Home သတင်း ပန်းတ‌နော်စာ/ယဉ် နှစ်(၅၀) ‌ရွှေရတုပွဲ ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့

ပန်းတ‌နော်စာ/ယဉ် နှစ်(၅၀) ‌ရွှေရတုပွဲ ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့

2213

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့နယ်ရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဖွဲ့စည်း တည်‌ထောင်မှု နှစ်(၅၀)ပြည့် ‌ရွှေရတုပွဲကို ပန်းတ‌နော်မြို့၌ ယခုလ ၁၉ရက်‌နေ့က ပထမဦးဆုံအကြိမ် ကျင်းပနိုင်ခဲ့သည်။

“ဒီအခမ်းအနားကိုလုပ်ဖို့က ကျ‌နော်တို့ကြိုးစားခဲ့တာ သုံးနှစ်‌လောက်ရှိပါပြီး။ ဒါ‌ပေမဲ့ အခက်အခဲ‌တွေ အနည်းငယ်ရှိတာနဲ့ မလုပ် နိုင်ခဲ့ဘူး။ ဖြစ်‌ပေါ်လာတာက ၁၉၆၅ခုနှစ် စက်တင်ဘာလ ၂၂ရက်‌နေ့တည်းကပါ။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ‌ငွေရတုကိုမလုပ်နိုင်ခဲ့ဘူး။ ဒီ‌ရွှေရတုကိုပဲ ပထမဦးဆုံးအကြိမ်နဲ့လုပ်ဖြစ်တယ်”ဟု ပန်းတ‌နော် စာ/ယဉ် အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

ထို့အပြင် ၎င်း‌ရွှေရတုပွဲအတွက် ကရင်လူငယ်များက ဦး‌ဆောင်စီမံလုပ်‌ဆောင်ခဲ့ပြီး လာမည့် စိန်ရတု၊ ရာပြည့်ရတု အဆက်ဆက် ကိုလည်း ပန်းတ‌နော်ကရင်လူငယ်များအား ပခုံး‌ပြောင်းတာဝန်များကို လွဲ‌ပြောင်းတာဝန်‌ပေးသွားမည်ဖြစ်‌ကြောင်း မန်းဝင်း‌မောင် က ဆက်‌ပြောသည်။

ယမန်‌နေ့က ကျင်းပသည့် အဆိုပါ‌ရွှေရတုပွဲသို့ ဧရာဝတီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး မန်းသန်း‌ရွှေ အပါ အဝင် အစိုးရတာဝန်ရှိသူများ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဗဟိုအလုပ်အမှု‌ဆောင် ပဒိုမန်းငြိမ်း‌မောင်နှင့် အိမ္မဲ၊ ‌မြောင်း မြ၊ ဝါးခယ်မ၊ ‌ညောင်တုန်း၊ မအူပင်၊ ‌ကျောင်းကုန်း၊ ကန်ကြီး‌ထောင့်နှင့် ပုသိမ်မြို့နယ်များ၊ ‌ငွေ‌ဆောင်‌ဒေသနှင့် ရန်ကုန်တိုင်း‌ဒေ သကြီး၊ ‌ကော့မှူးမြို့နယ်မှ ဧည့်သည်‌တော်များ စုစု‌ပေါင်း ၁၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဒီဇင်ဘာလ ၁၈ရက်နှင့် ၁၉ရက်‌နေ့များတွင် နှစ်ရက်တာ ကျင်းပခဲ့သည့် ပန်းတ‌နော်စာယဉ် ‌ရွှေရတုပွဲတွင် ကရင့်ရိုးရာဖြင့် ကပြ ‌ဖျော်‌ဖြေခြင်း၊ ရိုးရာဝတ်စားဆင်ယင်မှု သရုပ်‌ဖော်ခြင်းအပြင် ‌ရွှေရတုအထိမ်းအမှတ် ‌ကျောက်စာတိုင်ကိုပါ တစ်ပါတည်း စိုက်ထူ ဖွင့်လှစ်ခဲ့ကာ ပန်းတ‌နော်မြို့နယ်၏ ယခင်ယဉ်‌ကျေးမှုနှင့်အနုပညာ ၊စာ‌ပေများတွင် ပါဝင်ခဲ့သူများ ကိုဂုဏ်ပြုဆုများ ‌ပေးအပ်ခဲ့ပြီး ည‌နေပိုင်းတွင် တက်‌ရောက်လာသည့် ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ကရင်လူထု‌တွေ့ဆုံပွဲကိုပါ ကျင်းပခဲ့သည်။

‌ရွှေရတုအခမ်းအနား တက်‌ရောက်လာသည့် ကရင်လူရွှင်‌တော် မန်းခ‌လောင်းသာက “ကျ‌နော့် တစ်သက်တစ်ကိုယ် ဒီတစ်ကြိမ်ပဲ ကြုံဖူး‌သေးတယ်။ နှစ် ၅ဝမှတစ်ခါ ဖြစ်တဲ့အတွက် ‌နောက်နှစ် ၅ဝကျရင်‌တော့ ကျ‌နော့်သက်တမ်းနဲ့ မှီ‌တော့မှာ မဟုတ်‌တော့ဘူး။ ကျ‌နော်မှီတဲ့ ဒီတစ်ကြိမ်မှာ ကျ‌နော်‌ပြောမတတ်‌အောင်ပဲ ‌ပျော်ရွှင်မိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌နောင်တက်လာမည့် လူငယ်များအ‌နေဖြင့်လည်း ညီညီညွတ်ညွတ်ဖြင့် အမျိုးသား‌ရေးရာများကို လုပ်‌ဆောင်သင့်ပြီး ကရင်စာ‌ပေနှင့် ဘာသာစကား၊ ကရင့်လူ‌နေမှုအဆင့်အတန်းကို အခြားအမျိုးသားများနှင့် ရင်‌ဘောင်တန်းနိုင်ရန်မှာ လူငယ်များ ၏ လက်ထဲတွင်သာရှိသည်ဟုလည်း မန်းခ‌လောင်းသာက ဖြည့်စွက်‌ပြောသည်။

ပန်းတ‌နော် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့ကို ယခင်က ကရင်အမျိုးသား ယဉ်‌ကျေးမှု‌ဖေါ်ထုတ်‌ရေး‌ကော်မတီအ‌နေဖြင့် ၁၉၆၅ ခုနှစ်မှ ၁၉၇၄ခုနှစ်အထိ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၇၅ခုနှစ်မှ ၁၉၉၉တွင် ကရင်ယဉ်‌ကျေးမှု‌ကော်မတီ၊ ၂၀၀ဝခုနှစ်မှ ၂၀၁ဝခုနှစ်တွင် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ ယခု ‌ကော်မတီအထိ အဆင့်ဆင့် ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။