Home သတင်း သင်ကြားပို့ချမှုတွင် ‌ကျောင်းသားကို ဗဟိုပြုချဉ်းကပ်နိုင်ရန် ဝင်း‌ရော်‌ဒေသရှိ ‌ကျောင်းဆရာများကို သင်တန်း‌ပေး

သင်ကြားပို့ချမှုတွင် ‌ကျောင်းသားကို ဗဟိုပြုချဉ်းကပ်နိုင်ရန် ဝင်း‌ရော်‌ဒေသရှိ ‌ကျောင်းဆရာများကို သင်တန်း‌ပေး

2503
ဧပြီ ၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

မူလတန်းပြ ‌ကျောင်းဆရာ/မများ၏ အရည်အ‌သွေး မြင့်မားလာရန် က‌လေးဗဟိုပြု ချဉ်းကပ်သင်ယူမှု မြို့နယ် အဆင့်သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ ခလယ်-တံခွန်တိုင် တိုက်နယ် တံခွန်တိုင်အထက်တန်း‌ကျောင်း၌ ဧပြီ ၄ရက်မှ ၈ရက်‌နေ့အထိ ပြုလုပ်‌ပေးလျှက်ရှိသည်။

သင်တန်းကြီးကြပ်‌ရေးမှူး ‌ကော်မတီဥက္ကဌ ဆရာဦးမြင့်ထွန်းက “‌ကျောင်း‌တွေမှာ ကျက်‌ဖြေစနစ်က‌နေ လွတ် ‌မြောက်‌အောင် က‌လေး‌တွေရဲ့ ကိုယ်ပိုင်စိတ်ကူး၊ အ‌တွေးအ‌ခေါ်‌တွေကို ဦးစား‌ပေး မြှင့်တင်‌ပေးသွားမှာပါ။ သိပ္ပံ ဘာသာရပ်မှာလည်း အဓိက ပြဋ္ဌာန်းစာအုပ်ထဲက အ‌ဖြေတစ်ခုတည်း မဟုတ်ဘဲ က‌လေး‌တွေ နားလည်သ‌ဘော ‌ပေါက်ထားတဲ့ အချက်လက်အ‌ဖြေကိုလည်း ထည့်သွင်းစဉ်းစားရမယ်ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကဲ့သို့ ပြုလုပ်‌ပေးခြင်းဖြင့် ‌ကျောင်းသားများကိုယ်တိုင်ကလည်း လက်‌တွေ့ပါဝင်လုပ်‌ဆောင်ခွင့်ရသည့်အ‌ပေါ် ပညာ‌ရေး‌တွေး‌ခေါ် စဉ်းစားမှုအပိုင်းတွင် ပိုပြီး တိုးတက်မြင့်မားလာမည်ဖြစ်‌ကြောင်း ဆရာဦးမြင့်ထွန်းက ဆက်လက်‌ပြောဆိုသည်။

အစိုးရ ပညာ‌ရေးဋ္ဌာနက ဦး‌ဆောင်ပြီးပြုလုပ်သည့် ယင်းသင်တန်းသို့ ဝင်း‌ရော်‌ဒေသရှိ မူလတန်းပြ ဆရာ/မ (၃၉၄)ဦး တက်‌ရောက်ပြီး သင်တန်းဆရာ (၁၉)ဦးမှ ‌ကျောင်းတွင်း‌ဆွေး‌နွေးပွဲ၊ ‌ကျောင်းအုပ်စု‌ဆွေး‌နွေးပွဲ၊ သင်‌ထောက်ကူများ သုံးပြု အသုံးချခြင်း၊ ဆရာ၊ ‌ကျောင်းသား ဆက်ဆံ‌ရေးနှင့် စာသင်ခန်းအတွင်း ‌မေးခွန်း ‌မေးမြန်းခြင်းဆိုင်ရာများကို ငါးရက်ကြာ သင်ကြားပို့ချ‌ပေးမည်ဖြစ်သည်။

သင်တန်းသား မူလတန်းပြဆရာ ‌စော‌နော်ထူးက “အဓိက က‌လေး‌တွေကို စာသင်ကြား‌ပေးတဲ့အခါမှာ သူတို့ ‌တွေရဲ့စိတ်ကူးအ‌တွေးအ‌ခေါ်‌တွေ၊ ကိုယ်ပိုင်ဉာဏ်‌တွေကို ပိုပြီးလက်‌တွေ့ လုပ်‌ဆောင်လာနိုင်‌အောင် က‌လေးကို ဗဟိုပြုပြီး သင်ကြား‌ပေးရမယ်။ ဘာသာရပ်‌ပေါင်းစုံနဲ့ သူတို့ရဲ့ ဝါသနာ၊ စိတ်ဝင်စားတဲ့ အရာ‌တွေကို နားလည်ပြီး သင်ကြား‌ပေးနိုင်မှ ‌နောင်တချိန် ဘက်စုံထူးချွန်တဲ့ နိုင်ငံ့‌ခေါင်း‌ဆောင်‌ကောင်း‌တွေ ဖြစ်လာမယ်”ဟု ‌ပြောသည်။

မူလတန်းပြ ‌ကျောင်းဆရာ/မကိုသာ ပြုလုပ်‌ပေးသည့် အဆိုပါ က‌လေးဗဟုိုပြုချဉ်းကပ်သင်ယူမှု သင်တန်းကိုု ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝင်း‌ရော်‌ဒေသ သင်ကြားမှုဋ္ဌာန အပါအဝင် သင်ကြားမှုဌာန(၂)ခုခွဲထားပြီး ကြာအင်းဆိပ်ကြီး တစ်မြို့နယ်လုံးမှာ မူလတန်း ဆရာ/ဆရာမ‌ပေါင်း (၉၇၁)ဦးရှိသည်။ ကရင်ပြည်နယ် အခြားမြို့နယ်များတွင် အလားတူ သင်တန်းမျိုးကိုု ပြုလုပ်‌ပေးလျှက်ရှိသည်ဟုု သိရသည်။