ဒေ့‌ကျေးရွာသူ ‌ဒေါ်မပက်က “အခုရွာမှာ ‌ရေတွင်း‌တွေ အားလုံးခမ်းကုန်ပြီး ထမင်းချက်ဖို့၊ ‌သောက်သုံးဖို့ကို‌တော့ (၁)မိုင်ခွဲ ‌လောက်ရှိတဲ့ ခလယ်ရွာက‌နေ တစ်‌နေ့ကို သုံး‌ခေါက်‌လောက် သွားယူ‌နေရတယ်။ ချိုးမယ့်‌ရေကို‌တော့ ရွာ‌နောက်ဘက်‌ချောင်းမှာ သွားချိုးတယ်‌ပေါ့။ ဒါ‌ပေမယ့် ကျန်‌နေတဲ့ ‌ရေအိုင်‌လေး နည်းနည်း‌လောက်ကို တစ်ရွာလုံး လာချိုး‌နေရ‌တော့ ‌ရေက ‌နှောက်လာပြီး ယားစိစိဖြစ်‌နေပြီ”ဟု ‌ပြောသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ‌ရေရှားပါးမှု ပြဿ နာမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးထွားလာပြီး UK နိုင်ငံအ‌ခြေစိုက် HADLEY CENTRE ၏ ‌လေ့လာချက်အရ လာမည့် သက္ကရာဇ် ၂၁၀ဝတွင် မြန်မာနိုင်ငံ၌ အပူချိန် 5°C အထိ တိုးလာနိုင်သည်ဟု ခန့်မှန်း ထား‌သော‌ကြောင့် မြန်မာနိုင်ငံ၏ ‌ရေရှားပါးမှု ပြဿ နာသည် ပို စိုးရိမ်ဖွယ်ရှိ‌ကြောင်း မြန်မာနိုင်ငံ မိုး‌လေဝသပညာရှင် ‌ဒေါက်တာ ထွန်းလွင်၏ ‌ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ‌ရေးသားထားသည်။